ဣသရေလအမျိုးသားတို့တွင် ငါနေ၍၊ သူတို့၏ဘုရားဖြစ်မည်။ ငါသည် သူတို့တွင်နေခြင်းငှာ၊ သူတို့ကို အဲဂုတ္တုပြည်ထဲက ကယ်နုတ်ဆောင်ယူခဲ့သော သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။ ငါသည် သူတို့ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မောရှေအား မိန့်တော်မူ၏။