1
ဆာလံ 34:18
Common Language Bible
ကိုယ်တော်သည်စိတ်ပျက်အားလျော့သူတို့၏ အနီးတွင်ရှိတော်မူ၏။ မျှော်လင့်စရာလုံးဝမရှိသူတို့အားကယ် တော်မူ၏။
နှိုင်းယှဉ်
ဆာလံ 34:18ရှာဖွေလေ့လာလိုက်ပါ။
2
ဆာလံ 34:4
ငါသည်ထာဝဘုရားအား ဆုတောင်းပတ္ထနာပြုသည့်အခါကိုယ်တော်သည် နားညောင်းတော်မူ၏။ ကြောက်လန့်ဖွယ်ရာဟူသမျှမှငါ့ကို ကယ်နုတ်တော်မူ၏။
ဆာလံ 34:4ရှာဖွေလေ့လာလိုက်ပါ။
3
ဆာလံ 34:19
သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။ သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
ဆာလံ 34:19ရှာဖွေလေ့လာလိုက်ပါ။
4
ဆာလံ 34:8
ထာဝရဘုရားသည်အဘယ်မျှ ကောင်းမြတ်တော်မူသည်ကိုသင်ကိုယ်တိုင် စူးစမ်း၍ကြည့်လော့။ ကိုယ်တော်၏ထံတော်၌လုံခြုံစွာနေခွင့် ရသောသူသည်မင်္ဂလာရှိပါ၏။
ဆာလံ 34:8ရှာဖွေလေ့လာလိုက်ပါ။
5
ဆာလံ 34:5
အနှိပ်အစက်ခံရသူတို့သည်ကိုယ်တော်ကို မျှော်ကြည့်၍ဝမ်းမြောက်ပါ၏။ သူတို့သည်အဘယ်အခါ၌မျှစိတ်ပျက်ကြ ရလိမ့်မည်မဟုတ်။
ဆာလံ 34:5ရှာဖွေလေ့လာလိုက်ပါ။
6
ဆာလံ 34:17
သူတော်ကောင်းတို့သည်ကိုယ်တော်အား ခေါ်ကြသောအခါ ကိုယ်တော်သည်ထူးတော်မူ၍ဆင်းရဲဒုက္ခ အပေါင်းမှ ကယ်ဆယ်တော်မူ၏။
ဆာလံ 34:17ရှာဖွေလေ့လာလိုက်ပါ။
7
ဆာလံ 34:7
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူတို့ အား ကိုယ်တော်၏ကောင်းကင်တမန်သည်စောင့်ကြပ် ကြည့်ရှု၍ဘေးအန္တရာယ်မှကယ်ဆယ်တော်မူ၏။
ဆာလံ 34:7ရှာဖွေလေ့လာလိုက်ပါ။
8
ဆာလံ 34:14
ဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုပြုကြလော့။ ငြိမ်းချမ်းသာယာမှုကိုရရှိနိုင်ရန်အစွမ်းကုန် ကြိုးစားကြလော့။
ဆာလံ 34:14ရှာဖွေလေ့လာလိုက်ပါ။
9
ဆာလံ 34:13
လိုလားပါလျှင်ညစ်ညမ်းသည့်စကားနှင့် မုသားစကားကိုမပြောကြနှင့်။
ဆာလံ 34:13ရှာဖွေလေ့လာလိုက်ပါ။
10
ဆာလံ 34:15
ဘုရားသခင်သည်သူတော်ကောင်းတို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏အော်ဟစ်သံများကိုနားညောင်းတော် မူ၏။
ဆာလံ 34:15ရှာဖွေလေ့လာလိုက်ပါ။
11
ဆာလံ 34:3
ဘုရားသခင်၏ကြီးမြတ်တော်မူပုံကိုငါနှင့် အတူ ကြွေးကြော်ကြလော့။ ငါတို့သည်အတူတကွကိုယ်တော်၏နာမတော် ကို ထောမနာပြုကြကုန်အံ့။
ဆာလံ 34:3ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ