ဓမ္မရာဇဝင်ပထမစောင် 22
22
ရှောလုမင်းကြီး တိုး၍စိတ်ဖောက်ပြန်ခြင်း
1ဒါဝိဒ်သည် ထိုအရပ်မှထွက်ပြေးလွတ်မြောက်သွားပြီး အဒုလံလိုဏ်ဂူ၌ ရောက်နေကြောင်းကို သူ့အစ်ကိုများ၊ သူ့ဖခင်၏ဆွေမျိုးသားချင်းများကြားသိသောအခါ သူရှိရာလိုဏ်ဂူသို့ ဆင်းလာကြ၏။ 2ဒုက္ခရောက်နေသူ၊ အကြွေးမဆပ်နိုင်သူ၊ ဘဝကို ခါးသီးစွာခံစားနေရသူအပေါင်းတို့သည် သူ့ထံလာရောက်စုဝေးကြရာ လူလေးရာခန့်ရှိ၍ ဒါဝိဒ်သည် သူတို့ကို ဦးဆောင်လေ၏။
3ဒါဝိဒ်သည် ထိုအရပ်မှ မောဘပြည်၊ မိဇပါမြို့သို့သွား၍ မောဘဘုရင်အား “ဘုရားသခင်သည် အကျွန်ုပ်အား မည်သို့ပြုပေးမည်ကို အကျွန်ုပ်သိရသည့်အချိန်ထိ အကျွန်ုပ်၏မိဘတို့ကို အရှင့်ထံ၌ ခိုလှုံခွင့်ပြုပါ”ဟု လျှောက်ဆိုပြီး 4သူတို့ကို မောဘဘုရင်ထံ၌ အပ်နှံထားခဲ့၏။ ဒါဝိဒ်သည် ဥမင်လိုဏ်ခေါင်းတွင် ပုန်းနေရသမျှကာလပတ်လုံး သူတို့သည် မောဘဘုရင်ထံ၌ ခိုလှုံခဲ့ကြ၏။
5ထိုအခါ ပရောဖက်ဂဒ်က ဒါဝိဒ်အား “ပုန်းမနေပါနှင့်။ ဥမင်လိုဏ်ခေါင်းထဲမှ ထွက်လာ၍ ယုဒပြည်သို့ သွားလော့”ဟု ဆိုသဖြင့် ဒါဝိဒ်သည် ထွက်လာ၍ ဟာရက်တောသို့ သွား၏။
6ရှောလုမင်းကြီးသည် လှံကိုကိုင်ဆောင်ပြီး သူ့အမှုထမ်းအပေါင်းတို့လည်း သူ့ကိုဝန်းရံလျက် ဂိဗာမြို့၊ တောင်ကုန်းတစ်ခုပေါ်ရှိ ဧရှာလပင်အောက်တွင် စခန်းချနေစဉ် ဒါဝိဒ်နှင့်အတူ လူတစ်စုကို တွေ့ရှိသည်ဟူသောသတင်းကို ကြားသိရ၏။ 7ထို့ကြောင့် ရှောလုမင်းကြီးက သူ့ကိုခစားနေသောအမှုထမ်းတို့အား “ဗင်္ယာမိန်အမျိုးသားတို့၊ နားထောင်ကြ။ ယေရှဲ၏သားသည် သင်တို့အားလုံးကို လယ်မြေများ၊ စပျစ်ခြံများ ပေးမည်လော။ သင်တို့အားလုံးကို လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်အရာ ခန့်အပ်မည်လော။ 8သင်တို့အားလုံးသည် ငါ့ကို ပူးပေါင်းကြံစည်ကြပြီ။ ငါ့သားနှင့်ယေရှဲ၏သားတို့ ကတိသစ္စာပြုကြသည်ကို ငါ့အား မည်သူမျှမပြောပြကြ။ ယခုကဲ့သို့ ငါ့အစေအပါးသည် ငါ့အား ချောင်းမြောင်းတိုက်ခိုက်ရန် ငါ့သားကိုယ်တိုင် သွေးထိုးပေးသည်ကိုလည်း မည်သူမျှ ငါ့အဖို့ ဝမ်းမနည်းကြ။ ငါ့အား မည်သူမျှမပြောပြကြ”ဟု ဆို၏။
9ထိုအခါ ရှောလု၏အမှုထမ်းတစ်ဦးဖြစ်သော ဧဒုံအမျိုးသားဒေါဂက “ယေရှဲ၏သားသည် နောဗမြို့ရှိ အဟိတုပ်၏သား အဟိမလက်ထံသို့လာသည်ကို အကျွန်ုပ်တွေ့ပါ၏။ 10အဟိမလက်သည် သူ့အတွက် ထာဝရဘုရားထံ မေးမြန်းပေးပြီး သူ့ကို စားစရာများလည်း ပေးပါ၏။ ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားကိုလည်း သူ့အား ပေးလိုက်ပါ၏”ဟု လျှောက်လေ၏။
ယဇ်ပုရောဟိတ်များကို သတ်ဖြတ်ခြင်း
11ထိုအခါ ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ်အဟိမလက်နှင့်တကွ နောဗမြို့ရှိ ယဇ်ပုရောဟိတ်များဖြစ်သော သူ့ဖခင်၏အိမ်ထောင်မိသားစုအားလုံးကို လူလွှတ်ခေါ်စေသဖြင့် သူတို့အားလုံး ရှင်ဘုရင်ထံသို့ ရောက်လာကြ၏။ 12ထိုအခါ ရှောလုမင်းကြီးက “အဟိတုပ်၏သား၊ ယခု နားထောင်လော့”ဟု ဆိုလျှင် အဟိမလက်က “ဟုတ်ကဲ့ပါ အရှင်”ဟု လျှောက်၏။
13ရှောလုမင်းကြီးက “သင်နှင့် ယေရှဲ၏သားသည် ငါ့ကို အဘယ်ကြောင့် ပူးပေါင်းကြံစည်ကြသနည်း။ သင်သည် သူ့အား အစားအစာနှင့်ဓားကို ပေးခဲ့သည်သာမက ဘုရားသခင်ထံ၌လည်း မေးမြန်းပေးသောကြောင့် ယနေ့ သူသည် ငါ့ကို ထကြွပုန်ကန်၍ ချောင်းမြောင်းတိုက်ခိုက်လေပြီ”ဟု ဆို၏။
14အဟိမလက်က ရှင်ဘုရင်အား “အရှင်မင်းကြီး၏အမှုထမ်းအပေါင်းတို့တွင် ဒါဝိဒ်ကဲ့သို့ မည်သူသစ္စာရှိသနည်း။ သူသည် အရှင်မင်းကြီး၏သမက်တော်ဖြစ်၏။ အရှင်မင်းကြီး၏ကိုယ်ရံတော်မှူးလည်း ဖြစ်၏။ အရှင်မင်းကြီး၏အိမ်ထောင်မိသားစုတွင် ဂုဏ်သရေရှိသူလည်း ဖြစ်၏။ 15သူ့အတွက် ဘုရားသခင်ထံ မေးမြန်းပေးသည်မှာ ဤနေ့မှာ ပထမဆုံးအကြိမ်ဖြစ်သလော။ အရှင်မင်းကြီး စွပ်စွဲပြောဆိုသောစကားများသည် အကျွန်ုပ်နှင့် အကျွန်ုပ်ဖခင်၏အိမ်ထောင်မိသားစုများနှင့် ဝေးပါစေသော။ အရှင့်အစေအပါးသည် မည်သည့်အမှုကြီးငယ်ကိုမျှ မသိပါ”ဟု လျှောက်ဆို၏။
16ထိုအခါ ရှင်ဘုရင်က “အဟိမလက်၊ သင်နှင့်သင့်ဖခင်၏အိမ်ထောင်မိသားစုအားလုံး မုချသေရမည်”ဟု ဆိုပြီး
17သူ့အနား၌ရပ်နေသောခြေမြန်တော်တို့အား “လှည့်၍ ထာဝရဘုရား၏ယဇ်ပုရောဟိတ်တို့ကို သတ်ကြလော့။ သူတို့သည် ဒါဝိဒ်ဘက်သားဖြစ်၏။ ဒါဝိဒ် ထွက်ပြေးတိမ်းရှောင်သည်ကို သိလျက်ပင် ငါ့အား အကြောင်းမကြားကြ”ဟု မိန့်ဆို၏။ သို့သော် ရှင်ဘုရင်၏အမှုထမ်းတို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်တို့ကို ကွပ်မျက်ရန် လက်ကို မရွယ်လိုကြပေ။
18ထိုအခါ ရှင်ဘုရင်က ဒေါဂအား “လှည့်၍ယဇ်ပုရောဟိတ်တို့ကို တိုက်ခိုက်လော့”ဟု ဆိုလျှင် ဧဒုံအမျိုးသားဒေါဂသည် လှည့်၍ယဇ်ပုရောဟိတ်တို့ကို တိုက်ခိုက်၏။ ထိုနေ့ချင်းတွင် သူသည် ပိတ်ချောဧဖုဒ်#22:18 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။ဝတ်ဆင်သူယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို သတ်လေ၏။ 19ယဇ်ပုရောဟိတ်တို့နေရာမြို့ဖြစ်သော နောဗမြို့ကိုလည်း ဓားဖြင့်လုပ်ကြံရာ ယောက်ျား၊ မိန်းမ၊ နို့စို့ကလေးသူငယ်များမှစ၍ သိုး၊ နွား၊ မြည်း တို့ပါမကျန် ဓားဖြင့်သေကြရလေ၏။
20သို့သော် အဗျာသာ ဟုခေါ်သော အဟိတုပ်၏မြေး၊ အဟိမလက်၏သားတစ်ယောက်သည် လွတ်မြောက်၍ ဒါဝိဒ်ထံ ပြေးသွား၏။ 21ထာဝရဘုရား၏ယဇ်ပုရောဟိတ်တို့အား ရှောလုမင်းကြီးကွပ်မျက်ပစ်ကြောင်းကို အဗျာသာသည် ဒါဝိဒ်အား ပြောပြ၏။ 22ဒါဝိဒ်က အဗျာသာအား “ထိုနေ့၌ ဧဒုံအမျိုးသားဒေါဂသည် ထိုနေရာတွင်ရှိနေ၏။ သူသည် ရှောလုမင်းကြီးအား ကျိန်းသေပြောပြလိမ့်မည်ကို ငါသိ၏။ သင့်ဖခင်၏အိမ်ထောင်မိသားစုအားလုံး သေရသည့်အကြောင်းရင်းမှာ ငါ့ကြောင့်ပင်ဖြစ်၏။ 23ငါနှင့်အတူနေလော့။ မကြောက်နှင့်။ ငါ့အသက်ကို ရန်ရှာသောသူသည် သင့်အသက်ကိုလည်း ရန်ရှာမည်။ ငါနှင့်အတူနေလျှင် သင့်ကို ငါစောင့်ရှောက်မည်”ဟု ဆို၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 22: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: