ဤသူတို့အဖို့သာမဟုတ်ပါ။ သူတို့ဟောခြင်းအားဖြင့် အကျွန်ုပ်ကိုယုံကြည်သူတို့အဖို့လည်း တောင်းလျှောက်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူလိုက်ကြောင်း လောကသားတို့ယုံစေခြင်းငှါ ထိုသူရှိသမျှသည် တစ်လုံးတစ်ဝတည်းဖြစ်လျက် အကျွန်ုပ်၌ အဘတည်တော်မူ၍ အဘ၌အကျွန်ုပ်တည်သည့်နည်းတူ အကျွန်ုပ်တို့၌ တည်ကြစေရန်တောင်းလျှောက်ပါ၏။