ရာဇဝင်ချုပ်ဒုတိယစောင် 23
23
အာသလိ ကွပ်မျက်ခံရခြင်း
1ခုနစ်နှစ်မြောက်တွင် ယောယဒသည် သတ္တိမွေးကာ ရာတပ်မှူးများဖြစ်သော ယေရောဟံ၏သားအာဇရိ၊ ယေဟောဟနန်၏သားဣရှမေလ၊ ဩဗက်၏သားအာဇရိ၊ အဒါယ၏သားမာသေယ၊ ဇိခရိ၏သားဧလိရှဖတ်တို့နှင့် ကတိသစ္စာပြု၍ 2ယုဒပြည်တစ်လျှောက်လုံးသို့လှည့်လည်သွားလာပြီး ယုဒမြို့ရွာရှိသမျှတို့မှ လေဝိအမျိုးများ၊ အစ္စရေးလူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများကို စည်းရုံးသဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ လာကြ၏။
3ထို့နောက် ဘုရားသခင်၏အိမ်တော်တွင် လူထုတစ်ရပ်လုံးသည် ရှင်ဘုရင်နှင့် ကတိသစ္စာပြုကြပြီး ယောယဒက “ဒါဝိဒ်မင်းကြီး၏သားမြေးတို့နှင့်ပတ်သက်၍ ထာဝရဘုရား ကတိထားခဲ့သည့်အတိုင်း ရှင်ဘုရင်၏သားတော်သည် အုပ်စိုးရလိမ့်မည်။ 4သင်တို့ ဤသို့ပြုရမည်။ ဥပုသ်နေ့တွင် တာဝန်ကျသောယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့ကို သုံးစုခွဲပြီး တစ်စုသည် တံခါးစောင့်ရမည်။ 5နောက်တစ်စုသည် ဘုရင့်နန်းတော်ကို စောင့်ကြပ်ရမည်။ နောက်တစ်စုသည် အုတ်မြစ်ချရာတံခါးကို စောင့်ကြပ်ရမည်။ လူအားလုံး ထာဝရဘုရား၏အိမ်တော်ဝင်းထဲ၌ ရှိနေရမည်။ 6ယဇ်ပုရောဟိတ်များနှင့် အိမ်တော်အမှုထမ်းများဖြစ်သောလေဝိအမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ ထာဝရဘုရား၏အိမ်တော်ထဲသို့ မဝင်စေနှင့်။ သူတို့သည် သန့်ရှင်းသူများဖြစ်သောကြောင့် ဝင်ခွင့်ရှိ၏။ လူအားလုံး ထာဝရဘုရား၏ညွှန်ကြားချက်ကို လိုက်နာရမည်။ 7လေဝိအမျိုးတစ်ဦးချင်းစီသည် လက်နက်ကိုကိုင်ဆောင်ထားပြီး ရှင်ဘုရင်ကို ဝိုင်းရံထားရမည်။ အိမ်တော်သို့ ဝင်လာသူတိုင်းကို သုတ်သင်ပစ်ရမည်။ ရှင်ဘုရင်သွားလာလေရာရာသို့ သင်တို့လိုက်ပါစောင့်ရှောက်ရမည်”ဟု မှာကြားလေ၏။
8လေဝိအမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့သည် ယဇ်ပုရောဟိတ်ယောယဒ မှာကြားသည့်အတိုင်း ပြုကြ၏။ ယဇ်ပုရောဟိတ်ယောယဒက အလှည့်ကျအဖွဲ့များကို ပြန်မလွှတ်ပေးသောကြောင့် အဖွဲ့ခေါင်းဆောင်များသည် ဥပုသ်နေ့တွင် တာဝန်ကျသူများနှင့် တာဝန်မကျသူများပါ အသီးသီးမိမိတို့လူကို ခေါ်ထားကြ၏။ 9ထို့နောက် ယဇ်ပုရောဟိတ်ယောယဒသည် ဘုရားသခင်၏အိမ်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများ၊ ဒိုင်းလွှားကြီးများ၊ ဒိုင်းလွှားငယ်များကို ရာတပ်မှူးတို့အား ပေးအပ်၏။ 10လူအပေါင်းတို့ကို လက်နက်ကိုယ်စီကိုင်ဆောင်စေပြီး အိမ်တော်တောင်ဘက်ထောင့်မှ အိမ်တော်မြောက်ဘက်ထောင့်အထိ ယဇ်ပလ္လင်အနား၊ အိမ်တော်အနားတို့၌ နေရာယူလျက် ရှင်ဘုရင်ကို ခြံရံစေ၏။
11ထို့နောက် ယဇ်ပုရောဟိတ်သည် ဘုရင့်သားတော်ကို ထုတ်ဆောင်လာ၍ သရဖူနှင့်တကွ ကတိဝန်ခံလွှာကို အပ်နှင်း၏။ ယောယဒနှင့်သူ၏သားတို့သည်လည်း သူ့ကို ဘိသိက်ပေးမင်းမြှောက်ကာ “မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြ၏။
12အာသလိဘုရင်မသည် လူတို့ပြေးလွှားလှုပ်ရှားနေ၍ ရှင်ဘုရင်အားချီးမွမ်းသီဆိုနေသောအသံကို ကြားလျှင် လူတို့စုဝေးရာထာဝရဘုရား၏အိမ်တော်သို့ သွား၏။ 13ရှင်ဘုရင်သည် အဝင်ဝတိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများလည်း ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာတူရိယာမှုတ်လျက် သီချင်းများချီးမွမ်းသီဆိုနေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
14ယဇ်ပုရောဟိတ်ယောယဒက စစ်သည်တို့ကို အုပ်ချုပ်ရသောရာတပ်မှူးတို့ကို ခေါ်ထုတ်ပြီး “သူ့ကို စောင့်ကြပ်ထားသောနေရာမှ ဆွဲထုတ်လိုက်ကြ။ သူ့နောက်မှ လိုက်ပါလာသောသူတို့ကိုလည်း ဓားနှင့်ကွပ်မျက်လိုက်ကြ”ဟု အမိန့်ပေးလိုက်၏။ ယဇ်ပုရောဟိတ်က “သူ့ကို ထာဝရဘုရား၏အိမ်တော်တွင် မသတ်ကြနှင့်”ဟု မှာထားသဖြင့် 15သူ့ကိုဖမ်းချုပ်ခေါ်ဆောင်သွားပြီး ဘုရင့်နန်းတွင်း မြင်းဝင်ရာတံခါးဝသို့ရောက်သောအခါ သူ့ကို ကွပ်မျက်လိုက်ကြလေ၏။
ယောယဒ၏ပြုပြင်ပြောင်းလဲခြင်း
16ထို့နောက် ယောယဒသည် မိမိအပါအဝင် ရှင်ဘုရင်နှင့်ပြည်သူပြည်သားအားလုံး ထာဝရဘုရား၏လူမျိုးတော်များအဖြစ်တည်နေစေရန် ကတိသစ္စာပြုကြ၏။ 17ထို့နောက် ပြည်သူပြည်သားအပေါင်းတို့သည် ဗာလဘုရားဝတ်ကျောင်းသို့သွား၍ ထိုဝတ်ကျောင်းကိုဖြိုဖျက်ပစ်ပြီး သူ၏ယဇ်ပလ္လင်များ၊ ရုပ်တုများကို ချိုးဖျက်ပစ်ကြ၏။ ဗာလဘုရား၏ယဇ်ပုရောဟိတ်မဿန်ကိုလည်း ယဇ်ပလ္လင်ရှေ့တွင် ကွပ်မျက်လိုက်ကြ၏။
18ထို့နောက် ယောယဒသည် ဒါဝိဒ်မင်းကြီးကိုယ်တိုင် ခွဲခန့်ထားခဲ့သည့် ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား ထာဝရဘုရား၏အိမ်တော်ကို တာဝန်ယူကြီးကြပ်ရန် ခန့်ထား၏။ သူတို့သည် မောရှေ၏ပညတ်တရားကျမ်းတွင်ရေးထားသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ရပြီး ဒါဝိဒ်မင်းကြီးမိန့်မှာထားခဲ့သည့်အတိုင်း ဝမ်းမြောက်စွာချီးမွမ်းသီချင်း သီဆိုရသောသူများဖြစ်ကြ၏။ 19တစ်စုံတစ်ရာကြောင့် ညစ်ညူးသောသူတို့ မဝင်ရောက်နိုင်စေရန် ထာဝရဘုရား၏အိမ်တော်တံခါးများတွင် တံခါးစောင့်များကို ချထား၏။ 20ရာတပ်မှူးများ၊ မှူးမတ်များ၊ ပြည်သူတို့ကိုကြီးကြပ်ပေးမည့်သူများနှင့် ပြည်သူပြည်သားအားလုံးတို့ကို ဆင့်ခေါ်၍ ရှင်ဘုရင်ကို ထာဝရဘုရား၏အိမ်တော်မှခေါ်ထုတ်လာကြ၍ အထက်တံခါးလမ်းအတိုင်း ဘုရင့်နန်းတော်သို့ကြွချီစေပြီး တော်ဝင်ရာဇပလ္လင်တွင် စံမြန်းစေလေ၏။ 21ပြည်သူပြည်သားအပေါင်းတို့သည်လည်း ဝမ်းမြောက်ပျော်ရွှင်ကြ၏။ အာသလိဘုရင်မကို ဓားနှင့်ကွပ်မျက်လိုက်ပြီဖြစ်၍ တစ်မြို့လုံးငြိမ်းချမ်းလေ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 23: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: