ဓမ္မရာဇဝင်ပထမစောင် 13
13
ရှောလုမင်းကြီးရှုံးနိမ့်မှု
1ရှောလုသည် တစ်နှစ်ခန့်ဘုရင်ဖြစ်လာပြီး အစ္စရေးလူမျိုးကို နှစ်နှစ်ခန့်အုပ်စိုးပြီးသောအခါ#13:1 တစ်ချို့ဂရိမူရင်းကျမ်း၌ “ရှောလုမင်းကြီးသည် သက်တော်သုံးဆယ်တွင် နန်းတက်၍ အစ္စရေးလူမျိုးတို့ကို လေးဆယ့်နှစ်နှစ် အုပ်စိုး၏”ဟု ဘာသာပြန်ထား၏။ 2အစ္စရေးလူမျိုးထဲမှ လူအယောက်သုံးထောင်ကို ရွေးချယ်၏။ လူနှစ်ထောင်သည် ရှောလုမင်းကြီးနှင့်အတူ မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်ဒေသတို့တွင် နေရပြီး ကျန်လူတစ်ထောင်သည် ယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင် နေရ၏။ ကျန်လူတို့ကိုမူကား မိမိတို့တဲသို့ အသီးသီးပြန်သွားစေ၏။
3ယောနသန်သည် ဂေဗမြို့တွင် ဖိလိတ္တိမြို့စောင့်တပ်များကို တိုက်ခိုက်ကြောင်း ဖိလိတ္တိလူမျိုးတို့ ကြားသိလေ၏။ ရှောလုမင်းကြီးကလည်း “ဟေဗြဲလူမျိုးတို့ ကြားသိစေ”ဟု ဆို၍ ပြည်တစ်လျှောက်လုံးတွင် တံပိုးမှုတ်စေ၏။ 4ရှောလုမင်းကြီးသည် ဖိလိတ္တိမြို့စောင့်တပ်ကို တိုက်ခိုက်၍ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို စက်ဆုပ်ရွံရှာကြောင်း အစ္စရေးလူမျိုးအပေါင်းတို့ ကြားသိသောအခါ သူတို့သည် ရှောလုမင်းကြီးရှိရာ ဂိလဂါလမြို့သို့ လာရောက်စုရုံးကြ၏။
5ဖိလိတ္တိလူမျိုးတို့သည်လည်း အစ္စရေးလူမျိုးတို့ကို ပြန်လည်တိုက်ခိုက်ရန် စုဝေးကြပြီးလျှင် စစ်ရထားသုံးသောင်း၊ မြင်းစီးသူရဲခြောက်ထောင်၊ ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားသောစစ်သည်တို့နှင့်တကွ ချီတက်လာ၍ ဗေသဝင်မြို့အရှေ့ဘက် မိတ်မတ်မြို့၌ စခန်းချကြ၏။
6အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။ 7ဟေဗြဲလူမျိုးတို့သည် ဂျော်ဒန်မြစ်တစ်ဖက် ဂဒ်ပြည်၊ ဂိလဒ်ပြည်တို့သို့ ကူးသွားကြ၏။ ရှောလုမင်းကြီးသည် ဂိလဂါလမြို့၌ပင်ရှိပြီး သူနှင့်အတူရှိသောစစ်သည်အပေါင်းတို့မှာလည်း ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်၏။ 8ရှောလုမင်းကြီးသည် ရှမွေလချိန်းချက်ထားသည့်အတိုင်း ခုနစ်ရက်စောင့်နေသော်လည်း ရှမွေလသည် ဂိလဂါလမြို့သို့ရောက်မလာချေ။ လူတို့သည်လည်း ရှောလုမင်းကြီးထံမှ တကွဲတပြားကွဲလွင့်သွားကြကုန်၏။ 9ထို့ကြောင့် ရှောလုမင်းကြီးက “မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ငါ့ထံသို့ ယူဆောင်လာကြလော့”ဟု ဆိုပြီးလျှင် မီးရှို့ရာယဇ်ကိုပူဇော်လေ၏။
10မီးရှို့ရာယဇ်ကိုပူဇော်ပြီးသည်နှင့် ရှမွေလရောက်လာရာ ရှောလုမင်းကြီးသည် သူနှင့်တွေ့ဆုံနှုတ်ဆက်ရန် ထွက်လာ၏။ 11ရှမွေလကလည်း သူ့အား “သင်မည်သို့ပြုဘိသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “လူတို့သည် အကျွန်ုပ်ထံမှ ထွက်သွားကြပြီ။ အရှင်လည်း ချိန်းချက်ထားသောအချိန်တွင် ရောက်မလာ။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိတ်မတ်မြို့၌စုဝေးနေကြသည်ကို မြင်တွေ့ရသောအခါ 12‘ထာဝရဘုရားရှေ့တော်၌ ငါမျက်နှာမရသေး။ ဖိလိတ္တိလူမျိုးတို့သည်လည်း ငါရှိရာ ဂိလဂါလမြို့ကို လာတိုက်တော့မည်’ဟု တွေးပြီး အရဲစွန့်၍ မီးရှို့ရာယဇ်ကိုပူဇော်မိခဲ့ပါပြီ”ဟု ဆိုလေ၏။
13ထိုအခါ ရှမွေလက ရှောလုမင်းကြီးအား “သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားမိန့်မှာထားသောပညတ်တော်တို့ကို မစောင့်ထိန်းဘဲ မိုက်မဲစွာပြုမိလေပြီတကား။ စောင့်ထိန်းခဲ့လျှင် အစ္စရေးနိုင်ငံအား အစဉ်အုပ်စိုးရသောအခွင့်ကို သင့်အား ထာဝရဘုရားပေးတော်မူမည်သာဖြစ်၏။ 14ယခုမှာ သင့်အား ထာဝရဘုရား မိန့်မှာထားသည့်အတိုင်း သင်မစောင့်ထိန်းသောကြောင့် သင်၏နိုင်ငံ တည်မြဲမည်မဟုတ်။ ထာဝရဘုရားသည် မိမိစိတ်နှင့်တွေ့သောသူကို ရှာတော်မူပြီ။ ထာဝရဘုရားသည် ထိုသူအား မိမိလူမျိုးတော်ကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူလိမ့်မည်”ဟု ဆို၏။ 15ထို့နောက် ရှမွေလသည် ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့သို့ တက်သွား၏။ ရှောလုမင်းကြီးသည် မိမိ၌ရှိသောလူတို့ကိုရေတွက်ကြည့်ရာ လူအယောက်ခြောက်ရာခန့်ရှိ၏။
16ရှောလုမင်းကြီးနှင့် သူ့သားယောနသန်အပါအဝင် သူတို့နှင့်အတူရှိသောလူတို့သည် ဗင်္ယာမိန်နယ်၊ ဂေဗမြို့၌နေကြ၏။ ဖိလိတ္တိလူမျိုးတို့မူကား မိတ်မတ်မြို့၌ စခန်းချကြ၏။ 17ဖိလိတ္တိတပ်စခန်းမှ အသေခံစစ်ကြောင်း သုံးကြောင်းထွက်လာပြီး တစ်ကြောင်းမှာ ရွာလပြည်၊ ဩဖရမြို့လမ်းအတိုင်း သွား၏။ 18နောက်တစ်ကြောင်းမှာ ဗေသောရုန်မြို့သို့သွားသောလမ်းအတိုင်းသွား၏။ ကျန်တစ်ကြောင်းမှာ ဇေဘိုင်ချိုင့်ဝှမ်းကိုအပေါ်စီးမှမြင်ရသောနယ်စပ်လမ်းအတိုင်း တောကန္တာရဘက်သို့ သွား၏။
19ဖိလိတ္တိလူမျိုးတို့က “ဟေဗြဲလူမျိုးတို့ကို ဓား၊ လှံ တစ်စုံတစ်ရာမျှ မလုပ်စေနှင့်”ဟု ဆိုသဖြင့် ထိုစဉ်က အစ္စရေးတစ်ပြည်လုံးတွင် ပန်းပဲသမားတစ်ယောက်မျှ မတွေ့ရချေ။ 20ထို့ကြောင့် အစ္စရေးလူထုတစ်ရပ်လုံး မိမိတို့၏ပေါက်တူး၊ ထယ်သွား၊ ပုဆိန်၊ တူးရွင်းတို့ကိုသွေးလိုလျှင် ဖိလိတ္တိလူမျိုးတို့ထံသို့သွား၍ သွေးရ၏။ 21ထိုသို့ ပေါက်တူး၊ ထယ်သွား၊ သုံးခွခက်ရင်း၊ ပုဆိန်တို့ သွေးခ၊ ချွန်းတပ်ဆင်ခမှာ တစ်ပင်း#13:21 “တစ်ရှယ်ကယ်၏သုံးပုံနှစ်ပုံ”။ဖြစ်၏။ 22ထို့ကြောင့် စစ်တိုက်သောနေ့၌ ရှောလုမင်းကြီးနှင့် သားတော်ယောနသန်၌သာ ဓားလှံရှိ၏။ ရှောလုမင်းကြီး၊ ယောနသန်တို့နှင့်အတူရှိသောစစ်သည်တို့၌ကား ဓားလှံ မရှိကြချေ။
ယောနသန်က ဖိလိတ္တိလူမျိုးတို့ကိုအောင်နိုင်ခြင်း
23ထိုအချိန်တွင် ဖိလိတ္တိကင်းတပ်သည် မိတ်မတ်မြို့တောင်ကြားလမ်းသို့ ထွက်ခွာသွား၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 13: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: