ရာဇဝင်ချုပ်ဒုတိယစောင် 19
19
ယေဟုက ယောရှဖတ်မင်းကြီးအား အပြစ်တင်ဆုံးမခြင်း
1ယုဒဘုရင်ယောရှဖတ်မင်းကြီးသည် ဂျေရုဆလင်မြို့ရှိ မိမိနန်းတော်သို့ ဘေးကင်းစွာပြန်လာခဲ့၏။ 2ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။ 3သို့သော် မင်းကြီး၌ ကောင်းသောအရာ ရှိ၏။ မင်းကြီးသည် တိုင်းပြည်တွင်ရှိသော အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကို ဖယ်ရှားပြီး ဘုရားသခင်ကိုရှာလိုသောစိတ်ရှိလေပြီ”ဟု သူ့အား ဆို၏။
ယောရှဖတ်မင်းကြီး၏ပြုပြင်ပြောင်းလဲခြင်းများ
4ယောရှဖတ်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် စံမြန်းတော်မူစဉ် ဗေရရှေဘမြို့မှစ၍ ဧဖရိမ်တောင်ပေါ်ဒေသတိုင်အောင် လှည့်လည်ကာ လူတို့အား ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လှည့်လာစေ၏။ 5ထို့ပြင် တိုင်းပြည်အတွင်းရှိ ယုဒခံတပ်မြို့အသီးသီးတို့တွင် တရားသူကြီးများကို ခန့်ထားပြီး 6ထိုတရားသူကြီးတို့အား “သင်တို့ပြုရမည့်အမှုကို သတိထားပြုကြလော့။ အကြောင်းမှာ သင်တို့သည် လူအဖို့စီရင်သည်မဟုတ်၊ စီရင်ချက်ချမှတ်ရာတွင် သင်တို့နှင့်အတူရှိတော်မူသော ထာဝရဘုရားအဖို့ စီရင်ရခြင်းဖြစ်၏။ 7ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် မတရားမှုကိုမပြု၊ မျက်နှာလိုက်ခြင်းမရှိ၊ တံစိုးလက်ဆောင်မခံယူ။ ထို့ကြောင့် ထာဝရဘုရားကို ကြောက်ရွံ့ပြီး သတိနှင့်လုပ်ဆောင်ကြပါလော့”ဟု မှာကြား၏။ 8ဂျေရုဆလင်မြို့တွင်လည်း ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်နှင့်ဆိုင်သောအမှု၊ အငြင်းပွားမှုတို့ကို စီရင်ရန် ယောရှဖတ်မင်းကြီးသည် လေဝိအမျိုး၊ ယဇ်ပုရောဟိတ်တို့နှင့် အစ္စရေးဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ထဲမှအချို့ကို ဂျေရုဆလင်မြို့တွင် ခန့်ထား၏။ 9ထို့ပြင် သူတို့အား “ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ သစ္စာစောင့်လျက် စိတ်ဆန္ဒအပြည့်အဝဖြင့် လုပ်ဆောင်ကြလော့။ 10မြို့အသီးသီးတွင်နေထိုင်ကြသော သင်တို့၏ညီအစ်ကိုတို့သည် အချင်းချင်းသတ်ဖြတ်မှု၊ ဥပဒေသ၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်စသည်တို့နှင့်ပတ်သက်သောအမှုအခင်းအလုံးစုံတို့ကို သင်တို့ထံသို့ ယူဆောင်လာလျှင် သင်တို့သည် သူတို့အား သတိပေးရမည်။ သို့မှ သူတို့သည် ထာဝရဘုရားကို မပြစ်မှားမိဘဲနေလိမ့်မည်။ သင်တို့နှင့် သင်တို့၏ညီအစ်ကိုအပေါ်အမျက်တော်မသက်ရောက်ဘဲနေလိမ့်မည်။ သင်တို့လည်း အပြစ်မပြုမိဘဲနေလိမ့်မည်။
11ကြည့်ရှုလော့။ ထာဝရဘုရားနှင့်ဆိုင်သောအမှုတော်အားလုံးတွင် ယဇ်ပုရောဟိတ်မင်းအာမရိသည် သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ ရှင်ဘုရင်နှင့်ဆိုင်သောအမှုကိစ္စအားလုံးတွင် ယုဒအမျိုးအနွယ်ခေါင်းဆောင် ဣရှမေလ၏သားဇေဗဒိသည် ကြီးကြပ်လိမ့်မည်။ လေဝိအမျိုးသားတို့သည်လည်း သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ အားယူ၍ လုပ်ဆောင်ကြလော့။ ကောင်းသောအမှုကိုပြုသောသင်တို့နှင့်အတူ ထာဝရဘုရား ရှိတော်မူပါစေသော”ဟု မှာကြား၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 19: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: