ဓမ္မရာဇဝင်ပထမစောင် 24
24
ဒါဝိဒ်က ရှောလုမင်းကြီးကို အသက်ချမ်းသာပေးခြင်း
1ရှောလုမင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ပြီး ပြန်လာသောအခါ “ကြည့်ရှုလော့။ ဒါဝိဒ်သည် အင်္ဂေဒိတောကန္တာရ၌ ပုန်းရှောင်နေပါသည်”ဟု သူ့အား လျှောက်တင်ကြ၏။ 2ထို့ကြောင့် ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးအပေါင်းတို့ထဲမှရွေးချယ်ထားသောလူသုံးထောင်ကိုခေါ်၍ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ကိုရှာဖွေရန် တောင်ဆိတ်များကျက်စားရာကျောက်ဆောင်ရှေ့သို့ သွားလေ၏။ 3လမ်းဘေးရှိ သိုးခြံများရှိရာသို့ရောက်သောအခါ ရှောလုမင်းကြီးသည် အပေါ့အပါးသွားလိုသောကြောင့်#24:3 တိုက်ရိုက်ပြန်ဆိုလျှင် “ခြေထောက်ဖုံးလိုသောကြောင့်”။ ထိုနေရာရှိ လိုဏ်ဂူတစ်ခုသို့ ဝင်သွား၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ထိုလိုဏ်ဂူအတွင်းပိုင်းထဲတွင် ရှိနေကြ၏။ 4ထိုအခါ ဒါဝိဒ်အား သူ၏နောက်လိုက်တို့က “ယနေ့သည် ထာဝရဘုရားက သင့်အား ‘ကြည့်ရှုလော့။ သင့်ရန်သူကို သင့်လက်သို့ ငါအပ်မည်။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုနိုင်မည်’ဟု မိန့်တော်မူသောနေ့ပင်တည်း”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည်ထ၍ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကို တိတ်တဆိတ် ဖြတ်ယူထားလေ၏။
5သို့သော် ဒါဝိဒ်သည် ထိုသို့ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကိုဖြတ်မိသည့်အတွက် စိတ်မကောင်းဖြစ်လျက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေ၏။ 6ထို့ကြောင့် သူ့နောက်လိုက်တို့အား “ထာဝရဘုရား ဘိသိက်ပေးတော်မူသော ငါ့သခင်ကို ကိုယ်ထိလက်ရောက်ပြုခြင်းမှ ထာဝရဘုရားသည် ငါ့ကို ဆီးတားတော်မူပါစေသော။ အကြောင်းမူကား ထိုသခင်သည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏”ဟု ဆို၏။ 7ထိုသို့ ပြောဆိုခြင်းဖြင့် ဒါဝိဒ်သည် မိမိနောက်လိုက်တို့ကို တားဆီးလေ၏။ ရှောလုမင်းကြီးအား တိုက်ခိုက်ရန် အခွင့်မပေး။ ရှောလုမင်းကြီးသည်လည်း လိုဏ်ဂူထဲမှထွက်ပြီး ခရီးဆက်လေ၏။
8ထို့နောက် ဒါဝိဒ်သည် လိုဏ်ဂူထဲမှထွက်လာပြီး “အကျွန်ုပ်၏သခင်၊ အရှင်မင်းကြီး”ဟု ရှောလုမင်းကြီး၏နောက်မှ အော်ခေါ်ရာ ရှောလုမင်းကြီးသည် နောက်သို့လှည့်ကြည့်လျှင် ဒါဝိဒ်သည် မြေပေါ်ပျပ်ဝပ်လျက် ဦးချလေ၏။ 9ဒါဝိဒ်က ရှောလုမင်းကြီးအား “ ‘ဒါဝိဒ်သည် အရှင်မင်းကြီးကို မကောင်းကြံနေပါသည်’ဟု လူတို့ပြောသောစကားအား အဘယ်ကြောင့် နားယောင်ရပါသနည်း။ 10ယခုပင်ကြည့်ပါလော့။ ထာဝရဘုရားသည် လိုဏ်ဂူထဲရောက်နေသောအရှင်မင်းကြီးအား အကျွန်ုပ်လက်သို့ အပ်တော်မူသည်ကို ယနေ့ အရှင်မင်းကြီးအမြင်ပင် ဖြစ်ပါ၏။ အရှင်မင်းကြီးကို ကွပ်မျက်ရန်ပြောဆိုကြသော်လည်း အရှင်မင်းကြီးကို အကျွန်ုပ်နှမြောသည်ဖြစ်၍ အကျွန်ုပ်က ‘ငါသည် ငါ့သခင်ကို ကိုယ်ထိလက်ရောက်မပြု။ အကြောင်းမှာ သူသည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏’ဟု ပြန်ပြောပါ၏။ 11အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။ 12ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် စီရင်တော်မူပါစေသော။ ထာဝရဘုရားသည် အကျွန်ုပ်အဖို့ အရှင်မင်းကြီးကို လက်တုံ့ပြန်ပေးတော်မူပါစေသော။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။ 13‘ဆိုးယုတ်သောသူထံမှ ဆိုးယုတ်သောအမှု ထွက်တတ်၏’ဟူသော ရှေးဆိုရိုးရှိပါ၏။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။ 14အစ္စရေးဘုရင်သည် မည်သူ့ကို တိုက်ခိုက်ရန် ထွက်လာသနည်း။ မည်သူ့နောက်ကို လိုက်နေသနည်း။ ခွေးသေကောင်နောက်ကိုလော၊ ခွေးလှေးတစ်ကောင်နောက်ကိုလော။ 15ယခုမှာ ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် တရားသူကြီးအဖြစ် တရားစီရင်တော်မူပါစေသော။ ကိုယ်တော်သည် ကြည့်ရှု၍ အကျွန်ုပ်၏အမှုကို ဖြေရှင်းပေးတော်မူပါစေသော။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါစေသော”ဟု ဆိုလေ၏။
16ဒါဝိဒ်သည် ရှောလုမင်းကြီးအား ထိုစကားအလုံးစုံကို ပြောပြီးသောအခါ ရှောလုမင်းကြီးက “ငါ့သားဒါဝိဒ်၊ ဤအသံကား သင့်အသံလော”ဟု ဆိုပြီးလျှင် ရှောလုမင်းကြီးသည် အော်ဟစ်ငိုကြွေးလေ၏။ 17ထို့နောက် ဒါဝိဒ်အား “သင်သည် ငါ့ထက် သာ၍ဖြောင့်မတ်ပါ၏။ ငါသည် သင့်ကို မကောင်းကြံခဲ့သော်လည်း သင်မူကား ငါ့ကို ကောင်းမွန်စွာဆက်ဆံခဲ့ပြီ။ 18ထာဝရဘုရားသည် ငါ့ကို သင့်လက်သို့အပ်နှံသော်လည်း သင်သည် ငါ့ကိုမသတ်ဘဲ ကောင်းစွာပြုမူခဲ့ကြောင်းကို ယနေ့ သင်ထုတ်ဖော်ပြပြီ။ 19လူသည် မိမိရန်သူကိုတွေ့လျှင် သူ့ကို ဘာမျှမပြုဘဲ အလွတ်ပေးမည်လော။ သို့သော် ယနေ့မှာ ငါ့ကို သင်ပြုပေးခဲ့သမျှ ထာဝရဘုရားသည် သင့်ကို ကောင်းသောအရာများ ပြန်ပေးတော်မူပါစေသော။
20ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်၍ အစ္စရေးနိုင်ငံသည် သင့်လက်၌ တည်မည်ကို ငါသိပြီ။ 21သို့ဖြစ်၍ သင်သည် နောင်လာမည့် ငါ့သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့နာမကိုလည်း ငါ့ဖခင်၏အိမ်ထောင်စုမှ မပယ်ရှားမည့်အကြောင်း ထာဝရဘုရားရှေ့၌ ကျိန်ဆိုပါလော့”ဟု ဆိုလျှင် 22ဒါဝိဒ်သည် ရှောလုမင်းကြီးအား ကျိန်ဆိုလေ၏။ ထို့နောက် ရှောလုမင်းကြီးသည် မိမိအိမ်သို့ ပြန်သွား၍ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့မူကား ဥမင်လိုဏ်ခေါင်းရှိရာသို့ တက်သွားလေ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 24: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: