ဒံယေလအနာဂတ္တိကျမ်း 11
11
1မေဒိလူမျိုး ဒါရိမင်းကြီး နန်းစံပထမနှစ်တွင်လည်း သူ့ဘက်မှရပ်တည်၍ အင်အားဖြည့်ကာကွယ်ပေးခဲ့၏။
ပါးရှားနိုင်ငံနှင့် ဂရိနိုင်ငံအကြောင်း ကြိုတင်ဟောပြောခြင်း
2ယခု သင့်အား မှန်သောအရာကို ပြောပြမည်။ ကြည့်ရှုလော့။ ပါးရှားနိုင်ငံတွင် ရှင်ဘုရင်သုံးပါး ထပ်ပေါ်လာလိမ့်မည်။ ထို့နောက် ပေါ်လာမည့်စတုတ္ထဘုရင်သည် အခြားဘုရင်အားလုံးထက် ဓနဥစ္စာကြွယ်ဝသူဖြစ်မည်။ သူသည် ဓနဥစ္စာဖြင့် အင်အားကြီးလာသောအခါ လူအပေါင်းတို့ကို လှုံ့ဆော်၍ ဂရိနိုင်ငံကို တိုက်ခိုက်လိမ့်မည်။ 3ထို့နောက် အားကြီးသောရှင်ဘုရင်တစ်ပါး ပေါ်လာလိမ့်မည်။ သူသည် ဩဇာအာဏာကြီးမားလျက် အုပ်စိုးလိမ့်မည်။ အလိုရှိသည့်အတိုင်း ပြုလိမ့်မည်။ 4သူပေါ်လာပြီးမကြာမီမှာပင် သူ့နိုင်ငံသည် ပျက်စီးသွား၍ မိုးကောင်းကင်အောက်အရပ်လေးမျက်နှာသို့ ကွဲပြားသွားလိမ့်မည်။ ထိုနိုင်ငံကို သူ၏သားစဉ်မြေးဆက်တို့ ဆက်ခံရကြမည်မဟုတ်။ သူအုပ်စိုးခဲ့သည့်အာဏာစက်မျိုး ရှိတော့မည်မဟုတ်။ သူ၏နိုင်ငံကို သူ့လက်မှနုတ်ယူ၍ အခြားသူတို့လက်သို့ ပေးအပ်လိမ့်မည်။
တောင်ဘုရင်နှင့်မြောက်ဘုရင်
5ထို့နောက် တောင်ဘက်မှရှင်ဘုရင်တစ်ပါး အင်အားကြီးလာလိမ့်မည်။ သို့သော် ထိုဘုရင်၏စစ်သူကြီးများထဲမှတစ်ဦးသည် သူ့ထက်အားကြီးလာ၍ ထိုနိုင်ငံကို အုပ်စိုးမည်။ သြဇာအာဏာကြီးမားမည်။ 6နှစ်ပေါင်းကြာလာသောအခါ သူတို့ချင်းမိတ်ဖွဲ့ကြလိမ့်မည်။ ငြိမ်းချမ်းရေးရယူရန် တောင်ဘုရင်၏သမီးတော်သည် မြောက်ဘုရင်ထံဝင်ရောက်လိမ့်မည်။ သို့သော် ထိုမင်းသမီးသည် မိမိ၏တန်ခိုးအာဏာကို မထိန်းသိမ်းထားနိုင်။ ခမည်းတော်၏အာဏာလည်း မတည်တံ့။ ထိုအချိန်တွင် မင်းသမီးနှင့် သူ့အခြွေအရံများ၊ သူ့ခမည်းတော်နှင့် ဘက်တော်သားအားလုံး အပ်နှံခြင်းခံရလိမ့်မည်။ 7ထိုမင်းသမီး၏အမျိုးအနွယ်ထဲမှ တစ်ယောက်သည် ထိုဘုရင်၏အရိုက်အရာကို ဆက်ခံရမည်။ သူသည် စစ်ချီ၍ မြောက်ဘုရင်၏စစ်သည်တို့ကို တိုက်ခိုက်မည်။ ခံတပ်ကိုလည်း ဝင်ရောက်တိုက်ခိုက်၍ အောင်နိုင်လိမ့်မည်။ 8သူသည် ထိုသူတို့ သွန်းလုပ်သောဘုရားရုပ်တုများ၊ ရွှေငွေစသောအဖိုးတန်အသုံးအဆောင်များကို အီဂျစ်ပြည်သို့ သိမ်းယူသွားလိမ့်မည်။ ထို့နောက်မှ မြောက်ဘုရင်နှင့် နှစ်ပေါင်းအတန်ကြာကင်းကွာနေလိမ့်မည်။ 9ထို့နောက်မှ မြောက်ဘုရင်သည် တောင်ဘုရင်၏နိုင်ငံသို့ စစ်ချီလာသော်လည်း မိမိပြည်သို့ ပြန်ဆုတ်သွားရလိမ့်မည်။ 10သူ၏သားတော်တို့သည် စစ်တိုက်ရန် လှုံ့ဆော်ပြီး စစ်သည်အလုံးအရင်းကို စုစည်းမည်။ ထို့နောက် ရေလွှမ်းမိုးပြီးတိုက်ချသွားသကဲ့သို့ စစ်ချီတိုက်ခိုက်မည်။ ထိုမှ ခံတပ်သို့အပြန်လမ်းတစ်လျှောက်တွင်လည်း တိုက်ခိုက်သွားလိမ့်မည်။ 11တောင်ဘုရင်လည်း ခံပြင်း၍ မြောက်ဘုရင်ကို ထွက်တိုက်မည်။ မြောက်ဘုရင်သည် စစ်သည်အလုံးအရင်းစုဆောင်းထားသော်လည်း ထိုစစ်သည်အလုံးအရင်းသည် တောင်ဘုရင်လက်သို့ ရောက်သွားရလိမ့်မည်။ 12တောင်ဘုရင်သည် ထိုစစ်သည်အလုံးအရင်းကို သိမ်းသွားနိုင်သဖြင့် ဘဝင်မြင့်လာလိမ့်မည်။ သူသည် လူထောင်ပေါင်းများစွာကို ချေမှုန်းနိုင်သော်လည်း သူ့အာဏာတည်လိမ့်မည်မဟုတ်။ 13အကြောင်းမှာ မြောက်ဘုရင်သည် ပထမအကြိမ်ထက်များသော စစ်သည်အလုံးအရင်းကို စုရုံး၍ အချိန်တန်သောအခါ လက်နက်အပြည့်အစုံပါသောစစ်တပ်ကြီးဖြင့် အမှန်ချီတက်လာလိမ့်မည်။
14ထိုအချိန်တွင် တောင်ဘုရင်ကို ဆန့်ကျင်၍ထကြွပုန်ကန်သောသူတို့ များပြားကြလိမ့်မည်။ ဗျာဒိတ်နိမိတ်အတိုင်း ဖြစ်လာရန် သင့်လူမျိုးထဲမှ ကြမ်းကြုတ်သောသူတို့သည်လည်း ထကြွပုန်ကန်ကြလိမ့်မည်။ သို့သော် သူတို့ ကျရှုံးကြလိမ့်မည်။ 15မြောက်ဘုရင်သည် ချီလာ၍ မြေကတုတ်ကိုတည်ဆောက်ကာ ခံတပ်မြို့ကို သိမ်းပိုက်လိမ့်မည်။ တောင်ဘုရင်၏စစ်သည်တို့သည် သူ့ကို ခုခံနိုင်မည်မဟုတ်။ အထူးရွေးချယ်ထားသောစစ်သည်များပင် ခုခံနိုင်သောခွန်အားရှိမည်မဟုတ်။ 16တောင်ဘုရင်ကို လာတိုက်သောမြောက်ဘုရင်သည် အလိုရှိသည့်အတိုင်းပြုလိမ့်မည်။ သူ့ကို မည်သူမျှခုခံနိုင်မည်မဟုတ်။ သူသည် သာယာဝပြောသောပြည်တွင် စံမြန်းလျက် သုတ်သင်ဖျက်ဆီးခြင်းအာဏာကိုစွဲကိုင်ထားမည်။ 17သူသည် မိမိနိုင်ငံတစ်နိုင်ငံလုံး၏အင်အားဖြင့် တောင်ဘုရင်ထံဝင်ရောက်၍ ငြိမ်းချမ်းရေးရယူရန် ကြံစည်လိမ့်မည်။ ပြည်ကိုဖျက်ဆီးရန် မိန်းမပျိုများကို တောင်ဘုရင်အား ဆက်သလိမ့်မည်။ သို့သော် ထိုအမှုသည် အောင်မြင်မည်မဟုတ်၊ သူ့အတွက် အကျိုးပြုမည်မဟုတ်။ 18ထို့နောက် သူသည် ကမ်းရိုးတန်းဒေသများဘက်သို့လှည့်၍ နယ်မြေများစွာကို သိမ်းယူနိုင်လိမ့်မည်။ သို့သော် အကြီးအမှူးတစ်ဦးသည် မောက်မာစော်ကားသောသူ့ကို ချိုးနှိမ်ပစ်လိမ့်မည်။ ထိုမောက်မာစော်ကားမှုကို သူပြန်ခံရစေမည်။ 19သူသည် သူ့ခံတပ်ပြည်သို့ပြန်လာမည်ဖြစ်သော်လည်း ခလုတ်တိုက်၍လဲကျသေဆုံးသွားလိမ့်မည်။ သူ့ကို တွေ့ရတော့မည်မဟုတ်။
20သူ့နေရာတွင် နိုင်ငံ၏ဘုန်းစည်းစိမ်အတွက်အခွန်ကောက်ခံသောသူကို စေလွှတ်မည့် မင်းတစ်ပါး ပေါ်လာလိမ့်မည်။ သို့သော် မကြာမီမှာပင် ထိုမင်းသည် အမျက်ကြောင့်မဟုတ်၊ စစ်ပွဲကြောင့်လည်း မဟုတ်ဘဲ ပျက်စီးသွားရလိမ့်မည်။
21ထို့နောက် ထိုမင်း၏နေရာတွင် ယုတ်ညံ့သောမင်းတစ်ပါးပေါ်လာလိမ့်မည်။ မည်သူမျှ သူ့ကို နန်းစံဖို့ မင်းမမြှောက်။ လူတို့ လုံခြုံစိတ်ချစွာနေနေကြစဉ် သူသည် ရောက်လာ၍ နိုင်ငံကို လိမ်လည်သိမ်းယူလိမ့်မည်။ 22သူ့ရှေ့မှာပင် စစ်သည်အလုံးအရင်းနှင့်အတူ မဟာမိတ်မင်းသည်လည်း ရေလွှမ်းမိုးသကဲ့သို့ တိုက်စားသွားခြင်းခံရ၍ ပျက်စီးသွားရလိမ့်မည်။ 23သူသည် မဟာမိတ်ဖွဲ့ပြီးမှ သူနှင့်မဟာမိတ်ဖွဲ့သောသူကို လိမ်လည်လှည့်စားမည်။ စစ်ချီတိုက်ခိုက်မည်။ လူနည်းစုဖြင့် အားကြီးလာလိမ့်မည်။ 24ငြိမ်းချမ်းသောကာလတွင် သူသည် ချမ်းသာကြွယ်ဝသောနိုင်ငံကြီးကို ဝင်တိုက်လိမ့်မည်။ သူ၏ဘိုးဘေးများနှင့် ဘိုးဘေးတို့၏ဘိုးဘေးများပင် မပြုသောအမှုကို သူပြုလိမ့်မည်။ တိုက်ခိုက်သိမ်းပိုက်ထားသောဥစ္စာပစ္စည်းတို့ကို ခွဲဝေပေးလိမ့်မည်။ ခံတပ်မြို့တို့ကို လုပ်ကြံသိမ်းယူလိမ့်မည်။ သို့သော် တစ်ခဏသာ ဖြစ်လိမ့်မည်။
25ထို့ပြင် သူသည် စစ်အင်အားအလုံးအရင်းနှင့်တကွ အားမာန်တင်းလျက် တောင်ဘုရင်ကို တိုက်ခိုက်လိမ့်မည်။ တောင်ဘုရင်သည် အင်အားကြီးသောစစ်တပ်ကြီးကို ပြင်ဆင်၍တိုက်ခိုက်ရန် ကြိုးပမ်းသော်လည်း ခုခံနိုင်မည်မဟုတ်။ အကြောင်းမှာ သူ့အပေါ် လျှို့ဝှက်ကြံစည်ကြသောကြောင့် ဖြစ်၏။ 26သူကျွေးမွေးထားသောသူများကပင် သူ့ကိုဖျက်ဆီးလိမ့်မည်။ သူ့စစ်သည်တို့သည်လည်း ချေမှုန်းဖျက်ဆီးခြင်းခံရ၍ လူအမြောက်အမြားသေကျေကျဆုံးကြလိမ့်မည်။ 27ထိုဘုရင်နှစ်ပါးစလုံးသည် မကောင်းမှုကိုပြုလိုသောစိတ်ရှိကြ၏။ သူတို့သည် စားပွဲတစ်ခုတည်းတွင် အတူထိုင်၍ မုသားစကားပြောဆိုကြလိမ့်မည်။ သို့သော် အဆုံးအတွက် သတ်မှတ်ထားသောအချိန်မရောက်သေးသောကြောင့် အောင်မြင်လိမ့်မည်မဟုတ်။ 28မြောက်ဘုရင်သည် မိမိပြည်သို့ ဥစ္စာများစွာပိုက်လျက် ပြန်သွားလိမ့်မည်။ သူသည် သန့်ရှင်းသောပဋိညာဉ်ကို ဆန့်ကျင်လိုသည့်စိတ်ရှိသည့်အတိုင်း မိမိအလိုကျပြုပြီးမှ နေရင်းပြည်သို့ ပြန်သွားလိမ့်မည်။
29အချိန်တန်လျှင် သူသည် တောင်အရပ်သို့ တစ်ဖန်လာဦးမည်။ သို့သော် ယခုတစ်ကြိမ်လာခြင်းသည် ယခင်တစ်ကြိမ်ကဲ့သို့ ဖြစ်မည်မဟုတ်။ 30ဆိုက်ပရပ်ကျွန်းမှစစ်သင်္ဘောတို့သည် သူ့ကိုလာတိုက်ကြလိမ့်မည်။ သူသည် ခံပြင်းလျက်ပြန်သွားလိမ့်မည်။ အမျက်ထွက်သဖြင့်သန့်ရှင်းသောပဋိညာဉ်ကိုဆန့်ကျင်ပြီး မိမိအလိုကျပြုလိမ့်မည်။ သူသည် ပြန်သွား၍ သန့်ရှင်းသောပဋိညာဉ်ကိုစွန့်ပယ်သောသူတို့အား မျက်နှာသာပေးလိမ့်မည်။ 31သူ၏တပ်သားတို့သည် လာ၍ ခိုလှုံရာဖြစ်သည့်သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလိမ့်မည်။ နေ့စဉ်ပူဇော်သက္ကာကို ဖယ်ရှားပစ်၍ ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာကို တည်ထားကြလိမ့်မည်။#ဒံ 9:27၊ 12:11၊ မ 24:15၊ မာ 13:14။ 32သူသည် ပဋိညာဉ်ချိုးဖောက်သောသူတို့ကို မြှောက်ပင့်ပြောဆို၍ ဖျက်ဆီးလိမ့်မည်။ မိမိဘုရားသခင်ကိုသိကျွမ်းသောသူတို့မူကား သူ့အား ရဲရင့်စွာတန်ပြန်တိုက်ခိုက်လိမ့်မည်။ 33လူမျိုးတော်ထဲမှ ပညာသတိရှိသောသူတို့သည် လူအများကို သွန်သင်လမ်းပြလိမ့်မည်။ သို့သော် သူတို့သည် ဓားဘေး၊ မီးဘေး၊ ဖမ်းခေါ်သွားခြင်းဘေး၊ တိုက်ခိုက်လုယက်ခြင်းဘေးတို့ကြောင့် ကာလအတန်ကြာပြိုလဲကြရလိမ့်မည်။ 34ထိုသို့သူတို့ပြိုလဲနေစဉ် လူနည်းစုကသာ သူတို့ကိုကူညီလိမ့်မည်။ လူများစုမှာ မရိုးဖြောင့်သောစိတ်ဖြင့် သူတို့နှင့်ပူးပေါင်းလိမ့်မည်။ 35သတ်မှတ်ထားသောကာလ မရောက်သေးသည်ဖြစ်၍ ပညာရှိအချို့တို့သည် အပြစ်ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်ဖို့ နောက်ဆုံးသောကာလအထိ လှဲချခြင်းခံရလိမ့်မည်။
36ထိုဘုရင်သည် မိမိအလိုအတိုင်း ပြုမူလိမ့်မည်။ ဘုရားတကာတို့ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်မြှောက်စားလိမ့်မည်။ ဘုရားတကာတို့၏ဘုရားကို ရင့်သီးကြမ်းကြုတ်သောစကားတို့ဖြင့် ဆန့်ကျင်ပြောဆိုလိမ့်မည်။#ဒံ 7:25၊ ဗျာ 13:6။ အမျက်တော်ကာလ ပြီးဆုံးသည်အထိ သူသည် အောင်မြင်မှုရလိမ့်မည်။ စီရင်ထားသောအရာသည် ဧကန်ဖြစ်လာလိမ့်မည်။ 37သူသည် သူ့ဘိုးဘေးတို့၏ဘုရားကိုဖြစ်စေ၊ မိန်းမတို့နှစ်သက်သည့်ဘုရားများကိုဖြစ်စေ မည်သည့်ဘုရားကိုမျှ အလေးမထား၊ ဘုရားတကာထက် ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်လိမ့်မည်။ 38ထိုဘုရားတို့အစား ခံတပ်စောင့်ဘုရားကို ချီးမွမ်းထောမနာပြုလိမ့်မည်။ သူ့ဘိုးဘေးတို့မသိသောထိုဘုရားကို ရွှေငွေ၊ အဖိုးတန်ကျောက်မျက်ရတနာများနှင့် လက်ဆောင်ပစ္စည်းတို့ဖြင့် ချီးမွမ်းထောမနာပြုလိမ့်မည်။ 39သူသည် တိုင်းတစ်ပါးသားတို့ဘုရား၏အကူအညီဖြင့် ခံတပ်မြို့ကြီးများကို တိုက်ခိုက်လိမ့်မည်။ သူ့အား အသိအမှတ်ပြုသူတိုင်းကို ချီးမြှောက်ပြီး လူအများကိုအုပ်စိုးရသောအခွင့်ပေးမည်။ ဆုလာဘ်အဖြစ် မြေကိုခွဲဝေပေးမည်။
40နောက်ဆုံးကာလတွင် တောင်ဘုရင်သည် သူ့ကို တွန်းလှန်တိုက်ခိုက်လိမ့်မည်။ မြောက်ဘုရင်သည်လည်း စစ်ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများဖြင့် မုန်တိုင်းတိုက်သကဲ့သို့ ချီလာ၍ တိုင်းပြည်များကို ဝင်ရောက်လွှမ်းမိုးတိုက်ခိုက်သွားလိမ့်မည်။ 41သူသည် သာယာဝပြောသောပြည်ကို ဝင်တိုက်သဖြင့် လူအများလဲကျသေဆုံးရလိမ့်မည်။ သို့သော် ဧဒုံပြည်သား၊ မောဘပြည်သားနှင့် အမ္မုန်အမျိုးသားတို့ထဲမှ အထင်ကရပုဂ္ဂိုလ်များသည် သူ့လက်မှလွတ်မြောက်လိမ့်မည်။ 42သူသည် လက်ရုံးကိုဆန့်၍ တိုင်းနိုင်ငံများကို တိုက်ခိုက်လိမ့်မည်။ အီဂျစ်ပြည်လည်း လွတ်လိမ့်မည်မဟုတ်။ 43အီဂျစ်ပြည်၏ရွှေငွေဘဏ္ဍာတိုက်နှင့် အဖိုးတန်ရတနာအားလုံးကို လက်ဝါးကြီးအုပ်လိမ့်မည်။ လစ်ဗျားပြည်သား၊ အီသီယိုးပီးယားပြည်သားတို့သည်လည်း သူ့နောက်ကို လိုက်ကြလိမ့်မည်။ 44အရှေ့ဘက်၊ မြောက်ဘက်တို့မှလာသောသတင်းစကားများကြောင့် သူသည် အထိတ်တလန့်ဖြစ်ရလိမ့်မည်။ ဒေါသတကြီးဖြင့်ချီတက်သွား၍ လူအများကို သုတ်သင်ဖျက်ဆီးပစ်လိမ့်မည်။ 45ပင်လယ်နှင့် သာယာသောတောင်ကြားတွင် သူ့တဲနန်းကို သူဆောက်လိမ့်မည်။ ဤသို့ဖြင့် သူ့ဘဝနိဂုံးချုပ်ချိန်ရောက်လာကာ သူ့ကိုကူညီမည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။
လက်ရှိရွေးချယ်ထားမှု
ဒံယေလအနာဂတ္တိကျမ်း 11: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: