1
ထွက်မြောက် 32:1
Common Language Bible
မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။
နှိုင်းယှဉ်
ထွက်မြောက် 32:1ရှာဖွေလေ့လာလိုက်ပါ။
2
ထွက်မြောက် 32:7-8
ထာဝရဘုရားကမောရှေအား ``တောင်အောက် သို့အမြန်ဆင်းလော့။ အီဂျစ်ပြည်မှသင်ထုတ် ဆောင်ခဲ့သောသင်၏လူတို့သည်ငါ့ကိုစွန့်ပယ် ကြပြီ။- သူတို့သည်ငါချမှတ်သောလမ်းစဉ်မှသွေဖည် သွားကြလေပြီ။ ရွှေနွားငယ်ရုပ်ကိုသွန်းလုပ် ပြီးလျှင်၊ ထိုရုပ်တုကိုယဇ်ပူဇော်ရှိခိုးကြ ပြီ။ ထိုဘုရားသည် သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခဲ့သောဘုရားဖြစ်ကြောင်း၊ ကြွေးကြော်နေကြပြီ။''
ထွက်မြောက် 32:7-8ရှာဖွေလေ့လာလိုက်ပါ။
3
ထွက်မြောက် 32:5-6
ထိုနောက်အာရုန်သည်ရွှေနွားရုပ်ရှေ့မှာ ပလ္လင် ကိုတည်၍``နက်ဖြန်နေ့တွင်ထာဝရဘုရား အတွက်ပွဲခံရကြမည်'' ဟုကြေညာ၏။- နောက်နေ့နံနက်စောစောတွင်လူအပေါင်းတို့ သည် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်များ ကိုပူဇော်ကြ၏။ ထိုသို့ယဇ်ပူဇော်ကြပြီး နောက်၊ သူတို့သည် စားသောက်မူးယစ်ကြပြီး လျှင်၊ အမျိုးသား၊ အမျိုးသမီးများအပျော် ကူးကြကုန်၏။
ထွက်မြောက် 32:5-6ရှာဖွေလေ့လာလိုက်ပါ။
4
ထွက်မြောက် 32:30
နောက်တစ်နေ့တွင်မောရှေက ဣသရေလ အမျိုးသားတို့အား``သင်တို့သည်ကြီးလေး သောပြစ်မှုကူးလွန်ခဲ့ကြပြီ။ ယခုငါသည် ထာဝရဘုရားရှိတော်မူရာတောင်ပေါ်သို့ တက်မည်။ သင်တို့၏အပြစ်ကိုလွှတ်ရန် ထာဝရ ဘုရားအားတောင်းပန်၍ရကောင်းရလိမ့်မည်'' ဟုဆိုလေ၏။
ထွက်မြောက် 32:30ရှာဖွေလေ့လာလိုက်ပါ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ