ဓမ္မရာဇဝင်ဒုတိယစောင် 21
21
ဂိဗောင်အမျိုးများအတွက် တရားမျှတမှု
1ဒါဝိဒ်မင်းကြီးလက်ထက်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဆက်တိုက်ဖြစ်၏။ ထို့ကြောင့် ဒါဝိဒ်မင်းကြီးက ထာဝရဘုရားထံမေးလျှောက်လျှင် ထာဝရဘုရားက “ရှောလုသည် ဂိဗောင်မြို့သားတို့ကို သတ်၍ အမျိုးအနွယ်ထဲတွင် သွေးစွန်းစေသောအပြစ်ကြောင့် ဤသို့ဖြစ်ရပြီ”ဟု မိန့်တော်မူ၏။
2ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်မြို့သားတို့ကို ဆင့်ခေါ်ပြီးလျှင် သူတို့နှင့်စကားပြော၏။ ဂိဗောင်မြို့သားတို့သည် အစ္စရေးအနွယ်ဝင်မဟုတ်။ အာမောရိလူမျိုးအကြွင်းအကျန်များ ဖြစ်ကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့နှင့်ကတိသစ္စာပြုခဲ့သော်လည်း ရှောလုမင်းကြီးသည် အစ္စရေးအမျိုးနှင့် ယုဒအမျိုးတို့အဖို့စိတ်အားကြီး၍ သူတို့ကို သုတ်သင်ရန် ကြိုးစားခဲ့၏။ 3ဒါဝိဒ်မင်းကြီးက ဂိဗောင်မြို့သားတို့အား “ယခု သင်တို့အဖို့ ငါ မည်သို့ပြုပေးရမည်နည်း။ ထာဝရဘုရား၏အမွေတော်ကို သင်တို့ကောင်းချီးပေးကြဖို့ ငါ မည်သို့အပြစ်ဖြေရမည်နည်း”ဟု မေးလျှင်
4ဂိဗောင်မြို့သားတို့က “အကျွန်ုပ်တို့သည် ရှောလုနှင့်သူ့အမျိုးအနွယ်တို့ထံမှ ရွှေငွေကို မတောင်းပါ။ အစ္စရေးလူမျိုးတစ်ယာက်ကိုမှလည်း မသတ်လိုပါ”ဟု ပြန်လျှောက်ကြလျှင် ဒါဝိဒ်မင်းကြီးက “သင်တို့ အလိုရှိသမျှကို ငါပြုပေးပါမည်”ဟု မိန့်ဆို၏။
5သူတို့က ရှင်ဘုရင်အား “အကျွန်ုပ်တို့လူမျိုးကို အစ္စရေးနယ်မြေတစ်ခွင်လုံးမှပပျောက်သွားအောင် ဝါးမျိုသုတ်သင်ပစ်ရန် ကြံစည်သူမှာ ဤသူပင်ဖြစ်ပါ၏။ 6ထို့ကြောင့် သူ့သားခုနစ်ယောက်ကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူပါ။ ထာဝရဘုရား ရွေးကောက်ခံရသူရှောလု၏ဇာတိမြို့ဖြစ်သော ဂိဗာမြို့၌ သူတို့ကို ထာဝရဘုရားရှေ့တော်တွင် ကြိုးဒဏ်ပေးပါမည်”ဟု လျှောက်တင်ကြလျှင် ရှင်ဘုရင်က “ငါအပ်ပေးမည်”ဟု မိန့်ဆို၏။
7သို့သော် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမင်းကြီး၏သားယောနသန်တို့ကြား၌ ထာဝရဘုရားကိုတိုင်တည်၍ ပြုထားသောကတိသစ္စာကြောင့် ရှင်ဘုရင်သည် ရှောလု၏မြေး၊ ယောနသန်၏သား မေဖိဗောရှက်ကို ချမ်းသာပေး၏။ 8ထို့ကြောင့် ရှင်ဘုရင်သည် ရှောလုမင်းကြီးအဖို့ အာယ၏သမီးရိဇပက မွေးဖွားပေးသောသားနှစ်ယောက်ဖြစ်သည့် အာမောနိနှင့်မေဖိဗောရှက်၊ မေဟောလသိမြို့သား ဗာဇိလဲ၏သားအဒြေလအဖို့ ရှောလုမင်းကြီး၏သမီးမိခါလကမွေးဖွားပေးသောသားငါးယောက်တို့ကို ခေါ်ယူပြီး 9ဂိဗောင်မြို့သားတို့လက်သို့ အပ်လိုက်သဖြင့် ဂိဗောင်မြို့သားတို့သည် သူတို့ကို ထာဝရဘုရားရှေ့တော် တောင်ပေါ်တွင်ကြိုးဒဏ်ပေး၏။ သူတို့သည် သီးနှံရိတ်သိမ်းချိန် မုယောစပါးစတင်ရိတ်သိမ်းသော ပထမရက်တွင် အသတ်ခံရ၍ ခုနစ်ဦးစလုံး ပြိုင်တူသေကြလေ၏။
ရှောလုမင်းကြီး၏မိသားစုကို သင်္ဂြုလ်ခြင်း
10အလောင်းတို့ကို နေ့အချိန်တွင် မိုးကောင်းကင်ငှက်တို့ မထိပါးအောင်၊ ညအချိန်တွင် တောတိရစ္ဆာန်တို့ လာမဆွဲအောင် အာယ၏သမီးရိဇပက လျှော်တေအဝတ်ကိုယူ၍ ကျောက်ဖျာတစ်ခုပေါ်တွင်ခင်းထိုင်ပြီး သီးနှံရိတ်သိမ်းချိန်မှစ၍ အလောင်းပေါ်သို့ ကောင်းကင်မှမိုးရွာချသည့်အချိန်ထိ စောင့်ရှောက်ပေးခဲ့၏။
11ရှောလုမင်းကြီး၏မောင်းမ အာယ၏သမီး ရိဇပပြုသောအမှုကို ဒါဝိဒ်မင်းကြီးအား ကြားလျှောက်ကြ၏။ 12ထိုအခါ ဒါဝိဒ်မင်းကြီးသည် ယာဗက်ဂိလဒ်မြို့သားတို့ထံမှ ရှောလုမင်းကြီးနှင့်သားတော်ယောနသန်တို့၏အရိုးကို သွားယူလာခဲ့၏။ ရှောလုမင်းကြီးကိုဂိလဗောတောင်ပေါ်တွင် ဖိလိတ္တိလူမျိုးတို့သတ်သောနေ့၌ ဗက်ရှန်မြို့ လမ်းဆုံလမ်းခွတွင် သူတို့အား ချိတ်ဆွဲထားသည်ကို ယာဗက်ဂိလဒ်မြို့သားတို့ ခိုးယူခဲ့ကြခြင်းဖြစ်၏။ 13ဒါဝိဒ်မင်းကြီးသည် ယာဗက်ဂိလဒ်မြို့မှ ရှောလုမင်းကြီးနှင့် သားတော်ယောနသန်တို့၏အရိုးများကို ယူလာ၏။ ကြိုးဒဏ်ခံရသောသူတို့၏အရိုးများကိုလည်း စုသိမ်းစေ၏။ 14ရှောလုမင်းကြီးနှင့် သားတော်ယောနသန်တို့၏အရိုးကို ဗင်္ယာမိန်ပြည်၊ ဇေလမြို့ရှိ ရှောလုမင်းကြီး၏ဖခင် ကိရှ၏သင်္ချိုင်းတွင် သင်္ဂြိုဟ်လိုက်ကြ၏။ ရှင်ဘုရင်၏အမိန့်တော်အတိုင်း အလုံးစုံပြုပြီးသောအခါမှ ဘုရားသခင်သည် ပြည်တော်အတွက် ဆုတောင်းသံကို နားညောင်းတော်မူလေ၏။
ကိုယ်ခန္ဓာကြီးမားသောဖိလိတ္တိလူမျိုးများ
15တစ်ဖန် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို စစ်လာတိုက်ကြပြန်၏။ ဒါဝိဒ်မင်းကြီးသည် မိမိစစ်သည်တို့နှင့်အတူသွား၍ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ရာ ဒါဝိဒ်မင်းကြီး အလွန်မောပန်းနေစဉ်တွင် 16အသစ်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ရှယ်ကယ်သုံးရာ#21:16 “2.25 ပိဿာ သို့မဟုတ် 3.4 ကီလိုဂရမ်”။လေးသောကြေးနီလှံတံကိုကိုင်ဆောင်သည့် ရေဖိမ်အနွယ်ဝင် ဣရှဗိဗေနုပ်သည် ဒါဝိဒ်မင်းကြီးကို သတ်မည်ပြု၏။ 17ထိုအခါ ဇေရုယာ၏သား အဘိရှဲသည် ဒါဝိဒ်မင်းကြီးကိုလာကူပြီး ထိုဖိလိတ္တိသူရဲကို တိုက်ခိုက်သတ်ဖြတ်လိုက်လေ၏။ ထို့နောက် ဒါဝိဒ်မင်းကြီး၏စစ်သည်တို့က သူ့အား “အစ္စရေးလူမျိုး၏ဆီမီး ငြိမ်းမသွားစေရန် နောက်နောင် အကျွန်ုပ်တို့နှင့်အတူ စစ်ပွဲရှိရာသို့ မလိုက်ပါနှင့်တော့”ဟု ဆိုလျက် ဒါဝိဒ်မင်းကြီးအား ကျိန်ဆိုစေ၏။
18ထို့နောက်တွင် ဂေါဘမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ဟုရှသိလူမျိုး သိဗေခဲသည် ရေဖိမ်အနွယ်ဝင် သာဖကို သတ်လိုက်၏။
19ထို့နောက်တွင် ဂေါဘမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ဗက်လင်မြို့သား၊ ယာဣရု၏သား ဧလဟာနန်သည် ယက်ကန်းလိပ်တမျှကြီးသောလှံရိုးကို ကိုင်ဆောင်သည့် ဂိတ္တိလူမျိုး ဂေါလျတ်ကို သတ်လိုက်၏။
20ထို့နောက်တွင် ဂါသမြို့၌ တိုက်ပွဲထပ်ဖြစ်ပြန်ရာ လက်တစ်ဖက်တွင်လက်ချောင်းခြောက်ချောင်း၊ ခြေတစ်ဖက်တွင်ခြေချောင်းခြောက်ချောင်း စုစုပေါင်းလက်ချောင်းခြေချောင်း နှစ်ဆယ့်လေးချောင်းရှိပြီး ခန္ဓာထွားကျိုင်းသော ရေဖိမ်အနွယ်ဝင်လူတစ်ဦးက 21အစ္စရေးလူမျိုးတို့အား စိန်ခေါ်သဖြင့် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သားယောနသန်သည် သူ့ကို သတ်လိုက်လေ၏။
22ရေဖိမ်အနွယ်ဝင် ထိုဂါသမြို့သားလေးဦးတို့သည် ဒါဝိဒ်မင်းကြီးနှင့် သူ့စစ်သူရဲတို့၏လက်ချက်ဖြင့် ကျဆုံးကုန်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ဒုတိယစောင် 21: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: