1
ယေရမိ 27:5
Judson Bible
ငါသည် မဟာတန်ခိုးနှင့် လက်ရုံးကိုဆန့်လျက် မြေကြီးကိုလည်းကောင်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကိုလည်းကောင်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အားပေး၏။
နှိုင်းယှဉ်
ယေရမိ 27:5ရှာဖွေလေ့လာလိုက်ပါ။
2
ယေရမိ 27:6
ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန်ရှင်ဘုရင်၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဖို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။
ယေရမိ 27:6ရှာဖွေလေ့လာလိုက်ပါ။
3
ယေရမိ 27:9
သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန်ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အား ပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သောဆရာတို့၏ စကားကိုနားမထောင်ကြနှင့်။
ယေရမိ 27:9ရှာဖွေလေ့လာလိုက်ပါ။
4
ယေရမိ 27:22
ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွားရလိမ့်မည်။ ငါအကြည့်အရှု မကြွလာမီတိုင်အောင်၊ ထိုမြို့၌ ရှိနေရကြလိမ့်မည်။ ငါကြွလာသောအခါ၊ ထိုတန်ဆာတို့ကို ငါဆောင်ခဲ့၍၊ ဤအရပ်၌ ပြန်ထားမည်ဟု မိန့်တော်မူ၏။
ယေရမိ 27:22ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ