ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော်ကိုချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ်ခြင်းအလိုငှာ၊ ထာဝရဘုရား၌ မှီဝဲသော တစ်ပါးအမျိုးသား တို့ကိုလည်းကောင်း၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသောသူ အပေါင်းတို့ကိုလည်းကောင်း၊ ငါ၏သန့်ရှင်းသောတောင်သို့ ငါဆောင်ခဲ့၍၊ ငါ၏ပတ္ထနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့မီးရှို့ရာယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံမည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့။