1
ဆာလံကျမ်း 69:30
မြန်မာ့စံမီသမ္မာကျမ်း
ငါသည် ဘုရားသခင်၏နာမတော်ကို သီချင်းဖြင့်ချီးမွမ်း၍ ကိုယ်တော်ကြီးမြတ်တော်မူကြောင်းကို ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ဖော်ပြမည်။
နှိုင်းယှဉ်
ဆာလံကျမ်း 69:30ရှာဖွေလေ့လာလိုက်ပါ။
2
ဆာလံကျမ်း 69:13
အို ထာဝရဘုရား၊ အကျွန်ုပ်မူကား နှစ်သက်ဖွယ်သောအချိန်၌ ကိုယ်တော့်ထံ ဆုတောင်းပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်၏ကြီးမားသောမေတ္တာကရုဏာနှင့်အညီ ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သော သမ္မာတရားဖြင့် အကျွန်ုပ်ကိုထူးတော်မူပါ။
ဆာလံကျမ်း 69:13ရှာဖွေလေ့လာလိုက်ပါ။
3
ဆာလံကျမ်း 69:16
အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာသည် ကောင်းမြတ်သည်ဖြစ်၍ အကျွန်ုပ်ကိုထူးတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ဘက်သို့လှည့်တော်မူပါ။
ဆာလံကျမ်း 69:16ရှာဖွေလေ့လာလိုက်ပါ။
4
ဆာလံကျမ်း 69:33
အကြောင်းမူကား ထာဝရဘုရားသည် နွမ်းပါးသောသူတို့ကို နားညောင်းတော်မူ၏။ အချုပ်အနှောင်ခံရသောမိမိ၏လူတို့ကိုလည်း မထီမဲ့မြင်ပြုတော်မမူပေ။
ဆာလံကျမ်း 69:33ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ