ရာဇဝင်ချုပ်ပထမစောင် 5
5
ရုဗင်၏သားစဉ်မြေးဆက်များ
1အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဤသို့ဖြစ်၏။ ရုဗင်သည် သားဦးဖြစ်သော်လည်း မိမိဖခင်၏အိပ်ရာကိုညစ်ညူးစေသောကြောင့် သူ၏သားဦးအရာကို အစ္စရေး၏မြေး၊ ယောသပ်၏သားတို့ ရသွား၏။ ဤသို့ဖြင့် သူသည် မျိုးရိုးစဉ်ဆက်စာရင်းတွင် သားဦးအရာ၌ စာရင်းမဝင်တော့ပေ။ 2ယုဒသည် ညီအစ်ကိုတို့တွင် ခွန်အားကြီးသောသူဖြစ်၍ သူ့မျိုးနွယ်ထဲမှ အုပ်ချုပ်သူမင်းပေါ်ထွန်းသော်လည်း ယောသပ်ကသာ သားဦးအရာကို ရ၏။ 3အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ တို့ဖြစ်ကြ၏။ 4ယောလ၏သားမှာ ရှေမာယ၊ ရှေမာယ၏သားမှာ ဂေါဂ၊ ဂေါဂ၏သားမှာ ရှိမိ၊ 5ရှိမိ၏သားမှာ မိက္ခာ၊ မိက္ခာ၏သားမှာ ရာယ၊ ရာယ၏သားမှာ ဗာလ၊ 6ဗာလ၏သားမှာ ဗေရာ ဖြစ်၏။
ဗေရာသည် ရုဗင်အမျိုး၏ခေါင်းဆောင်ဖြစ်ပြီး အဆီးရီးယားဘုရင် တိဂလတ်ပိလေသာမင်းကြီး၏ဖမ်းခေါ်သွားခြင်းကိုခံရသူ ဖြစ်၏။ 7မျိုးနွယ်စုအရ သားစဉ်မြေးဆက်စာရင်းဝင်သော ဗေရာ၏ညီအစ်ကိုများမှာ မျိုးနွယ်စုအကြီးအမှူးယေယေလ၊ ဇာခရိ၊ 8ယောလ၏မြစ်၊ ရှေမာ၏မြေး၊ အာဇာတ်၏သားဗေလ တို့ဖြစ်ကြ၏။ သူတို့သည် အာရော်မြို့၊ နေဗောမြို့၊ ဗာလမုန်မြို့အထိ နေထိုင်ကြ၏။ 9ဂိလဒ်ပြည်တွင် သူတို့၏သိုးနွားတိရစ္ဆာန်များတိုးပွားလာသဖြင့် အရှေ့ဘက်၌ ယူဖရေးတီးမြစ်#5:9 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။နားထိရောက်သော တောကန္တာရအစပ်တိုင်အောင် အခြေချနေထိုင်ကြ၏။ 10သူတို့သည် ရှောလုမင်းကြီးလက်ထက်တွင် ဟာဂရိလူမျိုးတို့နှင့် စစ်တိုက်ရာ ဟာဂရိလူမျိုးတို့ရှုံးနိမ့်ပြီး သူတို့လက်အောက်သို့ကျရောက်သွား၏။ ထို့ကြောင့် သူတို့သည် ဂိလဒ်ပြည်အရှေ့ဘက်နယ်မြေတစ်လျှောက်ရှိ ဟာဂရိလူမျိုးတို့၏တဲများတွင် ဝင်ရောက်နေထိုင်ကြ၏။
ဂဒ်၏သားစဉ်မြေးဆက်
11ဂဒ်သားမြေးတို့သည် ရုဗင်သားမြေးတို့နှင့် နယ်မြေချင်းကပ်လျက်ရှိသော ဗာရှန်ပြည်မှ သာလကအရပ်အထိ နေထိုင်ကြ၏။ 12ဗာရှန်ပြည်တွင် ယောလသည် အကြီးအမှူးဖြစ်၏။ သူ၏လက်ထောက်မှာ ရှာဖံဖြစ်ပြီး ထို့နောက်မှ ယာနဲနှင့် ရှာဖတ် တို့ဖြစ်ကြ၏။ 13သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ညီအစ်ကိုတော်စပ်သူများမှာ မိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာ၊ ဧဗာ ပေါင်းခုနစ်ယောက် ရှိ၏။ 14သူတို့သည် အဘိဟဲလ၏သားများဖြစ်ကြ၏။ အဘိဟဲလသည် ဟုရိ၏သား၊ ဟုရိသည် ယာရော်၏သား၊ ယာရော်သည် ဂိလဒ်၏သား၊ ဂိလဒ်သည် မိက္ခေလ၏သား၊ မိက္ခေလသည် ယေရှိရှဲ၏သား၊ ယေရှိရှဲသည် ယာဒေါ၏သား၊ ယာဒေါသည် ဗုဇ၏သား ဖြစ်၏။ 15ဂုနိ၏မြေး အာဗဒျေလ၏သား အာဟိသည် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူး ဖြစ်၏။ 16သူတို့သည် ဂိလဒ်ပြည်၊ ဗာရှန်ပြည်နှင့် ထိုပြည်၏မြို့ရွာများမှစ၍ ရှာရုန်နယ်မြေအစွန်အဖျားအထိ စားကျက်မြေအားလုံးတို့တွင် နေထိုင်ကြ၏။ 17ဤသူအပေါင်းတို့သည် ယုဒဘုရင်ယောသံမင်းကြီးလက်ထက်နှင့် အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက်တွင် မျိုးရိုးစဉ်ဆက်စာရင်းဝင်သူများ ဖြစ်ကြ၏။
18ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့တွင် ရဲစွမ်းသတ္တိထက်မြက်သူ၊ ဒိုင်းလွှားနှင့်ဓား ကိုင်ဆောင်သူ၊ လေးပစ်ကျွမ်းကျင်သူ စစ်ရည်ဝသောတပ်သားပေါင်း အယောက်လေးသောင်းလေးထောင်ခုနစ်ရာ့ခြောက်ဆယ် စစ်ချီကြ၏။ 19သူတို့သည် ဟာဂရိ၊ ယေတုရ၊ နာဖိရှ၊ နောဒပ် စသောလူမျိုးတို့နှင့် စစ်တိုက်ကြ၏။ 20သူတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးစားသဖြင့် စစ်တိုက်သောအခါ ဘုရားသခင်ထံအော်ဟစ်ဆုတောင်းလေ့ရှိ၏။ ဘုရားသခင်သည်လည်း သူတို့အသံကို နားညောင်းတော်မူ၍ ဟာဂရိလူမျိုးနှင့်အပေါင်းပါအားလုံးကို သူတို့လက်သို့အပ်တော်မူ၏။ 21ထို့ကြောင့် ထိုသူတို့၏ကုလားအုတ် အကောင်ငါးသောင်း၊ သိုးအကောင်နှစ်သိန်းငါးသောင်း၊ မြည်းအကောင်နှစ်ထောင် စသည့်တိရစ္ဆာန်များနှင့် လူအယောက်တစ်သိန်းကို အရှင်ဖမ်းဆီးခေါ်ဆောင်သွားလေ၏။ 22ဘုရားသခင်အခွင့်နှင့်စစ်တိုက်သောကြောင့် ရန်သူအများအပြားကျဆုံးကြ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ဖမ်းခေါ်သွားခြင်းမခံရမီအချိန်ထိ ထိုသူတို့ပြည်တွင် နေထိုင်ကြ၏။
မနာရှေ၏အမျိုးအနွယ်တစ်ဝက်
23မနာရှေအမျိုးတစ်ဝက်တို့သည် လူဦးရေများပြားသဖြင့် ဗာလဟေရမုန်အရပ်၊ စနိရတောင်မှ ဟေရမုန်တောင်အထိ ဗာရှန်ပြည်တစ်လျှောက်လုံးတွင် နေထိုင်ကြ၏။ 24သူတို့၏အိမ်ထောင်စုခေါင်းဆောင်များမှာ ဧဖေရ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလ တို့ဖြစ်ပြီး သူတို့သည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ၊ နာမည်ကျော်ကြားသူများ၊ အိမ်ထောင်စုခေါင်းဆောင်များ ဖြစ်ကြ၏။ 25သို့သော် သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်အပေါ် သစ္စာမရှိ၊ သူတို့ရှေ့တွင် ဘုရားသခင်ဖျက်ဆီးတော်မူခဲ့သော ထိုပြည်သားတို့၏ဘုရားများထံသွား၍ ဖောက်ပြန်မှားယွင်းကြ၏။ 26ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 5: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: