1
ဆာလံကျမ်း 89:15
မြန်မာ့စံမီသမ္မာကျမ်း
အို ထာဝရဘုရား၊ ဝမ်းမြောက်စွာကြွေးကြော်သောအသံကို သိကျွမ်းသောလူမျိုးသည် မင်္ဂလာရှိပါ၏။ သူတို့သည် ကိုယ်တော်၏မျက်နှာတော်အလင်းထဲ၌ သွားလာကြပါ၏။
နှိုင်းယှဉ်
ဆာလံကျမ်း 89:15ရှာဖွေလေ့လာလိုက်ပါ။
2
ဆာလံကျမ်း 89:14
ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်ပါ၏။ မေတ္တာကရုဏာနှင့်သမ္မာတရားသည် ကိုယ်တော်၏ရှေ့တော်မှသွားကြပါ၏။
ဆာလံကျမ်း 89:14ရှာဖွေလေ့လာလိုက်ပါ။
3
ဆာလံကျမ်း 89:1
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကရုဏာတော်အကြောင်းကို အစဉ်အမြဲသီကျူးပါမည်။ အကျွန်ုပ်၏နှုတ်ဖြင့် ကိုယ်တော်၏သစ္စာတော်ကို မျိုးဆက်အစဉ်အဆက်အား သိစေပါမည်။
ဆာလံကျမ်း 89:1ရှာဖွေလေ့လာလိုက်ပါ။
4
ဆာလံကျမ်း 89:8
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကဲ့သို့ ခွန်အားကြီးပါသနည်း။ အို ထာဝရဘုရား၊ ကိုယ်တော်၏သစ္စာတော်သည် ကိုယ်တော်ကိုဝန်းရံလျက်ရှိပါ၏။
ဆာလံကျမ်း 89:8ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ