1
ရှင်ယောဟန် 12:26
Garrad Bible
မည်သူမဆို ငါ့အစေကိုခံလျှင် ငါ့နောက်လိုက်စေ။ ငါ့စံရာ၌ ငါ့အစေခံလည်းရှိလိမ့်မည်။ မည်သူမဆိုငါ့အစေကိုခံလျှင် ထိုသူ့ကို ခမည်းတော်ချီးမြှောက်တော်မူလိမ့်မည်။
နှိုင်းယှဉ်
ရှင်ယောဟန် 12:26ရှာဖွေလေ့လာလိုက်ပါ။
2
ရှင်ယောဟန် 12:25
ကိုယ့်အသက်ကို နှမြောသူသည် အသက်ရှုံးတတ်၏။ ဤလောက၌ အသက်ကိုမနှမြောသောသူမူကား ကမ္ဘာအဆက်ဆက် အသက်ကိုစောင့်ထိန်းလိမ့်မည်။
ရှင်ယောဟန် 12:25ရှာဖွေလေ့လာလိုက်ပါ။
3
ရှင်ယောဟန် 12:24
ငါဧကန်အမှန်ဆိုသည်ကား၊ မျိုးစေ့သည် မြေသို့ကျ၍မပျက်လျှင် အစေ့အတိုင်းနေတတ်၏။ ပျက်လျှင်မူကား များစွာသီးတတ်၏။
ရှင်ယောဟန် 12:24ရှာဖွေလေ့လာလိုက်ပါ။
4
ရှင်ယောဟန် 12:46
ငါ့ကိုယုံကြည်သူသည် မှောင်မိုက်၌မတည်မနေစေရန် အလင်းအဖြစ်ဤလောကသို့ ငါရောက်လာပြီ။
ရှင်ယောဟန် 12:46ရှာဖွေလေ့လာလိုက်ပါ။
5
ရှင်ယောဟန် 12:47
မည်သူမဆို ငါ့ဒေသနာကိုကြားနာ၍မစောင့်ရှောက်လျှင် ထိုသူ့ကိုငါမစီရင်။ ငါသည်ဤလောကကို စီရင်ဆုံးဖြတ်ရန်မဟုတ်။ ကယ်တင်ရန်ရောက်လာပြီ။
ရှင်ယောဟန် 12:47ရှာဖွေလေ့လာလိုက်ပါ။
6
ရှင်ယောဟန် 12:3
မာရိသည် အဖိုးထိုက်သောနာဒုနံ့သာဆီစစ် အချိန်နှစ်ဆယ့်ငါးကျပ်ကိုယူလာ၍ ယေရှု၏ခြေတော်ကိုလိမ်းကျံလျက် ကိုယ့်ဦးဆံနှင့်သုတ်၏။ ထိုနံ့သာဆီနံ့လည်း တစ်အိမ်လုံး မွှေးကြိုင်လျက်ရှိ၏။
ရှင်ယောဟန် 12:3ရှာဖွေလေ့လာလိုက်ပါ။
7
ရှင်ယောဟန် 12:13
စွံပလွန်လက်ကိုယ်စီကိုင်၍ ခရီးဦးကြိုဆိုရန်ထွက်သွားလျက် အောင်သံပေးကြပါစေ။ ထာဝရဘုရားနာမတော်နှင့်ကြွလာတော်မူသော ဣသရေလလူမျိုး၏ဘုရင်၌ မင်္ဂလာရှိပါစေသောဟု ကြွေးကြော်ကြ၏။
ရှင်ယောဟန် 12:13ရှာဖွေလေ့လာလိုက်ပါ။
8
ရှင်ယောဟန် 12:23
ယေရှုကလည်း၊ လူ့သားဘုန်းထင်ရှားရမည့်အချိန်ရောက်လေပြီ။
ရှင်ယောဟန် 12:23ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ