1
သုတ္တံကျမ်း။ 21:21
Common Language Bible
ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့တတ်၏။
နှိုင်းယှဉ်
သုတ္တံကျမ်း။ 21:21ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း။ 21:5
လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။
သုတ္တံကျမ်း။ 21:5ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း။ 21:23
မိမိနှုတ်နှင့်လျှာကိုစောင့်သော သူသည် မိမိ စိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှါ စောင့်ရာရောက် ၏။
သုတ္တံကျမ်း။ 21:23ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း။ 21:2
လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
သုတ္တံကျမ်း။ 21:2ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း။ 21:31
စစ်တိုက်ရာကာလအဘို့မြင်းများကို ပြင်ဆင် သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။
သုတ္တံကျမ်း။ 21:31ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း။ 21:3
ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
သုတ္တံကျမ်း။ 21:3ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း။ 21:30
ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။
သုတ္တံကျမ်း။ 21:30ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း။ 21:13
ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။
သုတ္တံကျမ်း။ 21:13ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ