1
၃ ဓမ္မရာဇဝင် 17:14
Judson Bible
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုးရွာစေတော်မမူမီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက် မကုန်။ ဘူး၌ရှိသောဆီ မလျော့ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
နှိုင်းယှဉ်
၃ ဓမ္မရာဇဝင် 17:14ရှာဖွေလေ့လာလိုက်ပါ။
2
၃ ဓမ္မရာဇဝင် 17:1
ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရဟု အာဟပ်မင်းအားမြွက်ဆို၏။
၃ ဓမ္မရာဇဝင် 17:1ရှာဖွေလေ့လာလိုက်ပါ။
3
၃ ဓမ္မရာဇဝင် 17:13
ဧလိယကလည်း မစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်း သွား၍ပြုလော့။ သို့ရာတွင် ငါ့အဖို့ မုန့်ပြားငယ်တစ်ပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဖို့ လုပ်လော့။
၃ ဓမ္မရာဇဝင် 17:13ရှာဖွေလေ့လာလိုက်ပါ။
4
၃ ဓမ္မရာဇဝင် 17:12
မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတစ်ပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တစ်လက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဖို့ဖုတ်၍ စားလိုသောငှာလည်းကောင်း၊ စားပြီးမှ သေလိုသောငှာလည်းကောင်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။
၃ ဓမ္မရာဇဝင် 17:12ရှာဖွေလေ့လာလိုက်ပါ။
5
၃ ဓမ္မရာဇဝင် 17:9
သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့သွား၍ နေလော့။ ထိုမြို့၌နေသော မုဆိုးမတစ်ယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊
၃ ဓမ္မရာဇဝင် 17:9ရှာဖွေလေ့လာလိုက်ပါ။
6
၃ ဓမ္မရာဇဝင် 17:16
ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော်မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသောဆီ မလျော့။
၃ ဓမ္မရာဇဝင် 17:16ရှာဖွေလေ့လာလိုက်ပါ။
7
၃ ဓမ္မရာဇဝင် 17:15
ထိုမုဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့သည် အင်တန်ကာလပတ်လုံးစားရကြ၏။
၃ ဓမ္မရာဇဝင် 17:15ရှာဖွေလေ့လာလိုက်ပါ။
8
၃ ဓမ္မရာဇဝင် 17:10
ဧလိယသည်ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါးသို့ရောက်သောအခါ၊ မုဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။
၃ ဓမ္မရာဇဝင် 17:10ရှာဖွေလေ့လာလိုက်ပါ။
9
၃ ဓမ္မရာဇဝင် 17:4
ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကိုကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊
၃ ဓမ္မရာဇဝင် 17:4ရှာဖွေလေ့လာလိုက်ပါ။
10
၃ ဓမ္မရာဇဝင် 17:11
မိန်းမသည်ရေကိုယူခြင်းငှာ သွားစဉ်တွင်၊ တစ်ဖန်ဟစ်၍ မုန့်တစ်ဖဲ့ကိုလည်း သင့်လက်၌ ယူခဲ့ပါလော့ဟု ဆိုပြန်လျှင်၊
၃ ဓမ္မရာဇဝင် 17:11ရှာဖွေလေ့လာလိုက်ပါ။
11
၃ ဓမ္မရာဇဝင် 17:6
ကျီးအတို့သည် နေ့တိုင်း နံနက်တစ်ခါ၊ ညဉ့်ဦးတစ်ခါ မုန့်နှင့် အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်းသောက်ရ၏။
၃ ဓမ္မရာဇဝင် 17:6ရှာဖွေလေ့လာလိုက်ပါ။
12
၃ ဓမ္မရာဇဝင် 17:7
နောက်တစ်ဖန် မိုးမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ၏။
၃ ဓမ္မရာဇဝင် 17:7ရှာဖွေလေ့လာလိုက်ပါ။
13
၃ ဓမ္မရာဇဝင် 17:24
မိန်းမကလည်း၊ ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏လူ ဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော် ဟုတ်မှန်ကြောင်းကိုလည်းကောင်း၊ ကျွန်မသိပါသည်ဟု ဧလိယအားဆို၏။
၃ ဓမ္မရာဇဝင် 17:24ရှာဖွေလေ့လာလိုက်ပါ။
14
၃ ဓမ္မရာဇဝင် 17:5
ဧလိယသည်သွား၍ ယော်ဒန်မြစ်တစ်ဖက်၊ ခေရိတ်ချောင်းနားမှာနေလေ၏။
၃ ဓမ္မရာဇဝင် 17:5ရှာဖွေလေ့လာလိုက်ပါ။
15
၃ ဓမ္မရာဇဝင် 17:22
ဧလိယစကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ဝိညာဉ်သည်ဝင်သဖြင့်၊ သူသည် အသက်ရှင်ပြန်၏။
၃ ဓမ္မရာဇဝင် 17:22ရှာဖွေလေ့လာလိုက်ပါ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ