1
ဟေရှာယအနာဂတ္တိကျမ်း 60:1
မြန်မာ့စံမီသမ္မာကျမ်း
ထလော့။ လင်းလော့။ သင်၏အလင်းသည်ရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သင်၌ ပေါ်ထွန်းလေပြီ။
နှိုင်းယှဉ်
ဟေရှာယအနာဂတ္တိကျမ်း 60:1ရှာဖွေလေ့လာလိုက်ပါ။
2
ဟေရှာယအနာဂတ္တိကျမ်း 60:3
လူမျိုးတကာတို့သည် သင်၏အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် သင်၌ ထွန်းလင်းသောရောင်ခြည်သို့လည်းကောင်း လာကြလိမ့်မည်။
ဟေရှာယအနာဂတ္တိကျမ်း 60:3ရှာဖွေလေ့လာလိုက်ပါ။
3
ဟေရှာယအနာဂတ္တိကျမ်း 60:2
ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုလည်းကောင်း၊ အမှောင်ထုသည် လူတို့ကိုလည်းကောင်း ဖုံးလွှမ်းမည်။ သို့သော်လည်း ထာဝရဘုရားသည် သင့်ထံ၌ ပေါ်ထွန်းတော်မူမည်။ ဘုန်းအသရေတော်သည် သင်၌ထင်ရှားမည်။
ဟေရှာယအနာဂတ္တိကျမ်း 60:2ရှာဖွေလေ့လာလိုက်ပါ။
4
ဟေရှာယအနာဂတ္တိကျမ်း 60:22
လူအနည်းငယ်သည် လူတစ်ထောင်ဖြစ်လာမည်။ အားနည်းသောလူမျိုးသည် အားကြီးသောလူမျိုးဖြစ်လာမည်။ ငါထာဝရဘုရားသည် အချိန်တန်လျှင် ထိုအရာကို အလျင်အမြန်ဖြစ်စေမည်။
ဟေရှာယအနာဂတ္တိကျမ်း 60:22ရှာဖွေလေ့လာလိုက်ပါ။
5
ဟေရှာယအနာဂတ္တိကျမ်း 60:19
နေ့အချိန် သင်ရသောအလင်းသည် နေ၏အလင်းမဟုတ်တော့ပေ။ တောက်ပသောလသည်လည်း သင့်အပေါ်ထွန်းလင်းတော့မည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူမည်။ သင်၏ဘုရားသခင်သည် သင်၏ဂုဏ်ကျက်သရေဖြစ်တော်မူမည်။
ဟေရှာယအနာဂတ္တိကျမ်း 60:19ရှာဖွေလေ့လာလိုက်ပါ။
6
ဟေရှာယအနာဂတ္တိကျမ်း 60:20
သင်၌ နေဝင်ခြင်း၊ လကွယ်ခြင်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် သင်၌ထာဝရအလင်းဖြစ်တော်မူ၍ သင်ငိုကြွေးမြည်တမ်းရသောနေ့ရက်တို့ အဆုံးသတ်လေပြီ။
ဟေရှာယအနာဂတ္တိကျမ်း 60:20ရှာဖွေလေ့လာလိုက်ပါ။
7
ဟေရှာယအနာဂတ္တိကျမ်း 60:5
သင်သည် မြင်၍ ဝမ်းသာပီတိဖြစ်မည်။ ဝမ်းမြောက်ဝမ်းသာဖြစ်၍ စိတ်လှုပ်ရှားမည်။ အကြောင်းမူကား ပင်လယ်၏စည်းစိမ်ဘဏ္ဍာသည် သင့်ထံသို့လှည့်လာ၍ လူမျိုးတကာတို့၏ဥစ္စာပစ္စည်းသည် သင့်ထံသို့ရောက်လာမည်။
ဟေရှာယအနာဂတ္တိကျမ်း 60:5ရှာဖွေလေ့လာလိုက်ပါ။
8
ဟေရှာယအနာဂတ္တိကျမ်း 60:4
ပတ်ပတ်လည်သို့မျှော်ကြည့်လော့။ လူအပေါင်းတို့သည်စုရုံး၍ သင့်ထံသို့လာကြပြီ။ သင်၏သားတို့သည် အဝေးကလာ၍ သင်၏သမီးတို့ကို ပွေ့ချီလာကြမည်။
ဟေရှာယအနာဂတ္တိကျမ်း 60:4ရှာဖွေလေ့လာလိုက်ပါ။
9
ဟေရှာယအနာဂတ္တိကျမ်း 60:21
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
ဟေရှာယအနာဂတ္တိကျမ်း 60:21ရှာဖွေလေ့လာလိုက်ပါ။
10
ဟေရှာယအနာဂတ္တိကျမ်း 60:18
သင်၏ပြည်၌ ရက်စက်ကြမ်းကြုတ်မှုအကြောင်း၊ သင်၏နယ်နိမိတ်အတွင်း၌ ပျက်စီးပြိုပျက်ခြင်းအကြောင်း ကြားရတော့မည်မဟုတ်။ သင်၏မြို့ရိုးတို့ကို “ကယ်တင်ခြင်း”၊ သင်၏မြို့တံခါးတို့ကို “ချီးမွမ်းခြင်း”ဟူ၍ သင်ခေါ်ဆိုလိမ့်မည်။
ဟေရှာယအနာဂတ္တိကျမ်း 60:18ရှာဖွေလေ့လာလိုက်ပါ။
11
ဟေရှာယအနာဂတ္တိကျမ်း 60:11
လူမျိုးတကာတို့၏ဥစ္စာပစ္စည်းကို သင့်ထံသို့ယူဆောင်လာနိုင်မည့်အကြောင်း၊ သူတို့၏ရှင်ဘုရင်များကို သင့်ထံသို့ခေါ်ဆောင်လာနိုင်မည့်အကြောင်း သင်၏တံခါးတို့ကို ပိတ်မထားရ၊ နေ့နေ့ညညအစဉ်ဖွင့်ထားရမည်။
ဟေရှာယအနာဂတ္တိကျမ်း 60:11ရှာဖွေလေ့လာလိုက်ပါ။
12
ဟေရှာယအနာဂတ္တိကျမ်း 60:6
မိဒျန်ပြည်နှင့်ဧဖာပြည်တို့မှ ကုလားအုတ်ပျိုအလုံးအရင်းတို့သည် သင့်ပြည်၌ ပြည့်လျှံလိမ့်မည်။ ရှေဘပြည်သားအပေါင်းတို့သည် ရွှေနှင့်လော်ဗန်ကိုယူဆောင်လာ၍ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
ဟေရှာယအနာဂတ္တိကျမ်း 60:6ရှာဖွေလေ့လာလိုက်ပါ။
13
ဟေရှာယအနာဂတ္တိကျမ်း 60:10
တိုင်းတစ်ပါးသားတို့သည် သင်၏မြို့ရိုးတို့ကိုတည်ဆောက်ကြရမည်။ သူတို့၏ရှင်ဘုရင်တို့သည် သင်၏အမှုကိုထမ်းဆောင်ကြရမည်။ အကြောင်းမူကား ငါသည် သင့်ကို အမျက်ထွက်၍ ဒဏ်ခတ်သော်လည်း ကရုဏာထား၍ ကျေးဇူးပြုဦးမည်။
ဟေရှာယအနာဂတ္တိကျမ်း 60:10ရှာဖွေလေ့လာလိုက်ပါ။
14
ဟေရှာယအနာဂတ္တိကျမ်း 60:15
သင့်ကိုစွန့်ပစ်မုန်းတီးကြပြီး မည်သူမျှမဖြတ်သန်းကြသော်လည်း ငါသည် သင့်ကို ထာဝရဂုဏ်ယူဝင့်ကြွားစရာ၊ မျိုးဆက်အဆက်ဆက်ပျော်ရွှင်စရာဖြစ်စေမည်။
ဟေရှာယအနာဂတ္တိကျမ်း 60:15ရှာဖွေလေ့လာလိုက်ပါ။
15
ဟေရှာယအနာဂတ္တိကျမ်း 60:16
သင်သည် လူမျိုးတကာတို့၏နို့ကိုစို့ရလိမ့်မည်။ ရှင်ဘုရင်တို့၏သားမြတ်ကို စို့ရလိမ့်မည်။ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင်ဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
ဟေရှာယအနာဂတ္တိကျမ်း 60:16ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ