1
ရှင်~လု~ကာ 2:11
Garrad Bible
အ ရှင် ခ ရစ် တော် တည်း ဟူ သော ကယ် တင် ရှင် သည် ဒါ ဝိဒ် မင်း ဇာ တိ မြို့ တွင် ယ နေ့ သင် တို့ အ ဖို့ ဖွား မြင် တော် မူ ပြီ။
နှိုင်းယှဉ်
ရှင်~လု~ကာ 2:11ရှာဖွေလေ့လာလိုက်ပါ။
2
ရှင်~လု~ကာ 2:10
စေ တ မန် တော် က မ ကြောက် ကြ နှင့်။ နား ထောင် ကြ လော့။ လူ မျိုး တော် လုံး ဆိုင် ရာ အ လွန် ရွှင် လန်း ဝမ်း မြောက် ဖွယ် သ တင်း ကို ငါ ကြား ပြော လာ ပြီ။
ရှင်~လု~ကာ 2:10ရှာဖွေလေ့လာလိုက်ပါ။
3
ရှင်~လု~ကာ 2:14
ကောင်း ကင် ဘ ဝဂ် တွင် ဘု ရား သ ခင်၌ ဘုန်း ကြီး ခြင်း၊ မြေ ကြီး ပေါ် တွင် နှစ် သက် တော် မူ သော လူ သ တ္တ ဝါ တို့၌ ငြိမ် သက် ခြင်း ရှိ ပါ စေ သ တည်း ဟု မြွက် ဆို၍ ဘု ရား သ ခင် ကို ထော မ နာ ပြု ကြ၏။
ရှင်~လု~ကာ 2:14ရှာဖွေလေ့လာလိုက်ပါ။
4
ရှင်~လု~ကာ 2:52
ယေ ရှု လည်း၊ ဉာဏ် ပ ညာ နှင့် အ ရပ် အ မောင်း ကြီး ပွား လျက် ဘု ရား သ ခင့် ရှေ့၊ လူ့ ရှေ့ တိုး တက်၍ မျက် နှာ သာ ရ၏။
ရှင်~လု~ကာ 2:52ရှာဖွေလေ့လာလိုက်ပါ။
5
ရှင်~လု~ကာ 2:12
သိ ကြ ရန် နိ မိတ် လ က္ခ ဏာ မှာ အ နှီး နှင့် ပတ် လျက် နွား စား ခွက် တွင် သိပ် ထား သော သူ ငယ် ကို တွေ့ ကြ လိမ့် မည် ဟု မြွက် ဆို၏။
ရှင်~လု~ကာ 2:12ရှာဖွေလေ့လာလိုက်ပါ။
6
ရှင်~လု~ကာ 2:8-9
ထို ကျေး လက် စား ကျက်၌ သိုး အုပ် ကို ညဉ့် အ ခါ စောင့် ကြည့် ထိန်း ကျောင်း သော သိုး ထိန်း တို့ ရှိ ကြ ရာ၊ ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး ပေါ် လာ၍ သူ တို့ ပတ်၀န်း ကျင် တွင် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထွန်း တောက် သ ဖြင့် အ လွန် ကြောက် ရွံ့ ကြ သော်၊
ရှင်~လု~ကာ 2:8-9ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ