လူတစ်ယောက်တွင် သိုးအကောင်တစ်ရာရှိ၏။ ထိုသိုးများအနက် တစ်ကောင်သည် လမ်းမှား၍ပျောက်ဆုံးပါက သူသည် မည်သို့ပြုမည်ဟု သင်တို့ထင်ကြသနည်း။ သူသည် သိုးကိုးဆယ့်ကိုးကောင်ကို တောင်ပေါ်တွင် ချန်ထားပြီးလျှင် လမ်းမှား၍ ပျောက်သောသိုးကို ရှာဖွေမည်မဟုတ်လော။