1
သုတ္တံ 21:21
Judson Bible
ဖြောင့်မတ်ခြင်းတရားနှင့် ကရုဏာတရားကိုရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ်အသရေထင်ရှားခြင်းကို တွေ့တတ်၏။
နှိုင်းယှဉ်
သုတ္တံ 21:21ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံ 21:5
လုံ့လဝိရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့်လည်းကောင်း၊ သမ္မာသတိမရှိသောသူ၏ အကြံအစည်သည် ဆင်းရဲခြင်းနှင့်လည်းကောင်း ဆိုင်ပေ၏။
သုတ္တံ 21:5ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံ 21:23
မိမိနှုတ်နှင့်လျှာကို စောင့်သောသူသည် မိမိစိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှာ စောင့်ရာရောက်၏။
သုတ္တံ 21:23ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံ 21:2
လူတို့သည် မိမိတို့ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
သုတ္တံ 21:2ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံ 21:31
စစ်တိုက်ရာကာလအဖို့ မြင်းများကိုပြင်ဆင်သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။
သုတ္တံ 21:31ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံ 21:3
ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့်မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရားသည် သာ၍ နှစ်သက်တော်မူ၏။
သုတ္တံ 21:3ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံ 21:30
ထာဝရဘုရားတစ်ဖက်၌ ဉာဏ်မတည်၊ ပညာမတည်၊ အကြံတစ်စုံတစ်ခုမျှ မတည်နိုင်။
သုတ္တံ 21:30ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံ 21:13
ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သောသူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ်သူမျှ မကြားရ။
သုတ္တံ 21:13ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ