YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 24

24
ယဇ်ပုရောဟိတ်များကို တာဝန်ခွဲဝေပေးခြင်း
1အာရုန်​၏​သားမြေး​များ​ကို အုပ်စုခွဲ​ထား​၏​။ အာရုန်​၏​သား​များ​မှာ နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ဖြစ်​ကြ​၏​။ 2နာဒပ်​နှင့်​အဘိဟု​သည် ဖခင်​မ​ကွယ်လွန်​မီ ဦးစွာ​ကွယ်လွန်​သွား​ကြ​၏​။ သူ​တို့​၌ သား​မ​ထွန်းကား​ခဲ့​။ ထို့ကြောင့် ဧလာဇာ​နှင့် ဣသမာ​တို့​သည် ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​ကြ​ရ​၏​။ 3ဒါဝိဒ်​မင်းကြီး​သည် ဧလာဇာ​၏​သားမြေး​များ​ထဲမှ ဇာဒုတ်​၊ ဣသမာ​၏​သားမြေး​များ​ထဲမှ အဟိမလက်​တို့​အား သူ​တို့​ထမ်းဆောင်​ရ​မည့်​တာဝန်​ကို ခွဲဝေ​ထား​ပေး​၏​။ 4ဧလာဇာ​သားမြေး​တို့​သည် ဣသမာ​သားမြေး​တို့​ထက် ခေါင်းဆောင်​ပိုများ​၏​။ ခေါင်းဆောင်​များ​ကို ခွဲ​လိုက်​သောအခါ ဧလာဇာ​သားမြေး​တွင် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​ခေါင်းဆောင် တစ်ဆယ့်​ခြောက်​ယောက်​ရှိ​ပြီး ဣသမာ​သားမြေး​တွင် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​ခေါင်းဆောင် ရှစ်​ယောက်​သာ ရှိ​၏​။ 5ဧလာဇာ​သားမြေး​နှင့် ဣသမာ​သားမြေး​တို့​သည် သန့်ရှင်းရာဌာန​၏​အကြီးအကဲ​များ​၊ ဘုရားသခင်​အမှု​တော်​ဆောင်​အကြီးအကဲ​များ​ဖြစ်​သောကြောင့် သူ​တို့​ကို မဲချ​၍ ညီတူညီမျှ​ခွဲခန့်​ထား​၏​။
6လေဝိ​အမျိုး နာသနေလ​၏​သား​စာရေးတော်​ရှေမာယ​သည် သူ​တို့​ကို ရှင်ဘုရင်​၊ မှူးမတ်​၊ ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ အဗျာသာ​၏​သား​အဟိမလက်​၊ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ​ရှေ့မှောက်​တွင် စာရင်းသွင်း​ရေးမှတ်​၏​။ ဧလာဇာ​၏​ဘိုးဘေး​အိမ်ထောင်စု​ထဲမှ လူ​တစ်​ဦး​၊ ဣသမာ​၏​ဘိုးဘေး​အိမ်ထောင်စု​ထဲမှ လူ​တစ်ဦး​ကို ရွေးကောက်​ပြီးလျှင် 7မဲချ​ရာ ပထမ​မဲကျသူ​မှာ ယောယရိပ်​၊ ဒုတိယ​မြောက်​မဲကျသူ​မှာ ယေဒါယ​၊ 8တတိယ​မြောက်​မဲကျသူ​မှာ ဟာရိမ်​၊ စတုတ္ထ​မြောက်​မဲကျသူ​မှာ စောရိမ်​၊ 9ပဉ္စမ​မြောက်​မဲကျသူ​မှာ မာလခိယ​၊ ဆဋ္ဌမ​မြောက်​မဲကျသူ​မှာ မိယာမိန်​၊ 10သတ္တမ​မြောက်​မဲကျသူ​မှာ ဟက္ကုတ်​၊ အဋ္ဌမ​မြောက်​မဲကျသူ​မှာ အဘိယ​၊ 11နဝမ​မြောက်​မဲကျသူ​မှာ ယေရွှာ​၊ ဒသမ​မြောက်​မဲကျသူ​မှာ ရှေခနိ​၊ 12တစ်ဆယ့်တစ်​ယောက်​မြောက်​မဲကျသူ​မှာ ဧလျာရှိပ်​၊ တစ်ဆယ့်​နှစ်​ယောက်​မြောက်​မဲကျသူ​မှာ ယာကိမ်​၊ 13တစ်ဆယ့်​သုံး​ယောက်​မြောက်​မဲကျသူ​မှာ ဟုပ္ပ​၊ တစ်ဆယ့်​လေး​ယောက်​မြောက်​မဲကျသူ​မှာ ယေရှေဗပ်​၊ 14တစ်ဆယ့်​ငါး​ယောက်​မြောက်​မဲကျသူ​မှာ ဗိလဂ​၊ တစ်ဆယ့်​ခြောက်​ယောက်​မြောက်​မဲကျသူ​မှာ ဣမေရ​၊ 15တစ်ဆယ့်​ခုနစ်​ယောက်​မြောက်​မဲကျသူ​မှာ ဟေဇိရ​၊ တစ်ဆယ့်​ရှစ်​ယောက်​မြောက်​မဲကျသူ​မှာ အပ်ဇဇ်​၊ 16တစ်ဆယ့်​ကိုး​ယောက်​မြောက်​မဲကျသူ​မှာ ပေသဟိ​၊ အယောက်​နှစ်ဆယ်​မြောက်​မဲကျသူ​မှာ ယေဟဇေလ​၊ 17နှစ်ဆယ့်​တစ်​ယောက်​မြောက်​မဲကျသူ​မှာ ယာခိန်​၊ နှစ်ဆယ့်​နှစ်​ယောက်​မြောက်​မဲကျသူ​မှာ ဂါမုလ​၊ 18နှစ်ဆယ့်​သုံး​ယောက်​မြောက်​မဲကျသူ​မှာ ဒေလာယ​၊ နှစ်ဆယ့်​လေး​ယောက်​မြောက်​မဲကျသူ​မှာ မာဇိ တို့​ဖြစ်​ကြ​၏​။
19ဤ​သူ​တို့​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း​၊ ဘိုးဘေး​အာရုန်​အားဖြင့် မိန့်မှာ​ထား​ခဲ့​သော​စီရင်ထုံးဖွဲ့ချက်​အတိုင်း ထာဝရဘုရား​၏​အိမ်​တော်​တွင် ဝင်ရောက်​အမှု​တော်​ထမ်းဆောင်​ရန် ခန့်ထား​ခြင်း​ခံရ​သူ​များ ဖြစ်​ကြ​၏​။
ကျန်ရှိသောလေဝိအမျိုးများ
20ကျန်​လေဝိ​သားမြေး​များ​ဖြစ်​သော အာမရံ​၏​သား​ရှုဗွေလ​၊ ရှုဗွေလ​၏​သား​ယေဒေယ​၊
21ရေဟဘိ​အမျိုး​မှ ရေဟဘိ​၏​သားဦး ဣရှိယ​၊
22ဣဇဟာ​အမျိုး​မှ ရှေလောမုတ်​၊ ရှေလောမုတ်​၏​သား​များ​ထဲမှ ယာဟတ်​၊
23ဟေဗြုန်​၏​သား​များ​မှာ သားဦး​ယေရိ​၊ ဒုတိယ​သား အာမရိ​၊ တတိယ​သား ယဟာဇေလ​၊ စတုတ္ထ​သား ယေကမံ​၊
24ဩဇေလ​၏​သား​များ​မှာ မိက္ခာ​၊ မိက္ခာ​၏​သား ရှမိရ​၊
25မိက္ခာ​၏​ညီ ဣရှိယ​၊ ဣရှိယ​၏​သား ဇာခရိ တို့​ဖြစ်​ကြ​၏​။
26မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့် မုရှိ တို့​ဖြစ်​ကြ​၏​။ ယာဇိ​၏​သား​မှာ ဗေနော ဖြစ်​၏​။
27မေရာရိ​၏​သားမြေး​များ​မှာ ယာဇိ​မှ​ဆင်းသက်​လာ​သော​သား ဗေနော​၊ ရှောဟံ​၊ ဇက္ကုရ​၊ ဣဗရိ တို့​ဖြစ်​ကြ​၏​။
28မဟာလိ​၏​သား​မှာ ဧလာဇာ​ဖြစ်၍ သူ​၌ သား​မ​ထွန်းကား​ချေ​။
29ကိရှ​အမျိုး​မှ ကိရှ​၏​သား​မှာ ယေရမေလ ဖြစ်​၏​။
30မုရှိ​၏​သား​များ​မှာ မဟာလိ​၊ ဧဒေ​၊ ယေရိမုတ် တို့​ဖြစ်​ကြ​၏​။
ဤ​သူ​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် လေဝိ​အမျိုးသား​များ ဖြစ်​ကြ​၏​။ 31သူ​တို့​သည်​လည်း ဆွေမျိုးသားချင်း​အာရုန်​၏​သားမြေး​များ​ကဲ့သို့ပင် ဒါဝိဒ်​မင်းကြီး​၊ ဇာဒုတ်​၊ အဟိမလက်​နှင့် ယဇ်ပုရောဟိတ်​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​၊ လေဝိ​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​တို့​ရှေ့​တွင် ညီအစ်ကို​ကြီး​ငယ်​မ​ရွေး​မဲချ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 24: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ