1
သုတ္တံ 28:13
Judson Bible
မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
နှိုင်းယှဉ်
သုတ္တံ 28:13ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံ 28:26
မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ်တတ်၏။
သုတ္တံ 28:26ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံ 28:1
လိုက်သောသူမရှိသော်လည်း၊ မတရားသောသူသည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။
သုတ္တံ 28:1ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံ 28:14
အစဉ်မပြတ်ကြောက်ရွံ့သောသူသည် မင်္ဂလာရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေးဥပဒ်နှင့် တွေ့လိမ့်မည်။
သုတ္တံ 28:14ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံ 28:27
ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ်တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသောကျိန်ဆဲခြင်းကို ခံရလိမ့်မည်။
သုတ္တံ 28:27ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံ 28:23
ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကိုခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တစ်ဖန် သာ၍ ကျေးဇူးကိုခံရလိမ့်မည်။
သုတ္တံ 28:23ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို