ရာဇဝင်ချုပ်ဒုတိယစောင် 27
27
ယုဒဘုရင်ယောသံမင်းကြီး
1ယောသံနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ မယ်တော်ကား ဇာဒုတ်၏သမီး ယေရုရှာအမည်ရှိ၏။ 2ယောသံမင်းကြီးသည် ထာဝရဘုရား၏ရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၍ ခမည်းတော်ဩဇိမင်းကြီးပြုကျင့်သမျှအတိုင်း ပြုကျင့်၏။ ထာဝရဘုရား၏ဗိမာန်တော်သို့လည်း မဝင်။ ပြည်သူပြည်သားတို့မူကား အကျင့်ပျက်ပြားလျက် ရှိသေး၏။
3သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကို တည်ဆောက်၏။ ဩဖေလမြို့ရိုးကိုလည်း ခိုင်ခံ့အောင် တည်ဆောက်၏။ 4ယုဒတောင်ပေါ်ဒေသတွင်လည်း မြို့ရွာများကို တည်၏။ တောထဲတွင်လည်း ခံတပ်များ၊ မျှော်စင်များကို တည်၏။ 5သူသည် အမ္မုန်ဘုရင်နှင့်စစ်တိုက်ရာတွင် အောင်နိုင်သောကြောင့် ထိုနှစ်တွင် အမ္မုန်အမျိုးသားတို့သည် သူ့အား ငွေတာလန်တစ်ရာ#27:5 “2200 ပိဿာ သို့မဟုတ် 3400 ကီလိုဂရမ်”။၊ ဂျုံဆန်ကောရတစ်သောင်း#27:5 “2200000 လီတာ”။၊ မုယောဆန်ကောရတစ်သောင်း ဆက်ကြေးပေးရ၏။ ဒုတိယနှစ်၊ တတိယနှစ်တို့တွင်လည်း အမ္မုန်အမျိုးသားတို့သည် သူ့အား ထိုသို့ပေးရ၏။ 6ယောသံမင်းကြီးသည် မိမိ၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းသောကြောင့် အင်အားကြီးမားလာ၏။
7ကျန်ရှိနေသော ယောသံမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ သူ၏အပြုအမူအကျင့်အကြံအလုံးစုံတို့ကို အစ္စရေးဘုရင်၊ ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ 8သူသည် နန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။ 9ယောသံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 27: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: