ရာဇဝင်ချုပ်ပထမစောင် 9
9
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက်
1အစ္စရေးတစ်မျိုးနွယ်လုံး၏မျိုးရိုးစဉ်ဆက်စာရင်းကို ရေးမှတ်၍ အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် မှတ်တမ်းတင်ထား၏။ ယုဒလူမျိုးတို့မူကား မိမိတို့ကျူးလွန်မိသောအမှားများကြောင့် ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်း ခံရကြ၏။ 2ကိုယ့်မြို့ကိုယ့်မြေများသို့ ဦးစွာပြန်နေထိုင်ရသူတို့မှာ အစ္စရေးအမျိုးသား ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ ဗိမာန်တော်အစေအပါးများ ဖြစ်ကြ၏။ 3ဂျေရုဆလင်မြို့တွင်နေထိုင်ကြသော ယုဒအမျိုးသား၊ ဗင်္ယာမိန်အမျိုးသား၊ ဧဖရိမ်နှင့်မနာရှေအမျိုးသားတို့တွင် 4ယုဒအမျိုးသား ဖာရက်၏သားမြေးများမှ ဗာနိ၏တီ၊ ဣမရိ၏မြစ်၊ ဩမရိ၏မြေး၊ အမိဟုဒ်၏သား ဥသဲ၊ 5ရှိလောနိလူမျိုးမှ သားဦးအသာယနှင့် သူ၏သားများ၊ 6ဇေရ၏သားမြေးများမှ ယွေလနှင့် သူ၏ဆွေမျိုးသားချင်း ပေါင်းခြောက်ရာကိုးဆယ်၊ 7ဗင်္ယာမိန်သားမြေးများမှ ဟာသေနွာ၏မြစ်၊ ဟောဒဝိ၏မြေး၊ မေရှုလံ၏သား သလ္လု၊ 8ယေရောဟံ၏သား ဣဗနိယ၊ မိခရိ၏မြေး ဩဇိ၏သား ဧလာ၊ ဣဗနိယ၏မြစ် ရွေလ၏မြေး ရှေဖတိ၏သား မေရှုလံ စသောသူတို့နှင့် 9ဆွေစဉ်မျိုးဆက်စာရင်းအရ သူတို့၏ဆွေမျိုးသားချင်း ပေါင်းကိုးရာငါးဆယ့်ခြောက်ယောက် ပါ၏။ ဤသူအားလုံးတို့သည် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။ 10ယဇ်ပုရောဟိတ်များတွင် ယေဒါယ၊ ယောယရိပ်၊ ယာခိန်၊ 11အဟိတုပ်၏တွတ်၊ မေရာယုတ်၏တီ၊ ဇာဒုတ်၏မြစ်၊ မေရှုလံ၏မြေး၊ ဟိလခိ၏သား ဘုရားသခင်၏အိမ်တော်အုပ် အာဇရိ 12မာလခိယ၏မြစ်၊ ပါရှုရ၏မြေး၊ ယေရောဟံ၏သားအဒါယနှင့် ဣမေရ၏တွတ်၊ မေရှိလမိတ်၏တီ၊ မေရှုလံ၏မြစ်၊ ယာဇေရ၏မြေး၊ အဒျေလ၏သားမာရှဲ တို့ပါကြ၏။ 13သူတို့သည် ကိုယ့်ညီအစ်ကိုများတွင် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြပြီး စုစုပေါင်း အယောက်တစ်ထောင့်ခုနစ်ရာခြောက်ဆယ် ရှိ၏။ ဘုရားသခင်၏အိမ်တော်၌ အမှုတော်ကိုထမ်းဆောင်ရန် အရည်အချင်းရှိသူများ ဖြစ်၏။ 14လေဝိအမျိုးမှ မေရာရိသားမြေးတွင် ဟာရှဘိ၏မြစ်၊ အာဇရိကံ၏မြေး၊ ဟာရှုပ်၏သား ရှေမာယ၊ 15ဗာကဗက္ကာ၊ ဟေရက်၊ ဂလာလနှင့် အာသပ်၏မြစ်၊ ဇိခရိ၏မြေး၊ မိက္ခာ၏သား မတ္တနိ၊ 16ယေဒုသုန်၏မြစ်၊ ဂလာလ၏မြေး၊ ရှေမာယ၏သား ဩဗဒိနှင့် နေတောဖာသိရွာသားဖြစ်သော ဧလကာန၏မြေး၊ အာသ၏သား ဗေရခိ တို့လည်းပါကြ၏။ 17တံခါးစောင့်များမှ ရှလ္လုံ၊ အက္ကုပ်၊ တာလမုန်၊ အဟိမန်နှင့် သူတို့၏ညီအစ်ကိုများ ပါ၏။ ရှလ္လုံသည် သူတို့၏အကြီးအမှူး ဖြစ်၏။ 18ရှလ္လုံသည် ယခုချိန်ထိ ဘုရင်ထွက်ဝင်ရာအရှေ့ဘက်မြို့တံခါး၏တံခါးမှူး ဖြစ်၏။ ဤသူတို့သည် လေဝိသားမြေးတို့၏တပ်စခန်း၌ တံခါးစောင့်များ ဖြစ်ကြ၏။ 19ကောရေ၏မြစ်၊ ဧဗျာသပ်၏မြေး၊ ကောရ၏သား ရှလ္လုံနှင့် သူ၏ဘိုးဘေးအိမ်ထောင်စုမှ ဆွေမျိုးသားချင်းဖြစ်သော ကောရအမျိုးတို့သည် တဲတော်တံခါး စောင့်ကြပ်သောအမှုကို ထမ်းဆောင်ရသူများ ဖြစ်၏။ သူတို့၏ဘိုးဘေးများသည်လည်း ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်ဝင်ပေါက်ကို စောင့်ကြပ်ခဲ့ရသူများ ဖြစ်၏။ 20ယခင်က သူတို့၏ခေါင်းဆောင်မှာ ဧလာဇာ၏သား ဖိနဟတ် ဖြစ်၏။ ထာဝရဘုရားသည် သူနှင့်အတူ ပါရှိခဲ့၏။ 21မေရှလေမိ၏သား ဇာခရိသည် တွေ့ဆုံစည်းဝေးရာတဲတော်ဝင်ပေါက်ကို စောင့်ကြပ်ရသူဖြစ်၏။ 22တံခါးခုံ၌ တံခါးစောင့်အဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသောသူအားလုံးမှာ နှစ်ရာတစ်ဆယ့်နှစ်ယောက် ရှိ၏။ သူတို့သည် ကိုယ့်ရပ်ရွာတွင် စာရင်းဝင်သူများဖြစ်ပြီး ဒါဝိဒ်မင်းကြီးနှင့် စိတ်အာရုံရသူရှမွေလတို့က သူတို့ကို သစ္စာရှိသူများအဖြစ် တာဝန်ပေးခန့်အပ်ထားခဲ့၏။ 23သူတို့နှင့် သူတို့၏သားမြေးတို့သည် တဲတော်ဖြစ်သောထာဝရဘုရား၏အိမ်တော်တံခါးကို စောင့်ကြပ်ရသူများ ဖြစ်၏။ 24တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာလုံးတွင် စောင့်ကြပ်ကြရ၏။ 25ကျေးရွာများမှ သူတို့၏ညီအစ်ကိုများကလည်း လာ၍ သူတို့နှင့်အတူ ခုနစ်ရက်တစ်ကြိမ် စောင့်ကြပ်ပေးလေ့ရှိ၏။ 26သစ္စာရှိသောလေဝိအမျိုးသားတံခါးမှူးလေးယောက်မှာ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာတိုက်နှင့် အခန်းများကို စောင့်ကြပ်ပေးရ၏။ 27သူတို့သည် အစောင့်တာဝန်များကိုသာမက နံနက်တိုင်း တံခါးသော့ဖွင့်ပေးရသောတာဝန်ကိုပါ ယူရသဖြင့် ဘုရားသခင်၏အိမ်တော်ဝန်းကျင်တွင်ပင် ညအိပ်ရ၏။ 28အချို့မှာ အမှုတော်နှင့်ဆိုင်သော အသုံးအဆောင်များကို ထိန်းသိမ်းပေးရ၏။ ထိုအသုံးအဆောင်များကို ထုတ်ပေးသောအခါ ရေတွက်ပြီး ပြန်လည်သိမ်းဆည်းသောအခါ ရေတွက်စိစစ်ပေးရ၏။ 29အချို့မှာ သန့်ရှင်းရာဌာန၏အသုံးအဆောင်အားလုံးနှင့် ဂျုံမှုန့်၊ စပျစ်ဝိုင်၊ ဆီ၊ လော်ဗန်၊ အမွှေးနံ့သာ စသည့်အသုံးအဆောင်တို့ကို ထိန်းသိမ်းပေးရ၏။ 30ယဇ်ပုရောဟိတ်တို့၏သားမြေးအချို့တို့သည် အမွှေးနံ့သာဆီများကို ဖော်စပ်ပေးရ၏။ 31လေဝိအမျိုးသား ကောရအမျိုး ရှလ္လုံ၏သားဦး မတ္တိသိသည် အိုးကင်းဖြင့်မုန့်ဖုတ်သောတာဝန်ကို ယူရ၏။ 32သူတို့၏ဆွေမျိုးသားချင်း ကောဟတ်၏သားမြေးအချို့မှာမူ ဥပုသ်နေ့တိုင်း တင်လှူရသောရှေ့တော်မုန့်ကို ပြင်ဆင်ပေးရ၏။ 33အိမ်တော်အခန်းများတွင်နေထိုင်ရသော လေဝိမျိုးနွယ်စုခေါင်းဆောင်သီချင်းသည်တို့သည် နေ့ရောညပါအမှုတော်ထမ်းရသောကြောင့် အခြားတာဝန်များနှင့် ကင်းလွတ်ခွင့်ရကြ၏။ 34ဤလေဝိအမျိုး၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများသည် ဆွေစဉ်မျိုးဆက်ခေါင်းဆောင်အလိုက် ဂျေရုဆလင်မြို့တွင် နေထိုင်ကြ၏။
ရှောလု၏မိသားစု
35ဂိဗောင်၏ဖခင်ယေယေလသည် ဂိဗောင်မြို့တွင် နေထိုင်၏။ သူ့မယား၏အမည်မှာ မာခါ ဖြစ်၏။
36သူ၏သားများမှာ သားဦးအာဗဒုန်၊ ဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊
37ဂေဒေါ်၊ အဟိဩ၊ ဇာခရိ၊ မိကလုတ် တို့ဖြစ်ကြ၏။
38မိကလုတ်သည် သားရှိမံကိုရ၏။ သူတို့သည် ဆွေမျိုးသားချင်းများနှင့်အတူ ဂျေရုဆလင်မြို့ရှိဆွေမျိုးသားချင်းများ၏အနီးအနား၌ နေထိုင်ကြ၏။
39နေရသည် သားကိရှကိုရ၏။ ကိရှသည် သားရှောလုကိုရ၏။ ရှောလုသည် သားယောနသန်၊ မေလခိရွှ၊ အဘိနဒပ်၊ ဣရှဗာလ တို့ကိုရ၏။
40ယောနသန်၏သားမှာ မေရိဗ္ဗာလ၊ မေရိဗ္ဗာလ၏သားမှာ မိက္ခာ၊
41မိက္ခာ၏သားမှာ ပိသုန်၊ မေလက်၊ တာရာ၊ အာခတ် တို့ဖြစ်ကြ၏။
42အာခတ်သည် သားယာရကိုရ၏။ ယာရသည် သားအာလမက်၊ အာဇမာဝက်၊ ဇိမရိ တို့ကိုရ၏။ ဇိမရိသည် သားမောဇကိုရ၏။
43မောဇ၏သားမှာ ဗိနာ ဖြစ်၏။ ဗိနာ၏သားမှာ ရေဖာယ၊ ရေဖာယ၏သားမှာ ဧလာသ၊ ဧလာသ၏သားမှာ အာဇေလ ဖြစ်၏။
44အာဇေလ၌ အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ ဩဗဒိ၊ ဟာနန် ဟုခေါ်သောသားခြောက်ယောက် ရှိ၏။ ဤသူတို့သည် အာဇေလ၏သားများ ဖြစ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 9: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: