1
ဆာလံကျမ်း 34:18
မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရားသည် စိတ်နှလုံးကျိုးပဲ့သောသူတို့နှင့် နီးတော်မူ၍ စိတ်ကြေမွသောသူတို့ကို ကယ်တင်တော်မူ၏။
နှိုင်းယှဉ်
ဆာလံကျမ်း 34:18ရှာဖွေလေ့လာလိုက်ပါ။
2
ဆာလံကျမ်း 34:4
ငါသည် ထာဝရဘုရားကိုရှာသောအခါ ကိုယ်တော်သည် ငါ့ကိုထူးတော်မူလျက် ငါကြောက်လန့်သောအမှုအားလုံးတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။
ဆာလံကျမ်း 34:4ရှာဖွေလေ့လာလိုက်ပါ။
3
ဆာလံကျမ်း 34:19
ဖြောင့်မတ်သောသူသည် ဒုက္ခများစွာခံရသော်လည်း ထိုဒုက္ခအားလုံးထဲမှ သူ့ကို ထာဝရဘုရားကယ်နုတ်တော်မူ၏။
ဆာလံကျမ်း 34:19ရှာဖွေလေ့လာလိုက်ပါ။
4
ဆာလံကျမ်း 34:8
ထာဝရဘုရားကောင်းမြတ်တော်မူကြောင်း မြည်းစမ်း၍သိမြင်ကြလော့။ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိ၏။
ဆာလံကျမ်း 34:8ရှာဖွေလေ့လာလိုက်ပါ။
5
ဆာလံကျမ်း 34:5
ကိုယ်တော်ကိုစေ့စေ့ကြည့်သောသူတို့သည် ထွန်းလင်းဝင်းပ၍ မည်သည့်အခါမျှ မျက်နှာပျက်ကြရလိမ့်မည်မဟုတ်။
ဆာလံကျမ်း 34:5ရှာဖွေလေ့လာလိုက်ပါ။
6
ဆာလံကျမ်း 34:17
ဖြောင့်မတ်သောသူတို့ အော်ဟစ်တောင်းလျှောက်ကြသောအခါ ထာဝရဘုရားသည်နားညောင်း၍ သူတို့၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူတို့ကိုကယ်နုတ်တော်မူ၏။
ဆာလံကျမ်း 34:17ရှာဖွေလေ့လာလိုက်ပါ။
7
ဆာလံကျမ်း 34:7
ထာဝရဘုရား၏ကောင်းကင်တမန်တို့သည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ တပ်ချ၍ သူတို့ကိုကယ်မကြ၏။
ဆာလံကျမ်း 34:7ရှာဖွေလေ့လာလိုက်ပါ။
8
ဆာလံကျမ်း 34:14
မကောင်းမှုမှဖယ်ခွာ၍ ကောင်းသောအမှုကိုပြုလော့။ ငြိမ်းချမ်းမှုကိုရှာဖွေ၍ ၎င်းကိုလက်ကိုင်ပြုလော့။
ဆာလံကျမ်း 34:14ရှာဖွေလေ့လာလိုက်ပါ။
9
ဆာလံကျမ်း 34:13
မိမိလျှာကို မကောင်းမှုမှလည်းကောင်း၊ မိမိနှုတ်ခမ်းကို လိမ်လည်လှည့်ဖြားပြောဆိုခြင်းမှလည်းကောင်း ကင်းဝေးအောင်စောင့်စည်းလော့။
ဆာလံကျမ်း 34:13ရှာဖွေလေ့လာလိုက်ပါ။
10
ဆာလံကျမ်း 34:15
ထာဝရဘုရား၏မျက်စိတော်သည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှု၍ ကိုယ်တော်၏နားတော်သည် သူတို့၏အော်ဟစ်သံကိုနားထောင်တော်မူ၏။
ဆာလံကျမ်း 34:15ရှာဖွေလေ့လာလိုက်ပါ။
11
ဆာလံကျမ်း 34:3
ထာဝရဘုရားကြီးမြတ်တော်မူကြောင်းကို ငါနှင့်အတူဖော်ပြကြလော့။ ကိုယ်တော်၏နာမတော်ကို အတူတကွချီးမြှောက်ကြစို့။
ဆာလံကျမ်း 34:3ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို