ရာဇဝင်ချုပ်ပထမစောင် 24
24
ယဇ်ပုရောဟိတ်များကို တာဝန်ခွဲဝေပေးခြင်း
1အာရုန်၏သားမြေးများကို အုပ်စုခွဲထား၏။ အာရုန်၏သားများမှာ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။ 2နာဒပ်နှင့်အဘိဟုသည် ဖခင်မကွယ်လွန်မီ ဦးစွာကွယ်လွန်သွားကြ၏။ သူတို့၌ သားမထွန်းကားခဲ့။ ထို့ကြောင့် ဧလာဇာနှင့် ဣသမာတို့သည် ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ကြရ၏။ 3ဒါဝိဒ်မင်းကြီးသည် ဧလာဇာ၏သားမြေးများထဲမှ ဇာဒုတ်၊ ဣသမာ၏သားမြေးများထဲမှ အဟိမလက်တို့အား သူတို့ထမ်းဆောင်ရမည့်တာဝန်ကို ခွဲဝေထားပေး၏။ 4ဧလာဇာသားမြေးတို့သည် ဣသမာသားမြေးတို့ထက် ခေါင်းဆောင်ပိုများ၏။ ခေါင်းဆောင်များကို ခွဲလိုက်သောအခါ ဧလာဇာသားမြေးတွင် ဘိုးဘေးတို့၏အိမ်ထောင်စုခေါင်းဆောင် တစ်ဆယ့်ခြောက်ယောက်ရှိပြီး ဣသမာသားမြေးတွင် ဘိုးဘေးတို့၏အိမ်ထောင်စုခေါင်းဆောင် ရှစ်ယောက်သာ ရှိ၏။ 5ဧလာဇာသားမြေးနှင့် ဣသမာသားမြေးတို့သည် သန့်ရှင်းရာဌာန၏အကြီးအကဲများ၊ ဘုရားသခင်အမှုတော်ဆောင်အကြီးအကဲများဖြစ်သောကြောင့် သူတို့ကို မဲချ၍ ညီတူညီမျှခွဲခန့်ထား၏။
6လေဝိအမျိုး နာသနေလ၏သားစာရေးတော်ရှေမာယသည် သူတို့ကို ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိမလက်၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများရှေ့မှောက်တွင် စာရင်းသွင်းရေးမှတ်၏။ ဧလာဇာ၏ဘိုးဘေးအိမ်ထောင်စုထဲမှ လူတစ်ဦး၊ ဣသမာ၏ဘိုးဘေးအိမ်ထောင်စုထဲမှ လူတစ်ဦးကို ရွေးကောက်ပြီးလျှင် 7မဲချရာ ပထမမဲကျသူမှာ ယောယရိပ်၊ ဒုတိယမြောက်မဲကျသူမှာ ယေဒါယ၊ 8တတိယမြောက်မဲကျသူမှာ ဟာရိမ်၊ စတုတ္ထမြောက်မဲကျသူမှာ စောရိမ်၊ 9ပဉ္စမမြောက်မဲကျသူမှာ မာလခိယ၊ ဆဋ္ဌမမြောက်မဲကျသူမှာ မိယာမိန်၊ 10သတ္တမမြောက်မဲကျသူမှာ ဟက္ကုတ်၊ အဋ္ဌမမြောက်မဲကျသူမှာ အဘိယ၊ 11နဝမမြောက်မဲကျသူမှာ ယေရွှာ၊ ဒသမမြောက်မဲကျသူမှာ ရှေခနိ၊ 12တစ်ဆယ့်တစ်ယောက်မြောက်မဲကျသူမှာ ဧလျာရှိပ်၊ တစ်ဆယ့်နှစ်ယောက်မြောက်မဲကျသူမှာ ယာကိမ်၊ 13တစ်ဆယ့်သုံးယောက်မြောက်မဲကျသူမှာ ဟုပ္ပ၊ တစ်ဆယ့်လေးယောက်မြောက်မဲကျသူမှာ ယေရှေဗပ်၊ 14တစ်ဆယ့်ငါးယောက်မြောက်မဲကျသူမှာ ဗိလဂ၊ တစ်ဆယ့်ခြောက်ယောက်မြောက်မဲကျသူမှာ ဣမေရ၊ 15တစ်ဆယ့်ခုနစ်ယောက်မြောက်မဲကျသူမှာ ဟေဇိရ၊ တစ်ဆယ့်ရှစ်ယောက်မြောက်မဲကျသူမှာ အပ်ဇဇ်၊ 16တစ်ဆယ့်ကိုးယောက်မြောက်မဲကျသူမှာ ပေသဟိ၊ အယောက်နှစ်ဆယ်မြောက်မဲကျသူမှာ ယေဟဇေလ၊ 17နှစ်ဆယ့်တစ်ယောက်မြောက်မဲကျသူမှာ ယာခိန်၊ နှစ်ဆယ့်နှစ်ယောက်မြောက်မဲကျသူမှာ ဂါမုလ၊ 18နှစ်ဆယ့်သုံးယောက်မြောက်မဲကျသူမှာ ဒေလာယ၊ နှစ်ဆယ့်လေးယောက်မြောက်မဲကျသူမှာ မာဇိ တို့ဖြစ်ကြ၏။
19ဤသူတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူခဲ့သည့်အတိုင်း၊ ဘိုးဘေးအာရုန်အားဖြင့် မိန့်မှာထားခဲ့သောစီရင်ထုံးဖွဲ့ချက်အတိုင်း ထာဝရဘုရား၏အိမ်တော်တွင် ဝင်ရောက်အမှုတော်ထမ်းဆောင်ရန် ခန့်ထားခြင်းခံရသူများ ဖြစ်ကြ၏။
ကျန်ရှိသောလေဝိအမျိုးများ
20ကျန်လေဝိသားမြေးများဖြစ်သော အာမရံ၏သားရှုဗွေလ၊ ရှုဗွေလ၏သားယေဒေယ၊
21ရေဟဘိအမျိုးမှ ရေဟဘိ၏သားဦး ဣရှိယ၊
22ဣဇဟာအမျိုးမှ ရှေလောမုတ်၊ ရှေလောမုတ်၏သားများထဲမှ ယာဟတ်၊
23ဟေဗြုန်၏သားများမှာ သားဦးယေရိ၊ ဒုတိယသား အာမရိ၊ တတိယသား ယဟာဇေလ၊ စတုတ္ထသား ယေကမံ၊
24ဩဇေလ၏သားများမှာ မိက္ခာ၊ မိက္ခာ၏သား ရှမိရ၊
25မိက္ခာ၏ညီ ဣရှိယ၊ ဣရှိယ၏သား ဇာခရိ တို့ဖြစ်ကြ၏။
26မေရာရိ၏သားများမှာ မဟာလိနှင့် မုရှိ တို့ဖြစ်ကြ၏။ ယာဇိ၏သားမှာ ဗေနော ဖြစ်၏။
27မေရာရိ၏သားမြေးများမှာ ယာဇိမှဆင်းသက်လာသောသား ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိ တို့ဖြစ်ကြ၏။
28မဟာလိ၏သားမှာ ဧလာဇာဖြစ်၍ သူ၌ သားမထွန်းကားချေ။
29ကိရှအမျိုးမှ ကိရှ၏သားမှာ ယေရမေလ ဖြစ်၏။
30မုရှိ၏သားများမှာ မဟာလိ၊ ဧဒေ၊ ယေရိမုတ် တို့ဖြစ်ကြ၏။
ဤသူတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် လေဝိအမျိုးသားများ ဖြစ်ကြ၏။ 31သူတို့သည်လည်း ဆွေမျိုးသားချင်းအာရုန်၏သားမြေးများကဲ့သို့ပင် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမလက်နှင့် ယဇ်ပုရောဟိတ်တို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူး၊ လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ရှေ့တွင် ညီအစ်ကိုကြီးငယ်မရွေးမဲချကြ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 24: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative