ရာဇဝင်ချုပ်ပထမစောင် 3
3
ဒါဝိဒ်မင်းကြီး၏သားစဉ်မြေးဆက်များ
1ဟေဗြုန်မြို့၌ ဒါဝိဒ်မင်းကြီးရသောသားများတွင် သားဦးမှာ ယေဇရေလမြို့သူအဟိနောင်နှင့်ရသောအာမနုန်၊ ဒုတိယသားမှာ ကရမေလမြို့သူအဘိဂဲလနှင့်ရသောဒံယေလ၊ 2တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော် မာခါနှင့်ရသောအဗရှလုံ၊ စတုတ္ထသားမှာ ဟဂ္ဂိတ်နှင့်ရသောအဒေါနိယ၊ 3ပဉ္စမသားမှာ အဘိတလနှင့်ရသောရှေဖတိ၊ ဆဋ္ဌမသားမှာ မိဖုရားဧဂလာနှင့်ရသောဣသရံ တို့ဖြစ်ကြ၏။ 4ဤသားခြောက်ဦးမှာ ဟေဗြုန်မြို့တွင် ရသောသားများဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့တွင် ခုနစ်နှစ်နှင့်ခြောက်လ၊ ဂျေရုဆလင်မြို့တွင် သုံးဆယ့်သုံးနှစ်စိုးစံခဲ့၏။ 5ဂျေရုဆလင်မြို့တွင် ရသောသားများမှာ အမျေလ၏သမီးဗာသရှုအာ#3:5 “ဗာသရှေဘ” (၂ရာ 11:3)။နှင့်ရသောရှိမာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန် ပေါင်းလေးယောက်အပြင် 6ဣဗဟာ၊ ဧလိရှမာ၊ ဧလိဖလက်၊ 7နောဂ၊ နေဖက်၊ ယာဖျာ၊ 8ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက် ပေါင်း သားကိုးယောက်လည်း ရှိသေး၏။ 9ဤသားများအပြင် မောင်းမများနှင့်ရသော ဒါဝိဒ်မင်းကြီး၏သားများလည်း ရှိသေး၏။ သူတို့တွင် တာမာဟူသောနှမတော်တစ်ဦးလည်း ရှိ၏။
ယုဒပြည်၏ဘုရင်များ
10ရှောလမုန်၏သားမှာ ရောဗောင်၊ ရောဗောင်၏သားမှာ အဘိယ၊ အဘိယ၏သားမှာ အာသ၊ အာသ၏သားမှာ ယောရှဖတ်၊ 11ယောရှဖတ်၏သားမှာ ယောရံ၊ ယောရံ၏သားမှာ အာခဇိ၊ အာခဇိ၏သားမှာ ယောရှ၊ 12ယောရှ၏သားမှာ အာမဇိ၊ အာမဇိ၏သားမှာ အာဇရိ#3:12 သို့မဟုတ် “သြဇိ”။၊ အာဇရိ၏သားမှာ ယောသံ၊ 13ယောသံ၏သားမှာ အာခတ်၊ အာခတ်၏သားမှာ ဟေဇကိ၊ ဟေဇကိ၏သားမှာ မနာရှေ၊ 14မနာရှေ၏သားမှာ အာမုန်၊ အာမုန်၏သားမှာ ယောရှိ ဖြစ်၏။ 15ယောရှိ၏သားများမှာ သားဦးယောဟနန်၊ ဒုတိယသားယောယကိမ်၊ တတိယသားဇေဒကိ၊ စတုတ္ထသားရှလ္လုံ တို့ဖြစ်ကြ၏။ 16ယောယကိမ်၏သားမှာ ယေခေါနိ၊ ယေခေါနိ၏သားမှာ ဇေဒကိ ဖြစ်၏။
သုံ့ပန်းဘဝရောက်ပြီးနောက်ပိုင်း ဒါဝိဒ်မျိုးဆက်များ
17အကျဉ်းစံယေခေါနိ၏သားမြေးများမှာ သားတော် ရှာလသေလ၊ 18မာလခိရံ၊ ပေဒါယ၊ ရှေနဇာ၊ ယေကမိ၊ ဟောရှမ၊ နေဒဘိ တို့ဖြစ်ကြ၏။ 19ပေဒါယ၏သားများမှာ ဇေရုဗဗေလနှင့် ရှိမိ တို့ဖြစ်ကြ၏။ ဇေရုဗဗေလ၏သားများမှာ မေရှုလံ၊ ဟာနနိယနှင့် သူတို့၏နှမရှေလောမိတ် တို့ဖြစ်ကြ၏။ 20ထို့ပြင် ဟရှုဘ၊ ဩဟေလ၊ ဗေရခိ၊ ဟသဒိ၊ ယုရှသေသက် ပေါင်းငါးယောက်လည်း ရှိသေး၏။ 21ဟာနနိယ၏သားများမှာ ပေလတိ၊ ယေရှာယ တို့ဖြစ်ကြ၏။ ယေရှာယ၏သားမှာ ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားမှာ ဩဗဒိ၊ ဩဗဒိ၏သားမှာ ရှေခနိ တို့ဖြစ်ကြ၏။ 22ရှေခနိ၏သားမှာ ရှေမာယ၊ ရှေမာယ၏သားများမှာ ဟတ္တုတ်၊ ဣဂါလ၊ ဗာရိ၊ နာရိ၊ ရှာဖတ် ပေါင်းခြောက်ယောက် ရှိ၏။ 23နာရိ၏သားများမှာ ဧလိဩနဲ၊ ဟေဇကိ၊ အာဇရိကံ ပေါင်းသုံးယောက် ရှိ၏။ 24ဧလိဩနဲ၏သားများမှာ ဟောဒါယ၊ ဧလျာရှိပ်၊ ပေလာယ၊ အက္ကုပ်၊ ယောဟနန်၊ ဒေလာယ၊ အာနနိ ပေါင်းခုနစ်ယောက် ရှိ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 3: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: