YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 27:21-26

တမန်တော်ဝတ္ထု 27:21-26 MSBU

လူ​တို့​သည် ကြာမြင့်​စွာ​အစာ​မ​စား​ဘဲ​နေ​ကြ​သောအခါ ပေါလု​သည် သူ​တို့​အလယ်​၌​ရပ်​လျက် “အို မိတ်ဆွေ​တို့၊ သင်​တို့​သည် အကျွန်ုပ်​၏​စကား​ကို​နားထောင်​၍ ကရေတေ​ကျွန်း​မှ​မ​ထွက်ခွာ​ဘဲ နေ​သင့်​ပေ​သည်။ သို့ပြုလျှင် ဤ​ဘေးအန္တရာယ်​နှင့်​ဆုံးရှုံး​မှု​တို့​မှ ကင်းလွတ်​ခဲ့​ရ​ကြ​ပေ​လိမ့်မည်။ သို့သော် အားမငယ်​ကြ​ရန် သင်​တို့​အား အကျွန်ုပ်​တိုက်တွန်း​ပါ​သည်။ အကြောင်းမူကား သင်​တို့​ထဲမှ တစ်စုံတစ်ဦး​မျှ အသက်​ဆုံးရှုံး​ရ​မည်​မ​ဟုတ်။ သင်္ဘော​ကို​သာ ဆုံးရှုံး​ရ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် အကျွန်ုပ်​ကို​ပိုင်သ​တော်မူ​သည့် အကျွန်ုပ်​ဝတ်ပြု​သော​ဘုရားသခင်​၏​ကောင်းကင်​တမန်​သည် လွန်​ခဲ့​သော​ည​က အကျွန်ုပ်​အနီး၌​ရပ်​လျက် ‘ပေါလု၊ မ​စိုးရိမ်​နှင့်။ သင်​သည် ဆီဇာ​ဧကရာဇ်​ရှေ့သို့​ရောက်​ရ​မည်။ ဘုရားသခင်​သည် သင်​နှင့်အတူ​ရွက်လွှင့်​နေ​သူ​အပေါင်း​တို့​ကို​လည်း သင့်​အား ပေးအပ်​တော်မူ​ပြီ’​ဟု မြွက်ဆို​ခဲ့​ပါ​သည်။ သို့ဖြစ်၍ မိတ်ဆွေ​တို့၊ အားမငယ်​ကြ​နှင့်။ အကြောင်းမူကား အကျွန်ုပ်​အား​မိန့်​တော်မူ​သည့်​အတိုင်း​ပင် ဖြစ်​လိမ့်မည်​ဟု ဘုရားသခင်​ကို​အမှီပြု၍ အကျွန်ုပ်​ယုံကြည်​ပါ​သည်။ အကျွန်ုပ်​တို့​သည် ကျွန်း​တစ်​ခု​တွင် သောင်တင်​ရ​လိမ့်မည်”​ဟု ဆို​လေ​၏။