ရာဇဝင်ချုပ်ဒုတိယစောင် 13
13
ယုဒဘုရင်အဘိယမင်းကြီး
1ယေရောဗောင်မင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် ယုဒပြည်၌ အဘိယ နန်းတက်၍ 2ဂျေရုဆလင်မြို့တွင် သုံးနှစ်စိုးစံ၏။ မယ်တော်ကား ဂိဗာမြို့သားဥရေလ၏သမီး မိက္ခာယ#13:2 “မာခါ” (၃ရာ 15:2)။အမည်ရှိ၏။ အဘိယမင်းကြီးနှင့်ယေရောဗောင်မင်းကြီးတို့သည် အချင်းချင်းစစ်တိုက်ခဲ့ကြ၏။ 3အဘိယမင်းကြီးသည် လက်ရွေးစင်စစ်သူရဲအယောက်လေးသိန်းတို့နှင့်အတူ စစ်ချီထွက်၏။ ယေရောဗောင်မင်းကြီးသည်လည်း လက်ရွေးစင်စစ်သူရဲအယောက်ရှစ်သိန်းနှင့်အတူ အဘိယမင်းကြီးကို တိုက်ခိုက်ရန် စစ်ချီလာ၏။ 4အဘိယမင်းကြီးသည် ဧဖရိမ်တောင်ပေါ်ဒေသရှိ ဇေမရိမ်တောင်ပေါ်တွင် ရပ်လျက် “အို ယေရောဗောင်နှင့် အစ္စရေးလူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ 5အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ဆားပဋိညာဉ်ဖွဲ့၍ ဒါဝိဒ်မင်းကြီးနှင့် သူ့သားမြေးတို့အား အစ္စရေးလူမျိုးတို့အပေါ် ထာဝရအုပ်စိုးခွင့်ပေးခဲ့သည်ကို သင်တို့ သိကြသည်မဟုတ်လော။ 6သို့သော် ဒါဝိဒ်မင်းကြီး၏သားတော် ရှောလမုန်မင်းကြီး၏အမှုထမ်းဖြစ်သူ နေဗတ်၏သားယေရောဗောင်သည် မိမိသခင်ကို ဆန့်ကျင်ပုန်ကန်လေပြီ။ 7လူဆိုးလူမိုက်တို့သည် ယေရောဗောင်နှင့်ပူးပေါင်းပြီး ရှောလမုန်မင်းကြီး၏သားတော်ရောဗောင်ကို ဆန့်ကျင်ခဲ့ကြ၏။ ရောဗောင်သည် ငယ်ရွယ်သူဖြစ်၍ အတွေ့အကြုံနည်းသဖြင့် သူတို့ကို မတွန်းလှန်နိုင်ခဲ့ပေ။
8ယခု သင်တို့၏ဘုရားအဖြစ် ယေရောဗောင်မင်းကြီးပြုလုပ်ပေးသောရွှေနွားသငယ်ရုပ်ရှိ၍ သင်တို့အင်အားကြီးသောကြောင့် ဒါဝိဒ်မင်းကြီး၏သားမြေးများလက်ထဲရှိ ထာဝရဘုရား၏နိုင်ငံတော်ကို တွန်းလှန်ရန် သင်တို့ကြံစည်ကြသလော။ 9ထာဝရဘုရား၏ယဇ်ပုရောဟိတ်များ၊ အာရုန်၏သားများနှင့် လေဝိအမျိုးများကို သင်တို့ နှင်ထုတ်၍ ဤပြည်သားများကဲ့သို့ ကိုယ့်ယဇ်ပုရောဟိတ်ကို ကိုယ်ခန့်ထားကြပြီ။ ကိုယ့်ကိုယ်ကိုသန့်စင်ရန် နွားသငယ်တစ်ကောင်၊ သိုးထီးခုနစ်ကောင်ကို ယူဆောင်လာလျှင်ပင် ထိုသူတို့သည် ဘုရားမဟုတ်သောအရာများ၏ယဇ်ပုရောဟိတ် ဖြစ်သွားကြ၏။
10ငါတို့အဖို့မူကား ထာဝရဘုရားသည် ငါတို့၏ဘုရား ဖြစ်၏။ ငါတို့သည် ဘုရားသခင်ကို မစွန့်ပယ်။ အာရုန်၏သားများသည် ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင်သောယဇ်ပုရောဟိတ်များ ဖြစ်ကြ၏။ လေဝိအမျိုးသားတို့သည်လည်း အမှုတော်ကို ထမ်းဆောင်လျက်ရှိကြ၏။ 11နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။ 12ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိတော်မူသော ငါတို့၏ခေါင်းဆောင် ဖြစ်၏။ ယဇ်ပုရောဟိတ်များသည်လည်း သင်တို့နှင့်တိုက်ခိုက်ရန် တံပိုးခရာမှုတ်၍စစ်ငြာသံပေးလျက် ရှိ၏။ အို အစ္စရေးအမျိုးတို့၊ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် စစ်မတိုက်ကြနှင့်။ သင်တို့အောင်နိုင်မည်မဟုတ်”ဟု အော်ပြော၏။
13သို့သော် ယေရောဗောင်မင်းကြီးသည် ယုဒတပ်အား အနောက်ဘက်မှသွား၍ ဝိုင်းထားရန် ချုံခိုတိုက်ခိုက်ရေးအဖွဲ့ကို လွှတ်လိုက်၏။ သူတို့သည် ယုဒတပ်ကို အရှေ့မှတစ်ဖွဲ့၊ အနောက်မှ ချုံခိုတိုက်ခိုက်ရေးအဖွဲ့ တို့ဖြင့် အသီးသီးဝိုင်းထားကြ၏။ 14ယုဒတပ်သည် အနောက်ကိုလှည့်ကြည့်သောအခါ ရှေ့နောက်ညှပ်တိုက်ခံနေရပြီကို မြင်သဖြင့် ထာဝရဘုရားထံအော်ဟစ်အကူအညီတောင်းလေ၏။ ယဇ်ပုရောဟိတ်တို့လည်း တံပိုးခရာကိုမှုတ်ကြလေ၏။ 15ယုဒတပ်သားတို့လည်း ကြွေးကြော်လျက်နေ၏။ ထိုသို့ ယုဒတပ်သားတို့ကြွေးကြော်သောအခါ ဘုရားသခင်သည် ယေရောဗောင်မင်းကြီးနှင့်အစ္စရေးတပ်သားအပေါင်းတို့ကို အဘိယနှင့်ယုဒတပ်သားတို့ရှေ့၌ ရှုံးနိမ့်စေတော်မူ၏။ 16အစ္စရေးအမျိုးသားတို့သည် ယုဒအမျိုးသားတို့ရှေ့မှ ထွက်ပြေးကြရ၏။ ဘုရားသခင်သည် သူတို့ကို ယုဒအမျိုးသားတို့လက်သို့ အပ်တော်မူ၏။ 17အဘိယမင်းကြီးနှင့် သူ၏လူတို့သည် အစ္စရေးစစ်သူရဲတို့ကို အပြင်းအထန်တိုက်ခိုက်သဖြင့် လက်ရွေးစင်စစ်သူရဲပေါင်း ငါးသိန်းမျှ ကျဆုံး၏။ 18ထိုစဉ်က အစ္စရေးအမျိုးသားတို့သည် ရှုံးနိမ့်ကြပြီး ယုဒအမျိုးသားတို့မူကား ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြသောကြောင့် အောင်နိုင်လေ၏။
19အဘိယမင်းကြီးသည် ယေရောဗောင်မင်းကြီးကို လိုက်လံတိုက်ခိုက်ပြီး ဗေသလမြို့နှင့်ဝန်းကျင်ရှိရွာများ၊ ယေရှနမြို့နှင့်ဝန်းကျင်ရှိရွာများ၊ ဧဖရုန်#13:19 သို့မဟုတ် “ဧဖရိမ်”။မြို့နှင့်ဝန်းကျင်ရှိရွာများကို သိမ်းယူလေ၏။ 20အဘိယမင်းကြီးလက်ထက်တွင် ယေရောဗောင်မင်းကြီးသည် တန်ခိုးအာဏာမဲ့ခဲ့ရ၏။ နောက်ဆုံး၌ သူ့အား ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် သူသည် အနိစ္စရောက်လေ၏။
21အဘိယမင်းကြီးသည် အင်အားကြီးလာပြီး မိဖုရားတစ်ဆယ့်လေးယောက်ကို မြှောက်စား၍ သားတော်နှစ်ဆယ့်နှစ်ယောက်၊ သမီးတော်တစ်ဆယ့်ခြောက်ယောက်ကို ရ၏။ 22ကျန်ရှိနေသောအဘိယမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူ၏လုပ်ဆောင်မှုများ၊ သူ၏မိန့်ဆိုချက်များကို ပရောဖက်ဣဒေါ၏ရာဇဝင်ကျမ်းတွင် ရေးမှတ်ထား၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 13: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: