ဓမ္မရာဇဝင်ဒုတိယစောင် 4
4
ဣရှဗောရှက်လုပ်ကြံသတ်ဖြတ်ခံရခြင်း
1အာဗနာသည် ဟေဗြုန်မြို့၌သေဆုံးသွားပြီဖြစ်ကြောင်းကို ရှောလုမင်းကြီး၏သား ကြားသောအခါ စိတ်ပျက်အားလျော့သွားလေ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည်လည်း ထိတ်လန့်ကြလေ၏။ 2ရှောလုမင်းကြီး၏သားတွင် စစ်သူရဲအကြီးအကဲနှစ်ဦးရှိ၏။ သူတို့သည် ဗင်္ယာမိန်အမျိုးသား၊ ဗေရောသိလူမျိုး၊ ရိမ္မုန်၏သားများဖြစ်ကြ၏။ တစ်ယောက်၏အမည်မှာ ဗာနာဖြစ်၍ နောက်တစ်ယောက်၏အမည်မှာ ရေခပ်ဖြစ်၏။ ဗေရုတ်မြို့အား ဗင်္ယာမိန်အပိုင်ဟု သတ်မှတ်ထား၏။ 3ဗေရောသိလူမျိုးတို့သည် ဂိတ္တိမ်အရပ်သို့ထွက်ပြေးသွားကြပြီး ထိုအရပ်တွင် ယနေ့တိုင် တည်းခိုနေထိုင်ကြ၏။
4ရှောလုမင်းကြီး၏သား ယောနသန်၌ ခြေမသန်သောသားတစ်ဦးရှိ၏။ ယေဇရေလမြို့မှ ရှောလုမင်းကြီးနှင့်ယောနသန်၏သတင်းရောက်လာချိန်၌ ထိုသားသည် အသက်ငါးနှစ်သာရှိသေး၏။ ထိုသတင်းကြောင့် သူ့အထိန်းတော်သည် သူ့ကိုပွေ့ချီလျက် အလန့်တကြားထွက်ပြေးရာမှ ထိုကလေးပြုတ်ကျပြီး ခြေမသန်ဖြစ်ရခြင်းဖြစ်၏။ ထိုကလေး၏အမည်မှာ မေဖိဗောရှက်ဖြစ်၏။
5ဗေရောသိလူမျိုး ရိမ္မုန်၏သား ရေခပ်နှင့်ဗာနာတို့သည် ဣရှဗောရှက်မင်းကြီး၏အိမ်သို့လာကြရာ နေ့လယ် ပူပြင်းသောအချိန်တွင် ရောက်ကြ၏။ ဣရှဗောရှက်မင်းကြီးမှာ နေ့ခင်းနေ့လယ် တစ်ရေးတစ်မောအိပ်လျက်နေ၏။ 6ရေခပ်နှင့်ဗာနာ ညီအစ်ကိုနှစ်ဦးသည် ဂျုံစပါးယူသူအယောင်ဆောင်ပြီး အိမ်အတွင်းခန်းသို့ဝင်ကာ ဣရှဗောရှက်မင်းကြီး၏ဝမ်းကို ထိုးပြီးလျှင် ထွက်ပြေးသွားကြ၏။ 7သူတို့သည် အိမ်ထဲသို့ ဝင်၍ အိပ်ခန်းထဲရှိ အိပ်ရာပေါ်တွင် ဣရှဗောရှက်မင်းကြီး အိပ်နေစဉ် သူ့ကိုထိုးသတ်ပြီးလျှင် သူ၏ခေါင်းကိုဖြတ်ပြီး ထိုခေါင်းကိုယူ၍ အရာဗလွင်ပြင်လမ်းအတိုင်း တစ်ညလုံးထွက်ပြေးလာခဲ့ကြခြင်းဖြစ်၏။ 8ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကို ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီးထံသို့ယူလာပြီး ရှင်ဘုရင်အား “အရှင်၏အသက်ကိုရန်ရှာသော အရှင့်ရန်သူရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကိုကြည့်ပါ။ ယနေ့တွင် ထာဝရဘုရားသည် အကျွန်ုပ်၏သခင် အရှင်မင်းကြီးအား ရှောလုမင်းကြီးနှင့် သူ့အမျိုးအနွယ်ကို လက်တုံ့ပြန်ခွင့်ပေးတော်မူပြီ”ဟု လျှောက်တင်ကြ၏။
9ထိုအခါ ဒါဝိဒ်မင်းကြီးက ဗေရောသိလူမျိုး၊ ရိမ္မုန်၏သားဖြစ်သော ရေခပ်နှင့်ဗာနာ ညီအစ်ကိုတို့အား “ငါ့အသက်ကို ဘေးဒုက္ခအပေါင်းမှ ရွေးနုတ်ကယ်တင်တော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ 10လူတစ်ယောက်က ‘ကြည့်ပါ။ ရှောလုမင်းကြီးသေပြီ’ဟု ငါ့ထံ သတင်းလာပြော၏။ သူသည် သူ့ကိုယ်သူ သတင်းကောင်းယူလာသူဟု မြင်သော်လည်း ငါသည် သူ့ကိုဖမ်းပြီး ဇိကလတ်မြို့တွင် ကွပ်မျက်လိုက်၏။ ဤသည်မှာ ထိုသတင်းအတွက် သူ့ကို ငါပေးသောဆုလာဘ်ဖြစ်၏။ 11အပြစ်မဲ့သူကို သူ့အိမ်၊ သူ့အိပ်ရာပေါ်အထိ လာသတ်သောလူဆိုးတို့ကို ထိုထက်မက ပြုသင့်သည်မဟုတ်လော။ ယခုမှာ ငါသည် သူ့သွေးကြွေးကို သင်တို့ထံမှတောင်း၍ သင်တို့ကို မြေကြီးပေါ်မှ ဖယ်ရှားပစ်သင့်သည် မဟုတ်လော”ဟု ဆိုပြီးလျှင်
12ဒါဝိဒ်မင်းကြီးက လုလင်တို့အား အမိန့်ပေးလိုက်ရာ လုလင်တို့သည်လည်း ထိုညီအစ်ကိုကိုသတ်ပြီး ခြေလက်တို့ကိုဖြတ်ကာ ဟေဗြုန်မြို့ရှိရေကန်အနီးတွင် ချိတ်ဆွဲထားလေ၏။ ထို့နောက် ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကိုယူ၍ ဟေဗြုန်မြို့ရှိ အာဗနာ၏သင်္ချိုင်း၌ သင်္ဂြိုဟ်လိုက်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ဒုတိယစောင် 4: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: