1
ဟေရှာယ 26:3
Judson Bible
သစ္စာစောင့်၍ ဖြောင့်မတ်သောလူမျိုးဝင်ပါစေ။ စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်းသက်သက်ရှိမည့်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်။
နှိုင်းယှဉ်
ဟေရှာယ 26:3ရှာဖွေလေ့လာလိုက်ပါ။
2
ဟေရှာယ 26:4
ထာဝရဘုရား၌ အစဉ်အမြဲ ခိုလှုံကြလော့။ ထာဝရဘုရားသည် နိစ္စထာဝရခိုလှုံရာ ဖြစ်တော်မူ၏။
ဟေရှာယ 26:4ရှာဖွေလေ့လာလိုက်ပါ။
3
ဟေရှာယ 26:9
ညအခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ်တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ်မှာ အမှုကိုစစ်ကြောစီရင်တော်မူသောအခါ၊ လောကီသားတို့သည် တရားကိုသင်ကြ၏။
ဟေရှာယ 26:9ရှာဖွေလေ့လာလိုက်ပါ။
4
ဟေရှာယ 26:12
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်။ အကြောင်းမူကား၊ အကျွန်ုပ်တို့၏ အမှုရှိသမျှတို့ကို အကျွန်ုပ်တို့အဖို့ ပြုတော်မူ၏။
ဟေရှာယ 26:12ရှာဖွေလေ့လာလိုက်ပါ။
5
ဟေရှာယ 26:8
အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော်လမ်း၌သွားလျက်၊ ကိုယ်တော်ကိုမျှော်လင့်၍၊ ကိုယ်တော်၏အမည်၊ ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ၏။
ဟေရှာယ 26:8ရှာဖွေလေ့လာလိုက်ပါ။
6
ဟေရှာယ 26:7
ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း၌ သွားတတ်၏။ အို ဖြောင့်မတ်တော်မူသောဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင်တော်မူ၏။
ဟေရှာယ 26:7ရှာဖွေလေ့လာလိုက်ပါ။
7
ဟေရှာယ 26:5
မြင့်သောအရပ်၌ နေသောသူတို့ကို ရှုတ်ချတော်မူ၏။ မြင့်မြတ်သောမြို့ကို ဖြို၍၊ မြေတိုင်အောင် နှိမ့်ချလျက် မြေမှုန့်ထဲမှာ ထားတော်မူ၏။
ဟေရှာယ 26:5ရှာဖွေလေ့လာလိုက်ပါ။
8
ဟေရှာယ 26:2
တံခါးတို့ကို ဖွင့်ကြလော့။
ဟေရှာယ 26:2ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ