1
သုတ္တံကျမ်း။ 19:21
Common Language Bible
လူသည်အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏အကြံတော်သည် တည်လိမ့် မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း။ 19:21ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း။ 19:17
ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။
သုတ္တံကျမ်း။ 19:17ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း။ 19:11
သမ္မာသတိရှိသော သူသည် မိမိအမျက်ဒေါသ ကို ချုပ်တည်းတတ်၏။ သူတပါးပြစ်မှားခြင်းကို သည်းခံ သောသူသည်လည်း ဘုန်းအသရေရှိ၏။
သုတ္တံကျမ်း။ 19:11ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း။ 19:20
နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှါ၊ ဆုံးမသော စကားကို နားထောင်၍ နည်းဥပဒေကို ခံယူ လော့။
သုတ္တံကျမ်း။ 19:20ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း။ 19:23
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသော သူသည် အလိုဆန္ဒပြည့်စုံ လျက်ရှိ၍၊ ဘေးဥပဒ်နှင့်ကင်းလွတ်လိမ့်မည်။
သုတ္တံကျမ်း။ 19:23ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း။ 19:8
ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဥာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။
သုတ္တံကျမ်း။ 19:8ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း။ 19:18
မြော်လင့်စရာရှိစဉ်အခါ၊ ကိုယ်သားကို ဆုံးမ လော့။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ်မရှိစေ နှင့်။
သုတ္တံကျမ်း။ 19:18ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း။ 19:9
မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကိုသုံးသော သူသည်လည်း၊ ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
သုတ္တံကျမ်း။ 19:9ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ