တရားဟောရာကျမ်း 18
18
လေဝိမျိုးနွယ်၏ဝေစု
1လေဝိအမျိုးယဇ်ပုရောဟိတ်များမှစ၍ လေဝိမျိုးနွယ်တစ်နွယ်လုံးသည် အစ္စရေးလူမျိုးတို့နှင့်အတူ အမွေဝေစု မရကြ။ ထာဝရဘုရား၏အမွေဖြစ်သော ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များကို စားရကြမည်။ 2သူတို့သည် မိမိတို့၏အမျိုးသားချင်းတို့နှင့်အတူ အမွေမရကြ။ ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။ 3နွားကိုဖြစ်စေ၊ သိုးကိုဖြစ်စေ ယဇ်ပူဇော်သောသူတို့သည် ပခုံး၊ မေးရိုး၊ ဝမ်းဗိုက် စသည်တို့ကို ယဇ်ပုရောဟိတ်အားပေးရမည်။ ဤသည်ကား လူတို့ထံမှ ယဇ်ပုရောဟိတ်တို့ရရှိသောဝေစုဖြစ်၏။ 4သင်၏အဦးဆုံးထွက်သောကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ အဦးဆုံးညှပ်သောသိုးမွေး တို့ကို ယဇ်ပုရောဟိတ်အားပေးရမည်။ 5အကြောင်းမူကား ယဇ်ပုရောဟိတ်နှင့် သူ၏သားမြေးတို့သည် နေ့စဉ်နေ့တိုင်း ထာဝရဘုရား၏နာမတော်၌ အမှုတော်ဆောင်ရွက်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင်၏မျိုးနွယ်အပေါင်းတို့ထဲမှ ရွေးချယ်တော်မူ၏။ 6လေဝိအမျိုးတစ်စုံတစ်ယောက်သည် သူနေထိုင်သော အစ္စရေးမြို့တစ်မြို့မှ ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ စိတ်အားထက်သန်စွာဖြင့် လာ၍ 7ထိုနေရာရှိ ထာဝရဘုရားရှေ့တော်၌အမှုဆောင်သော သူ၏အမျိုးသားချင်းလေဝိအမျိုးအပေါင်းတို့နှင့်အတူ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်၌ အမှုတော်ဆောင်မည်ဆိုလျှင် 8အစားအစာဝေစုကို ညီတူမျှတူရပိုင်ခွင့်ရှိသည့်အပြင် ဘိုးဘေးတို့ပိုင်သောဥစ္စာကိုရောင်း၍ရသောငွေကိုလည်း ရပိုင်ခွင့်ရှိ၏။
အမှောင်ပညာရပ်များနှင့်ပရောဖက်ပြုဟောပြောချက်
9သင်၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ သင်ဝင်ရောက်သောအခါ ထိုလူမျိုးတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များကို မလိုက်နာရ၊ မသင်ယူရ။ 10သင်တို့တွင် သားသမီးကို မီးဖြင့်ပူဇော်သောသူ၊ ဂမ္ဘီရအတတ်ကိုသုံးသောသူ၊ ဗေဒင်အတတ်ကိုသုံးသောသူ၊ နိမိတ်ဖတ်သောသူ၊ မှော်အတတ်ကိုသုံးသောသူ၊ 11ဂါထာရွတ်ဖတ်သူ၊ နတ်ဝင်သည်၊ နတ်ထိန်း၊ လူသေကိုမေးမြန်းသူ စသည်တို့ မရှိစေရ။ 12ထိုသို့ ပြုသောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ်ရွံရှာဖွယ်အရာများကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှ နှင်ထုတ်ခဲ့ခြင်း ဖြစ်၏။ 13သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ အပြစ်တင်စရာမရှိသောသူ ဖြစ်ရမည်။ 14သင်တို့နှင်ထုတ်ရမည့်ထိုလူမျိုးတို့သည် ဗေဒင်အတတ်ကိုသုံးသောသူ၊ ဂမ္ဘီရအတတ်ကိုသုံးသောသူ၏စကားကို နားထောင်တတ်ကြ၏။ သင့်ကိုကား သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသို့ခွင့်ပြုတော်မမူ။ 15သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အမျိုးသားချင်းထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင့်အတွက် ပေါ်ထွန်းစေတော်မူမည်။ သူ့စကားကို သင်တို့နားထောင်ရမည်။#တရား 18:18၊ တ 7:37။ 16ဟောရပ်တောင်၌ စုဝေးသောနေ့တွင် သင်က ‘အကျွန်ုပ်မသေရပါမည့်အကြောင်း အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို ထပ်၍မကြားရပါစေနှင့်။ ဤမီးတောက်ကြီးကိုလည်း ထပ်၍မမြင်ရပါစေနှင့်’ဟု သင်၏ဘုရားသခင်ထာဝရဘုရားထံ တောင်းလျှောက်ခဲ့သည့်အတိုင်း 17ထာဝရဘုရားက ငါ့အား ‘သူတို့လျှောက်ဆိုသောအရာသည် လျောက်ပတ်ပေ၏။ 18သူတို့၏အမျိုးသားချင်းများထဲမှ သင်နှင့်တူသောပရောဖက်တစ်ပါးကို သူတို့အတွက် ငါပေါ်ထွန်းစေမည်။ သူ့နှုတ်၌ ငါ့စကားများကို သွင်းပေးမည်ဖြစ်၍ ငါမိန့်မှာသောအရာရှိသမျှကို သူတို့အား ဆင့်ဆိုလိမ့်မည်။#တရား 18:15၊ တ 7:37။ 19ငါ၏နာမဖြင့် ထိုပရောဖက် ဆင့်ဆိုသော ငါ့စကားများကို နားမထောင်သောသူအား ငါစစ်ကြောစီရင်မည်။#တ 3:23။ 20ပရောဖက်တစ်ပါးပါးသည် အတင့်ရဲ၍ ငါမမိန့်မှာထားသောစကားကို ငါ့နာမဖြင့် ဆင့်ဆိုလျှင်ဖြစ်စေ၊ အခြားသောဘုရား၏နာမဖြင့်ဆင့်ဆိုလျှင်ဖြစ်စေ ထိုပရောဖက်သည် အသတ်ခံရမည်’ဟု မိန့်တော်မူ၏။ 21သင့်စိတ်ထဲ၌ ‘ထာဝရဘုရားမိန့်မှာတော်မူသောစကားဟုတ်၊ မဟုတ် မည်သို့သိနိုင်မည်နည်း’ဟု ဆိုလျှင် 22ပရောဖက်သည် ထာဝရဘုရား၏နာမတော်ဖြင့် ဆင့်ဆို၍ သူဆင့်ဆိုသည့်အတိုင်း မဖြစ်လာ၊ မပြည့်စုံလာလျှင် ထိုစကားသည် ထာဝရဘုရားမိန့်တော်မူသောစကား မဟုတ်။ ထိုပရောဖက်သည် အတင့်ရဲစွာဆင့်ဆိုပြီ။ သင်သည် သူ့ကို မကြောက်ရ။
လက်ရှိရွေးချယ်ထားမှု
တရားဟောရာကျမ်း 18: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

:
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)