တရားဟောရာကျမ်း 20
20
စစ်တိုက်သူတို့လိုက်နာရမည့်စည်းမျဉ်းများ
1သင်သည် ရန်သူတို့ကို စစ်သွားတိုက်သောအခါ သင့်ထက်များပြားသော မြင်းများ၊ စစ်ရထားများ၊ စစ်သည်များကို တွေ့လျှင် သူတို့ကို မကြောက်နှင့်။ သင့်ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ 2စစ်တိုက်မည့်အချိန် နီးလာသောအခါ ယဇ်ပုရောဟိတ်သည် လာ၍ စစ်သည်တို့အား 3‘အို အစ္စရေးလူမျိုးတို့၊ နားထောင်ကြလော့။ သင်တို့၏ရန်သူတို့နှင့် စစ်တိုက်ရမည့် အချိန်နီးပြီ။ စိတ်မပျက်ကြနှင့်။ မကြောက်ကြနှင့်။ မချောက်ချားကြနှင့်။ ထိုသူတို့ကြောင့် မထိတ်လန့်ကြနှင့်။ 4အကြောင်းမူကား သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူကြွချီ၍ သင်တို့အတွက် သင်တို့၏ရန်သူတို့ကို တိုက်ခိုက်တော်မူမည်ဖြစ်သောကြောင့် သင်တို့အောင်ပွဲခံရလိမ့်မည်’ဟု ပြောကြားရမည်။ 5ကြီးကြပ်အုပ်ချုပ်သူတို့ကလည်း စစ်သည်တို့အား ‘အိမ်အသစ်ဆောက်၍ မဆက်ကပ်ရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ်လျှင် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုအိမ်ကို ဆက်ကပ်သွားလိမ့်မည်။ 6စပျစ်ခြံစိုက်ပျိုး၍ ခြံထွက်စပျစ်သီးမစားရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုစပျစ်သီးကိုစားလိမ့်မည်။ 7မိန်းမနှင့်စေ့စပ်၍ မစုံဖက်ရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုမိန်းမနှင့်စုံဖက်လိမ့်မည်’ဟု မိန့်ကြားရမည်။ 8ကြီးကြပ်အုပ်ချုပ်သူတို့သည် စစ်သည်တို့အား ‘ကြောက်တတ်သောသူ၊ စိတ်မခိုင်သောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ်လျှင် ထိုသူသည် မိမိကဲ့သို့ မိမိညီအစ်ကိုတို့ကို စိတ်ပျက်အားလျော့စေလိမ့်မည်’ဟု ဆက်၍ပြောကြားရမည်။ 9ကြီးကြပ်အုပ်ချုပ်သူတို့သည် စစ်သည်တို့အား ပြောကြားပြီးနောက် စစ်သည်တို့အထက်၌ တပ်ဖွဲ့၏အကြီးအကဲများကို ခန့်ထားရမည်။ 10သင်သည် မြို့တစ်မြို့ကို တိုက်ခိုက်ရန် ထိုမြို့အနီးသို့ချဉ်းကပ်သောအခါ ထိုမြို့အား ဦးစွာ ငြိမ်းချမ်းရေးယူရန် ဟစ်ကြော်ရမည်။ 11ထိုမြို့က ငြိမ်းချမ်းရေးကိုလက်ခံသည်ဟု တုံ့ပြန်လျှင် ထိုမြို့၌ရှိသောလူအပေါင်းတို့သည် သင်တို့စေခိုင်းသောအလုပ်ကိုဆောင်ရွက်ရသော သင်တို့၏အခိုင်းအစေဖြစ်ရမည်။ 12ထိုမြို့သည် သင်နှင့် ငြိမ်းချမ်းရေးမယူဘဲ စစ်တိုက်မည်ဆိုလျှင် ထိုမြို့ကို သင်ဝိုင်းထားရမည်။ 13သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့ကို သင့်လက်သို့အပ်သောအခါ ထိုမြို့ရှိယောက်ျားအားလုံးကို ဓားဖြင့် သတ်ရမည်။ 14သို့သော် မိန်းမ၊ ကလေး၊ တိရစ္ဆာန်များမှစ၍ ထိုမြို့မှတိုက်ယူသောပစ္စည်းရှိသမျှတို့ကို သင်တို့သိမ်းယူရမည်။ သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော ရန်သူတို့ထံမှတိုက်ယူသောပစ္စည်းများကို သင်တို့ပိုင်ဆိုင်ခွင့်ရှိ၏။ 15ဤနေရာ၌ရှိသောလူမျိုးတို့၏မြို့မဟုတ်သည့် အဝေး၌ရှိသောမြို့ရှိသမျှတို့ကိုလည်း ထိုသို့ပြုရမည်။ 16သို့သော် သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားအမွေအဖြစ်ပေးတော်မူသော 17ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး တို့၏မြို့များကို သင်၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း အကုန်အစင်ဖျက်ဆီးရမည်။ မည်သည့်သက်ရှိသတ္တဝါကိုမျှ အသက်ချမ်းသာမပေးရ။ 18သို့မဟုတ်လျှင် ထိုလူမျိုးတို့သည် သူတို့၏ဘုရားများအတွက်ပြုသော စက်ဆုပ်ရွံရှာဖွယ်ရာရှိသမျှတို့ကို သင်တို့ကိုသင်ကြားပေး၍ သင်တို့ပြုသဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုပြစ်မှားကြလိမ့်မည်။ 19သင်သည် မြို့တစ်မြို့ကို သိမ်းယူရန် အချိန်ကြာမြင့်စွာဝိုင်းရံတိုက်ခိုက်သောအခါ ထိုမြို့ရှိသစ်ပင်ကို ပုဆိန်နှင့်ပေါက်၍ မဖျက်ဆီးရ။ ထိုအပင်တို့မှ အသီးကို သင်စားသုံးနိုင်သည်ဖြစ်၍ ထိုအပင်တို့ကို မခုတ်လှဲရ။ ကွင်းပြင်ရှိသစ်ပင်တို့ကို သင်ဝိုင်းရံတိုက်ခိုက်ရလေအောင် သစ်ပင်ကား လူလော။ 20သင်ဝိုင်းထားသောမြို့ကျရှုံးသည်အထိ တိုက်ခိုက်ရာတွင် သီးစားပင်မဟုတ်ဟု သင်သိသည့်အပင်ကို ခုတ်လှဲ၍ ကတုတ်တည်ဆောက်နိုင်၏။
လက်ရှိရွေးချယ်ထားမှု
တရားဟောရာကျမ်း 20: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

:
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)