ရာဇဝင်ချုပ်ဒုတိယစောင် 8
8
ရှောလမုန်မင်းကြီး၏နောက်ပိုင်းအဆောက်အအုံ
1ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် သူစံမြန်းရန်နန်းတော်ကို တည်ဆောက်ချိန် အနှစ်နှစ်ဆယ်ကြာသောအခါ 2ရှောလမုန်မင်းကြီးသည် မိမိအား ဟုရံ#8:2 သို့မဟုတ် “ဟိရံ”။မင်းကြီးပေးထားသောမြို့ရွာများကို ပြန်လည်တည်ဆောက်ပြီး အစ္စရေးအမျိုးသားတို့အား ထိုမြို့များတွင် နေထိုင်စေ၏။ 3ထို့နောက် ရှောလမုန်မင်းကြီးသည် ဟာမတ်ဇောဘတ်မြို့ကို ချီတက်သိမ်းပိုက်၏။ 4ထို့ပြင် ကန္တာရအရပ်တွင် တာဒမော်မြို့နှင့် ဟာမတ်အရပ်တွင် ပစ္စည်းသိုလှောင်ရာမြို့များကို တည်ဆောက်၏။ 5မြို့ရိုးများ၊ မြို့တံခါးများ၊ ကန့်လန့်ကျင်များပါရှိသည့် ခံတပ်မြို့ဖြစ်သော အထက်ဗေသောရုန်မြို့နှင့် အောက်ဗေသောရုန်မြို့တို့ကိုလည်း ပြန်လည်တည်ဆောက်၏။ 6ဗာလတ်မြို့၊ ရှောလမုန်ဘဏ္ဍာသိုလှောင်ရာမြို့များ၊ စစ်ရထားမြို့များ၊ မြင်းစီးသူရဲမြို့များသာမက ဂျေရုဆလင်မြို့၊ လက်ဘနွန်တောင်အပါအဝင် မိမိအုပ်စိုးရာနယ်မြေရှိသမျှတို့တွင် ဆောက်လိုသောအဆောက်အအုံများကိုလည်း စိတ်တိုင်းကျဆောက်လုပ်လေ၏။
7အစ္စရေးလူမျိုးမဟုတ်သော ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထဲမှ ကြွင်းကျန်သောလူမျိုးအားလုံးနှင့် 8အစ္စရေးအမျိုးသားတို့ အကုန်အစင်မသုတ်သင်နိုင်ခဲ့ဘဲ တိုင်းပြည်တွင်ကြွင်းကျန်နေခဲ့သောသူတို့၏သားမြေးများကို ရှောလမုန်မင်းကြီးသည် အလုပ်ကြမ်းသမားများအဖြစ် ယနေ့တိုင်အောင်ထားရှိ၏။ 9ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို ကျွန်အဖြစ်မထားရှိဘဲ စစ်သူရဲများ၊ မင်းမှုထမ်းများ၊ အကြီးအကဲများ၊ တပ်မှူးများ၊ ရထားမှူးများ၊ မြင်းစီးသူရဲများအဖြစ် ထားရှိ၏။ 10မင်းမှုထမ်းတို့ကိုကြီးကြပ်သော ရှောလမုန်မင်းကြီး၏မှူးမတ်အကြီးအကဲ အယောက်နှစ်ရာ့ငါးဆယ်ရှိ၏။
11ရှောလမုန်မင်းကြီးက “ထာဝရဘုရား၏သေတ္တာတော်ရောက်ရှိရာနေရာတိုင်းသည် သန့်ရှင်းသည်ဖြစ်၍ ဖာရောမင်းကြီး၏သမီးတော်သည် အကျွန်ုပ်၏မိဖုရားဖြစ်သော်လည်း အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီး၏နန်းဆောင်တွင် မနေသင့်”ဟု ဆိုလျက် ဖာရောမင်းကြီး၏သမီးတော်ကို ဒါဝိဒ်မြို့မှ သူ့အဖို့ဆောက်လုပ်ပေးသောနန်းတော်သို့ ပို့ဆောင်၏။
ဗိမာန်တော်၌ လူထုဝတ်ပြုကိုးကွယ်မှုစတင်ခြင်း
12ထို့နောက် ရှောလမုန်မင်းကြီးသည် ဆင်ဝင်ရှေ့တွင်တည်ထားသော ထာဝရဘုရား၏ယဇ်ပလ္လင်တော်ပေါ်တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။ 13မောရှေ၏ပညတ်တော်တွင်ပါရှိသည့်အတိုင်း နေ့စဉ်ဆက်သနေသောအလှူများ၊ ဥပုသ်နေ့၊ လဆန်းနေ့တို့တွင် ဆက်သသောအလှူများ၊ တစ်နှစ်လျှင်သုံးကြိမ်ကျင်းပရသောပွဲတော်များဖြစ်သည့် တဆေးမဲ့မုန့်ပွဲတော်၊ ခုနစ်သီတင်းပွဲတော်၊ ယာယီတဲစုပွဲတော်တို့တွင် ဆက်သသောအလှူများကို ပူဇော်၏။ 14ခမည်းတော်ဒါဝိဒ်မင်းကြီး စီမံထားခဲ့သည့်အတိုင်း ယဇ်ပုရောဟိတ်တို့ကို အလှည့်ကျ တာဝန်ခွဲဝေပေး၏။ လေဝိအမျိုးသားတို့ကိုလည်း နေ့စဉ် ယဇ်ပုရောဟိတ်တို့ရှေ့တွင် အမှုတော်ထမ်းဆောင်ရမည့်တာဝန်နှင့် ကျေးဇူးတော်ချီးမွမ်းရမည့်တာဝန်ကို ခွဲဝေပေး၏။ တံခါးတိုင်းတွင် အလှည့်ကျတံခါးစောင့်များကိုလည်း ခန့်အပ်ထား၏။ ဤသည်မှာ ဘုရားသခင်၏လူ ဒါဝိဒ်မင်းကြီး၏အမိန့်တော်ဖြစ်၏။ 15ဘဏ္ဍာတိုက်မှစ၍ မည်သည့်ကိစ္စရပ်မဆို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့သည် ဘုရင့်အမိန့်တော်ကို တသဝေမတိမ်းလိုက်နာကြရ၏။ 16ထာဝရဘုရား၏အိမ်တော်အုတ်မြစ်ချသည့်နေ့မှစ၍ အားလုံးပြီးစီးသည်အထိ ရှောလမုန်မင်းကြီး လုပ်ဆောင်ရမည့်လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးလေ၏။ ဤသို့ဖြင့် ထာဝရဘုရား၏အိမ်တော်ဆောက်လုပ်ခြင်းအမှု ပြီးစီးလေ၏။
ရှောလမုန်မင်းကြီး၏သင်္ဘော
17ထို့နောက်တွင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်ကမ်းခြေရှိ ဧဇယုန်ဂါဗာမြို့နှင့် ဧလတ်မြို့သို့ သွားလေ၏။ 18ဟုရံ#8:18 “ဟိရံ” (၃ရာ 9:27)။မင်းကြီးသည် ပင်လယ်ပြင်အကြောင်းသိနားလည်သော မိမိအမှုထမ်းသင်္ဘောသားများနှင့်တကွ သင်္ဘောများကို ရှောလမုန်မင်းကြီးထံ စေလွှတ်၍ ရှောလမုန်မင်းကြီး၏အမှုထမ်းတို့နှင့်အတူ ဩဖိရမြို့သို့ ရွက်လွှင့်သွားကြပြီး ရွှေတာလန်လေးရာ့ငါးဆယ်#8:18 “9900 ပိဿာ သို့မဟုတ် 15300 ကီလိုဂရမ်”။ယူဆောင်လာ၍ ရှောလမုန်မင်းကြီးကို ဆက်သကြ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 8: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: