YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 7မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

အကျွန်ုပ်​သည်လည်း ကိုယ်တော်​ထံသို့ လာထိုက်သော​သူ​မဟုတ်ကြောင်း​ကိုလည်း ယူဆမိပါ၏။ သို့သော်လည်း စကားတော်​တစ်ခွန်း​မိန့်တော်မူ​လျှင် အကျွန်ုပ်​၏​အစေခံ​သည် ကျန်းမာ​ပါ​လိမ့်မည်။ အကျွန်ုပ်​သည် အမိန့်အာဏာ​အောက်​တွင် ရှိသူ​ဖြစ်ပြီး အကျွန်ုပ်​၏​လက်အောက်​တွင်လည်း စစ်သားများ​ရှိပါ၏။ အကျွန်ုပ်​သည် တစ်ဦး​အား ‘သွားလော့’ ဟု ပြော​လျှင် သူ​သည်​သွားရ၏။ အခြား​တစ်ဦး​အား ‘လာလော့’ ဟု ပြော​လျှင် သူ​သည်​လာရ၏။ အကျွန်ုပ်​၏​အစေခံ​အား ‘ဤ​အရာ​ကို လုပ်ဆောင်လော့’ ဟု ပြော​လျှင် သူ​သည် လုပ်ဆောင်ရပါ၏” ဟု လျှောက်စေ၏။ ယေရှု​သည် ထို​တပ်မှူး​၏​စကား​ကို ကြား​သော် အံ့သြတော်မူ​လျက် နောက်တော်​သို့​လိုက်သောသူများ​ဘက်​သို့ လှည့်​၍ “သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဤကဲ့သို့သော ယုံကြည်ခြင်း​ကို အစ္စရေးလူမျိုး​ထဲ၌​ပင် ငါ​မတွေ့ဖူးသေး” ဟူ၍ မိန့်တော်မူ၏။

​လုကာ 7 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။