1
သုတ္တံကျမ်း 26:4-5
မြန်မာ့စံမီသမ္မာကျမ်း
မိုက်မဲသောသူကို သူ၏မိုက်မဲမှုနှင့်အညီ မဖြေကြားနှင့်။ ဖြေကြားလျှင် သင်သည်လည်း သူနှင့်တူသွားလိမ့်မည်။ မိုက်မဲသောသူကို သူ၏မိုက်မဲမှုနှင့်အညီ ဖြေကြားလော့။ သို့မဟုတ်လျှင် သူသည် မိမိကိုယ်ကိုပညာရှိဟု ထင်မြင်လိမ့်မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း 26:4-5ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 26:11
ခွေးသည် မိမိအန်ဖတ်ကိုပြန်စားတတ်သကဲ့သို့ မိုက်မဲသောသူသည် မိမိပြုသောမိုက်မဲမှုကို ထပ်တလဲလဲပြုတတ်၏။
သုတ္တံကျမ်း 26:11ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 26:20
ထင်းမရှိလျှင် မီးသည်ငြိမ်းသွားတတ်၏။ အတင်းအဖျင်းပြောဆိုသောသူမရှိလျှင်လည်း အငြင်းပွားမှုသည် ငြိမ်သက်သွားတတ်၏။
သုတ္တံကျမ်း 26:20ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 26:27
တွင်းတူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။ ကျောက်တုံးကိုလှိမ့်သောသူသည် သူ့အပေါ်သို့ ထိုကျောက်တုံး ပြန်လိမ့်လာလိမ့်မည်။
သုတ္တံကျမ်း 26:27ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 26:12
မိမိကိုယ်ကို ပညာရှိဟု ထင်မြင်သောသူကို သင်တွေ့မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။
သုတ္တံကျမ်း 26:12ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 26:17
မိမိနှင့်မဆိုင်သောခိုက်ရန်ဖြစ်ပွားမှုကို ဝင်စွက်သောသူသည် ခွေးလေခွေးလွင့်၏နားရွက်ကို ဖမ်းဆွဲသောသူနှင့်တူ၏။
သုတ္တံကျမ်း 26:17ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ