1
သုတ္တံကျမ်း။ 10:22
Common Language Bible
ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ။
နှိုင်းယှဉ်
သုတ္တံကျမ်း။ 10:22ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း။ 10:19
စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသော သူမူကား ပညာရှိ၏။
သုတ္တံကျမ်း။ 10:19ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း။ 10:12
မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်း တတ်၏။ ချစ်သော စိတ်မူကား၊ ခပ်သိမ်းသော အပြစ် တို့ကို ဖုံးအုပ်တတ်၏။
သုတ္တံကျမ်း။ 10:12ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း။ 10:4
ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယ ရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏။
သုတ္တံကျမ်း။ 10:4ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း။ 10:17
နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲတတ်၏။
သုတ္တံကျမ်း။ 10:17ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း။ 10:9
ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သော သူမူကား၊ သဘောထင်ရှားလိမ့်မည်။
သုတ္တံကျမ်း။ 10:9ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း။ 10:27
ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသော သူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
သုတ္တံကျမ်း။ 10:27ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း။ 10:3
ဖြောင့်မတ်သော သူကိုငတ်၍ သေစေခြင်းငှါ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသော သူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။
သုတ္တံကျမ်း။ 10:3ရှာဖွေလေ့လာလိုက်ပါ။
9
သုတ္တံကျမ်း။ 10:25
မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံ သော တိုက်မြစ်ဖြစ်၏။
သုတ္တံကျမ်း။ 10:25ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို