ရာဇဝင်ချုပ်ပထမစောင် 20
20
ရဗ္ဗာမြို့ကိုသိမ်းပိုက်ခြင်း
1ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့စစ်ထွက်တိုက်ချိန်ရောက်သောအခါ ယွာဘသည် စစ်သည်အလုံးအရင်းကို ဦးဆောင်လျက် အမ္မုန်အမျိုးသားတို့၏ပြည်ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း သွားရောက်ဝိုင်းရံထား၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။ ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ခိုက်အောင်နိုင်လေ၏။ 2ထို့နောက် ဒါဝိဒ်မင်းကြီးသည် သူတို့ဘုရင်၏ဦးခေါင်းမှ အဖိုးတန်ကျောက်များနှင့်တကွ ရွှေတစ်တာလန်#20:2 “22 ပိဿာ သို့မဟုတ် 34 ကီလိုဂရမ်”။အလေးချိန်ရှိသောသရဖူကို ယူလေ၏။ ထိုသရဖူကို ဒါဝိဒ်မင်းကြီး၏ဦးခေါင်းတွင် ဆောင်းပေးကြ၏။ ထိုမြို့မှတိုက်ရာပါပစ္စည်းအမြောက်အမြားကိုလည်း သိမ်းယူရရှိလေ၏။ 3မြို့သားတို့ကိုလည်းခေါ်ဆောင်သွားပြီး လွှတိုက်၊ သံထွန်၊ ပုဆိန်ပေါက်အလုပ်တို့ကို လုပ်စေ၏။ ဒါဝိဒ်မင်းကြီးသည် အမ္မုန်အမျိုးသားတို့၏မြို့ရွာတိုင်း၌ ထိုသို့ပြုလေ၏။ ထို့နောက် ဒါဝိဒ်မင်းကြီးနှင့်စစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့သို့ ပြန်လာကြ၏။
ခန္ဓာထွားကျိုင်းသောဖိလိတ္တိလူမျိုး
4ထို့နောက်တွင် ဂေဇာမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲဖြစ်ရာ ဟုရှသိလူမျိုးသိဗေခဲသည် ရေဖိမ်အနွယ်ဝင်သိပ္ပဲကို သတ်လိုက်သဖြင့် ဖိလိတ္တိလူမျိုးတို့ ရှုံးနိမ့်လေ၏။ 5ထို့နောက်တွင် ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ယာဣရ၏သား ဧလဟာနန်သည် ယက်ကန်းလိပ်တမျှကြီးသောလှံရိုးကို ကိုင်ဆောင်သည့် ဂိတ္တိလူမျိုးဂေါလျတ်၏ညီ လာခမိကို သတ်လိုက်၏။
6ထို့နောက်တွင် ဂါသမြို့၌ တိုက်ပွဲထပ်ဖြစ်ပြန်ရာ လက်တစ်ဖက်တွင်လက်ချောင်းခြောက်ချောင်း၊ ခြေတစ်ဖက်တွင်ခြေချောင်းခြောက်ချောင်း စုစုပေါင်းလက်ချောင်းခြေချောင်း နှစ်ဆယ့်လေးချောင်းရှိပြီး ခန္ဓာထွားကျိုင်းသော ရေဖိမ်အနွယ်ဝင် လူတစ်ဦးက 7အစ္စရေးလူမျိုးတို့အား စိန်ခေါ်သဖြင့် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သားယောနသန်သည် သူ့ကို သတ်လိုက်လေ၏။
8ရေဖိမ်အနွယ်ဝင် ထိုဂါသမြို့သားလေးဦးတို့သည် ဒါဝိဒ်မင်းကြီးနှင့် သူ့စစ်သူရဲတို့၏လက်ချက်ဖြင့် ကျဆုံးကုန်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 20: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: