YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 26

26
လေဝိလူမျိုးတံခါးစောင့်များ
1တံခါးစောင့်​အဖွဲ့​များ​တွင် ကောရ​အမျိုး​ထဲမှ အာသပ်​၏​မြေး​၊ ကောရေ​၏​သား မေရှလေမိ​၊ 2မေရှလေမိ​၏​သား​များ​မှာ သားဦး​ဇာခရိ​၊ ဒုတိယ​သား ယေဒယေလ​၊ တတိယ​သား ဇေဗဒိ​၊ စတုတ္ထ​သား ယာသနေလ​၊ 3ပဉ္စမ​သား ဧလံ​၊ ဆဋ္ဌမ​သား ယေဟောဟနန်​၊ သတ္တမ​သား ဧလဲဩနဲ တို့​ဖြစ်​ကြ​၏​။ 4ဩဗဒေဒုံ​၏​သား​များ​မှာ သားဦး ရှေမာယ​၊ ဒုတိယ​သား ယဟောဇဗဒ်​၊ တတိယ​သား ယောအာ​၊ စတုတ္ထ​သား စာကာ​၊ ပဉ္စမ​သား နာသနေလ​၊ 5ဆဋ္ဌမ​သား အမျေလ​၊ သတ္တမ​သား ဣသခါ​၊ အဋ္ဌမ​သား ပုလသဲ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ဩဗဒေဒုံ​အား ဘုရားသခင်​ပေး​တော်မူ​သော​ကောင်းချီး​များ ဖြစ်​၏​။ 6ဩဗဒေဒုံ​၏​သား​ဖြစ်​သော ရှေမာယ​၏​သား​များ​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​များ​ဖြစ်​သောကြောင့် သူ​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​တွင် ခေါင်းဆောင်​များ​ဖြစ်​ကြ​၏​။ 7ရှေမာယ​၏​သား​များ​မှာ ဩသနိ​၊ ရေဖေလ​၊ ဩဗက်​၊ ဧလဇာဗဒ်​နှင့် ရဲစွမ်းသတ္တိ​ထက်မြက်​သည့် သူ​တို့​၏​ညီအစ်ကို​များ​ဖြစ်​သော ဧလိဟု​နှင့်​သေမခိ တို့​ဖြစ်​ကြ​၏​။ 8ဤ​သူ​အားလုံး​တို့​သည် ဩဗဒေဒုံ​၏​သားမြေး​များ ဖြစ်​ကြ​၏​။ သူ​တို့​၏​သား​များ ညီအစ်ကို​များ​သည် အမှု​တော်​လုပ်ငန်း​တွင် ရဲစွမ်းသတ္တိ​ထက်မြက်​၍ ခွန်အားကြီး​သော​သူ​များ​ဖြစ်​၏​။ ဩဗဒေဒုံ​၌ သားမြေး​ပေါင်း ခြောက်ဆယ့်​နှစ်​ယောက် ရှိ​၏​။ 9မေရှလေမိ​၌ ရဲစွမ်းသတ္တိ​ထက်မြက်​သော သား​များ​နှင့်​ညီအစ်ကို​ပေါင်း တစ်ဆယ့်​ရှစ်​ယောက် ရှိ​၏​။ 10မေရာရိ​၏​သားမြေး​များ​တွင် ဟောသ​၏​သား​ရှိမရိ​သည် သားဦး​မ​ဟုတ်​သော်လည်း သူ့​ဖခင်​သည် သူ့​ကို သားဦးအရာ​၌ ထား​၏​။ 11ဒုတိယ​သား​မှာ ဟိလခိ​၊ တတိယ​သား​မှာ တေဗလိ​၊ စတုတ္ထ​သား​မှာ ဇာခရိ တို့​ဖြစ်​၏​။ ဟောသ​၌ သား​များ​နှင့်​ညီအစ်ကို​ပေါင်း တစ်ဆယ့်​သုံး​ယောက် ရှိ​၏​။ 12ဤ​တံခါးစောင့်​များ​အဖွဲ့​တွင် ခေါင်းဆောင်​လုပ်​သူ​များ​သည်​လည်း ညီအစ်ကို​များ​နည်းတူ ထာဝရဘုရား​၏​အိမ်​တော်​တွင် အမှု​တော်​ကို​ထမ်းဆောင်​ရ​၏​။ 13သူ​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အလိုက် လူကြီး​လူငယ်​မရွေး တံခါး​တစ်ခုစီ​တွင် တာဝန်ကျ​မည့်​သူ​များ​ကို​မဲချ​ခွဲဝေ​ပေး​၏​။ 14မဲချ​ရာ​တွင် ရှေလမိ​သည် အရှေ့ဘက်​တံခါး​၌ မဲကျ​၏​။ အကြံကောင်း​ဉာဏ်ကောင်း​ပေး​နိုင်​သူ​၊ ရှေလမိ​၏​သား​ဇာခရိ​သည် မြောက်ဘက်​တံခါး​၌ မဲကျ​၏​။ 15ဩဗဒေဒုံ​သည် တောင်ဘက်​တံခါး​တွင် မဲကျ​၏​။ သူ့​သား​တို့​မူကား သိုလှောင်ရုံ​တံခါး​၌ မဲကျ​၏​။ 16ရှုပိမ်​နှင့်​ဟောသ​တို့​သည် အနောက်ဘက်​တောင်​ပေါ်​တက်သွား​သော​လမ်း​ပေါ်ရှိ ရှလ္လေခက်​တံခါး​၌ မဲကျ​ပြီး အစောင့်​တို့​သည် တစ်​ယောက်​နှင့်​တစ်​ယောက် ဘေးချင်းယှဉ်​လျက် စောင့်​ရ​၏​။ 17အရှေ့ဘက်​၌ လေဝိ​အမျိုးသား​ခြောက်​ယောက်​၊ မြောက်ဘက်​၌ တစ်ရက်​တွင် လေး​ယောက်​၊ တောင်ဘက်​၌ တစ်ရက်​တွင် လေး​ယောက်​နှင့် သိုလှောင်ရုံ​များ​၌ နှစ်ယောက်စီ စောင့်ကြပ်​ကြ​ရ​၏​။ 18အိမ်​တော်​ဝင်း​အနောက်ဘက်​တွင် လမ်းမ​ပေါ်၌ လေး​ယောက်​၊ အိမ်​တော်​ဝင်း​တွင် နှစ်​ယောက် စောင့်ကြပ်​ရ​၏​။ 19ဤ​သူ​တို့​သည် ကောရ​၏​သားမြေး​များ​နှင့် မေရာရိ​၏​သားမြေး​များ​မှ တံခါးစောင့်​အဖွဲ့ဝင်​များ ဖြစ်​ကြ​၏​။
လေဝိလူမျိုးဘဏ္ဍာထိန်းများနှင့် အခြားအရာရှိများ
20လေဝိ​အမျိုး​တွင် အဟိယ​သည် ဘုရားသခင်​၏​ဘဏ္ဍာတိုက်​နှင့် ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​ဘဏ္ဍာတိုက်​တို့​ကို စောင့်ကြပ်​ရ​၏​။ 21ဂေရရှုန်​၏​သားမြေး​ဖြစ်​သော လာဒန်​၏​သားမြေး​တို့​တွင် ဂေရရှုန်​အမျိုး​လာဒန်​မှ​ဆင်းသက်​သော လာဒန်​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​မှာ ယေဟေလိ​ဖြစ်​၏​။ 22ယေဟေလိ​၏​သား​များ​မှာ ဇေသံ​နှင့် သူ့​ညီ​ယောလ ဖြစ်​၏​။ သူ​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​ကို စောင့်ကြပ်​ကြ​ရ​၏​။
23အာမရံ​အမျိုး​၊ ဣဇဟာ​အမျိုး​၊ ဟေဗြုန်​အမျိုး​၊ ဩဇေလ​အမျိုး အချို့​တို့​လည်း ပါ​ကြ​၏​။ 24မောရှေ​၏​မြေး​၊ ဂေရရှုံ​၏​သား ရှေဗွေလ​သည် ဘဏ္ဍာတိုက်​ကို ကြီးကြပ်အုပ်ချုပ်သူ ဖြစ်​၏​။ 25ရှေဗွေလ​၏​ညီအစ်ကို​များ​မှာ ဧလျေဇာ​၏​သား ရေဟဘိ​၊ ရေဟဘိ​၏​သား ယေရှာယ​၊ ယေရှာယ​၏​သား ယောရံ​၊ ယောရံ​၏​သား ဇိခရိ​၊ ဇိခရိ​၏​သား ရှေလောမုတ် တို့​ဖြစ်​ကြ​၏​။ 26ရှေလောမုတ်​နှင့် သူ့​ညီအစ်ကို​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​ဖြစ်​သော ထောင်တပ်မှူး​၊ ရာ​တပ်မှူး​များ​၊ စစ်ဗိုလ်ချုပ်​များ ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​ဘဏ္ဍာတိုက်​အလုံးစုံ​ကို စောင့်ကြပ်​ရ​၏​။ 27စစ်ပွဲ​မှ​ရလာ​သော​တိုက်ရာပါပစ္စည်း​အချို့​ကို ထာဝရဘုရား​၏​အိမ်​တော်​ပြုပြင်​ရန်​အတွက် ဆက်ကပ်​ထား​၏​။ 28စိတ်အာရုံရသူ​ရှမွေလ​၊ ကိရှ​၏​သား​ရှောလု​၊ နေရ​၏​သား​အာဗနာ​၊ ဇေရုယာ​၏​သား​ယွာဘ​တို့ ဆက်ကပ်​ထား​သော​ပစ္စည်း​အားလုံး​အပါအဝင် လူ​တို့​ဆက်ကပ်​ထား​သော​ပစ္စည်း​မှန်သမျှ​တို့​ကို ရှေလောမိတ်​နှင့် သူ့​ညီအစ်ကို​တို့ စောင့်ကြပ်​ရ​၏​။
29ဣဇဟာ​အမျိုး​ဖြစ်​သော ခေနနိ​နှင့်​သူ​၏​သား​များ​မူကား အိမ်​တော်​ပြင်ပ​အလုပ်​ဖြစ်​သော အစ္စရေး​လူမျိုး​တို့​ကို ကြီးကြပ်အုပ်ချုပ်​ရ​သူ​များ​၊ တရားသူကြီး​များ​အဖြစ် တာဝန်​ထမ်းဆောင်​ရ​၏​။ 30ဟေဗြုန်​အမျိုး​ဖြစ်​သော ဟာရှဘိ​နှင့် ရဲစွမ်းသတ္တိ​ရှိ​သော သူ့​ညီအစ်ကို​တစ်ထောင့်​ခုနစ်​ရာ​တို့​သည် ဂျော်ဒန်​မြစ်​အနောက်ဘက်​ကမ်း​ဝန်းကျင်​ရှိ အစ္စရေး​လူမျိုး​တို့​ကို တာဝန်ယူ​အုပ်ချုပ်​ရ​၏​။ သူ​တို့​သည် ထာဝရဘုရား​၏​အမှု​တော်​အလုံးစုံ​နှင့် ရှင်ဘုရင်​၏​အမှုကိစ္စ​ကို​လည်း ထမ်းဆောင်​ရ​၏​။ 31ဟေဗြုန်​အမျိုး​ဖြစ်​သော ယေရိယ​သည် ဘိုးဘေး​အိမ်ထောင်စု​၏​ဆွေစဉ်မျိုးဆက်​အရ ဟေဗြုန်​အမျိုး​၏​အကြီးအမှူး​ဖြစ်​၏​။ ဒါဝိဒ်​မင်းကြီး​နန်းစံ​အနှစ်​လေးဆယ်​အတွင်း ရဲစွမ်းသတ္တိ​ရှိ​သူ​များ​ကို ရှာဖွေ​ရာ သူ​တို့​ကို ဂိလဒ်​ပြည်​၊ ယာဇာ​မြို့​တွင် တွေ့​ခဲ့​၏​။ 32ယေရိယ​၏​ညီအစ်ကို​များ​တွင် ရဲစွမ်းသတ္တိ​ရှိ​သူ​နှစ်ထောင့်​ခုနစ်​ရာ​ရှိ​၍ သူ​တို့​သည် ဘိုးဘေး​အိမ်ထောင်စု​တို့​၏​အကြီးအမှူး​များ ဖြစ်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​က သူ​တို့​ကို ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​၊ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ကို အုပ်ချုပ်​စေ​ပြီး ဘုရားသခင်​၏​အမှု​တော်​အလုံးစုံ​နှင့် ရှင်ဘုရင်​၏​အမှုကိစ္စ​ကို​လည်း ထမ်းဆောင်​စေ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 26: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ