YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 28:7-8

ဓမ္မရာဇဝင်ပထမစောင် 28:7-8 MSBU

ထိုအခါ ရှောလု​မင်းကြီး​သည် မိမိ​အစေအပါး​တို့​အား “​နတ်ကတော်​တစ်​ဦး​ကို ရှာပေး​ပါ​။ သူ့​ဆီ​သွား​ပြီး ငါ​မေးမြန်း​မည်​”​ဟု ဆို​လျှင် သူ့​အစေအပါး​တို့​က “​အင်္ဒေါရ​မြို့​တွင် နတ်ကတော်​တစ်​ဦး​ရှိ​ပါ​၏​”​ဟု ဆို​ကြ​၏​။ ရှောလု​မင်းကြီး​သည် ရုပ်ဖျက်​၍ တခြား​အဝတ်​ကို​ဝတ်​ပြီးလျှင် သူ့​နောက်လိုက်​နှစ်​ဦး​နှင့်အတူ သွား​ရာ ညအချိန်​တွင် ထို​မိန်းမ​ရှိ​ရာ​သို့ ရောက်လာ​၏​။ ရှောလု​မင်းကြီး​က သူ့​အား “​နတ်​ကို အမှီပြု​၍ ငါ​ပြော​သော​သူ​ကို ခေါ်ပေး​ပါ​လော့​”​ဟု ဆို​၏​။