အကြောင်းမှာ “ငါတို့ဘုရားသခင်၏လက်တော်သည် ကိုယ်တော်ကိုရှာသောသူတို့ ကောင်းစားဖို့ဖြစ်၏။ ကိုယ်တော်ကိုစွန့်သောသူတို့၌ကား ကိုယ်တော်၏ကြီးမားသောအမျက်တော် တည်လျက်ရှိ၏”ဟု ရှင်ဘုရင်ကို ငါတို့ ပြောထားနှင့်ပြီဖြစ်၍ လမ်းခရီးတွင် ရန်သူလက်မှကာကွယ်ပေးရန် ရှင်ဘုရင်ထံ စစ်သည်နှင့် မြင်းစီးသူရဲများ တောင်းဆိုရမည်ကို ငါရှက်လှ၏။ ထို့ကြောင့် လမ်းခရီးအတွက် ငါတို့သည် ဘုရားသခင်ထံ အစာရှောင်ဆုတောင်းကြ၏။ ကိုယ်တော်သည် ငါတို့ဆုတောင်းသံကို နားညောင်းတော်မူ၏။