1
သုတ္တံကျမ်း 21:21
မြန်မာ့စံမီသမ္မာကျမ်း
ဖြောင့်မတ်ခြင်းနှင့် မေတ္တာကရုဏာကို လက်ကိုင်ပြုသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဂုဏ်သရေကို တွေ့ရှိလိမ့်မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း 21:21ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 21:5
ဝီရိယရှိသောသူ၏အကြံအစည်တို့သည် အကျိုးအမြတ်ကို ဧကန်ဖြစ်စေ၏။ အလျင်စလိုပြုမူသောသူတိုင်းကား ချို့တဲ့နွမ်းပါးခြင်းသို့သာရောက်တတ်၏။
သုတ္တံကျမ်း 21:5ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 21:23
မိမိနှုတ်နှင့် လျှာကို စောင့်ထိန်းသောသူသည် မိမိအသက်ကို ဆင်းရဲဒုက္ခမှ စောင့်ထိန်းသောသူဖြစ်၏။
သုတ္တံကျမ်း 21:23ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 21:2
လူသည် မိမိပြုမူကျင့်ကြံသမျှသောအမှုအရာတို့ကို မှန်သည်ဟု ထင်မြင်တတ်၏။ သို့သော် ထာဝရဘုရားသည် စိတ်နှလုံးကိုချိန်တွယ်တော်မူ၏။
သုတ္တံကျမ်း 21:2ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 21:31
စစ်တိုက်ရမည့်နေ့အတွက် မြင်းကိုပြင်ဆင်ထားသော်လည်း အောင်ပွဲသည် ထာဝရဘုရားနှင့်ဆိုင်၏။
သုတ္တံကျမ်း 21:31ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 21:3
ထာဝရဘုရားသည် ယဇ်ပူဇော်ခြင်းထက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို ပို၍နှစ်သက်တော်မူ၏။
သုတ္တံကျမ်း 21:3ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း 21:30
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
သုတ္တံကျမ်း 21:30ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း 21:13
ဆင်းရဲသောသူ၏ငိုကြွေးသံကိုမကြားလို၍ မိမိနားကိုပိတ်ထားသောသူသည် ကိုယ်တိုင်ဟစ်ခေါ်သောအခါ မည်သူမျှ သူ့ကိုထူးလိမ့်မည်မဟုတ်။
သုတ္တံကျမ်း 21:13ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ