တရားဟောရာကျမ်း 22
22
ညီအစ်ကိုပိုင်ပစ္စည်းကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
1သင့်ညီအစ်ကို၏နွားဖြစ်စေ၊ သိုးဖြစ်စေ မျက်စိလည်လမ်းမှားနေသည်ကို သင်တွေ့လျှင် မသိကျိုးကျွန်မပြုရ။ သင့်ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ပေးရမည်။ 2သင့်ညီအစ်ကိုသည် သင်နှင့်အနေဝေးလျှင်ဖြစ်စေ၊ သူ့ကို သင်မသိလျှင်ဖြစ်စေ သင်သည် ထိုတိရစ္ဆာန်ကို သင့်အိမ်သို့ဆောင်သွားပြီး သင့်ညီအစ်ကိုလာရှာသည်အထိ သင့်ထံ၌ ထား၍ သူ့ကို ပြန်ပေးရမည်။ 3မြည်းဖြစ်စေ၊ အဝတ်အစားဖြစ်စေ သင့်ညီအစ်ကို၏ပစ္စည်းတစ်ခုခုပျောက်ဆုံးသွား၍ ထိုပျောက်ဆုံးပစ္စည်းကို သင်တွေ့သောအခါ မသိကျိုးကျွန်မပြုဘဲ ထိုနည်းတူပြုရမည်။ 4သင့်ညီအစ်ကို၏မြည်းဖြစ်စေ၊ နွားဖြစ်စေ လမ်း၌လဲနေသည်ကို သင်တွေ့လျှင် မသိကျိုးကျွန်မပြုရ။ သူ့ကိုဝိုင်းကူ၍ ဆွဲထူပေးရမည်။
မတူသောမျိုးဗီဇကို မရောနှောရန်
5မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည် မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ပြုသောသူအားလုံးကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ 6လမ်းဘေးသစ်ပင်ပေါ်၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ အကောင်ပေါက်များရှိသောငှက်သိုက်၊ ဥများရှိသောငှက်သိုက်၊ အကောင်ပေါက်များ၊ သို့မဟုတ် ဥများကို ငှက်မဝပ်နေသောငှက်သိုက်ကို သင်တွေ့မိလျှင် ငှက်မနှင့် ငှက်သားပေါက်များကို မယူရ။ 7သင်သည် ငှက်သားပေါက်များကို ယူနိုင်သော်လည်း ငှက်မကိုမူ မလွဲမသွေလွှတ်ပေးရမည်။ ထိုသို့ပြုလျှင် သင်သည် ကောင်းစား၍ အသက်ရှည်လိမ့်မည်။ 8တစ်စုံတစ်ယောက်သည် သင့်အိမ်ပေါ်မှပြုတ်ကျ၍ သင့်အိမ်၌လူသတ်သောအပြစ် မကျရောက်စေရန် သင်သည် အိမ်အသစ်ဆောက်သောအခါ သင်၏ခေါင်မိုးပြင်၌ အကာအရံလုပ်ရမည်။ 9သင်၏စပျစ်ခြံ၌ စပျစ်ပင်ကို အမျိုးမတူသောအပင်နှင့်ရော၍ မစိုက်ရ။ စိုက်လျှင် ထိုအပင်မှထွက်သောကောက်ပဲသီးနှံနှင့် စပျစ်သီး နှစ်မျိုးစလုံးမစင်မကြယ်ဖြစ်လိမ့်မည်။ 10နွားနှင့် မြည်းကို တွဲ၍ မထွန်ယက်ရ။ 11သိုးမွေးနှင့် ချည် ရော၍ရက်ထားသောအထည်ကို မဝတ်ရ။ 12သင်ခြုံသောခြုံထည်၏ထောင့်စွန်းလေးထောင့်တွင် ပန်းဖွားများ တပ်ရမည်။
ကာမဆိုင်ရာအသရေဖျက်မှု
13ယောက်ျားတစ်ယောက်သည် မိန်းမယူ၍ သူ့ထံဝင်ပြီးမှ သူ့ကိုမုန်းသဖြင့် 14‘ငါသည် ဤမိန်းမကိုယူ၍ သူ့ထံသို့ ဝင်သောအခါ သူ၌ အပျိုစင်ဖြစ်သည့်သက်သေကို ငါမတွေ့’ဟု ဆိုလျက် ထိုမိန်းမကို အသရေပျက်အောင်လုပ်ကြံပြောဆိုပြီး နာမည်ပျက်စေလျှင် 15မိန်းကလေး၏မိဘသည် မိန်းကလေး၏အပျိုစင်ဖြစ်သည့်သက်သေကိုယူပြီး မြို့တံခါးရှိ သက်ကြီးဝါကြီးများထံသို့ သွား၍ 16မိန်းကလေး၏ဖခင်က သက်ကြီးဝါကြီးတို့အား ‘အကျွန်ုပ်သည် သမီးကို ဤလူနှင့်ပေးစားခဲ့ပါ၏။ သို့သော် သူသည် အကျွန်ုပ်သမီးကိုမုန်း၍ 17“သင်၏သမီး၌ အပျိုစင်ဖြစ်သည့်သက်သေကို ငါမတွေ့”ဟု အသရေပျက်အောင်လုပ်ကြံပြောဆိုပါ၏။ ဤအဝတ်သည် အကျွန်ုပ်သမီး၏အပျိုစင်ဖြစ်သည့်သက်သေဖြစ်ပါ၏’ဟု ဆို၍ ထိုမြို့၏သက်ကြီးဝါကြီးတို့၏ရှေ့၌ ထိုအဝတ်ကို ဖြန့်ပြရမည်။ 18ထိုမြို့၏သက်ကြီးဝါကြီးတို့သည် ထိုလူကိုခေါ်၍ ရိုက်နှက်ဆုံးမရမည်။ 19သူသည် အစ္စရေးအပျိုကညာကို နာမည်ပျက်စေပြီဖြစ်သောကြောင့် သူ့ကို ငွေရှယ်ကယ်တစ်ရာ#22:19 “75 ကျပ်သား သို့မဟုတ် 1.15 ကီလိုဂရမ်”။ဒဏ်တပ်၍ ထိုငွေကို မိန်းကလေး၏ဖခင်အား ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။ 20သို့သော် သူ၏စွပ်စွဲချက်သည် မှန်ကန်၍ ထိုမိန်းကလေး၌ အပျိုစင်ဖြစ်သည့်သက်သေကိုမတွေ့လျှင် 21ထိုမိန်းကလေးသည် မိမိဖခင်၏အိမ်၌ ပြည့်တန်ဆာလုပ်ခြင်းဖြင့် အစ္စရေးလူမျိုးထဲ၌ ယုတ်ညံ့သောအမှုကို ပြုသောကြောင့် ထိုမိန်းကလေးကို သူ့ဖခင်၏အိမ်တံခါးသို့ ခေါ်သွား၍ မြို့သားယောက်ျားတို့သည် သူ့ကို ခဲနှင့်အသေပေါက်သတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။ 22ယောက်ျားတစ်ယောက်သည် လင်ယောက်ျားရှိသောမိန်းမနှင့်အိပ်နေသည်ကို တွေ့မိလျှင် ယောက်ျားနှင့်မိန်းမ နှစ်ဦးစလုံး အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။ 23ယောက်ျားတစ်ယောက်သည် စေ့စပ်ထားသူရှိသည့်အပျိုကညာမိန်းကလေးတစ်ယောက်ကို မြို့ထဲ၌တွေ့၍ ထိုမိန်းကလေးနှင့်အိပ်လျှင် 24သူတို့နှစ်ဦးစလုံးကို ထိုမြို့တံခါးသို့ ခေါ်သွား၍ ခဲနှင့် အသေပေါက်သတ်ရမည်။ မြို့ထဲ၌ဖြစ်သည်ကိုပင် ထိုမိန်းကလေးသည် အော်ဟစ်အကူအညီမတောင်း၊ ထိုယောက်ျားသည်လည်း မိမိအိမ်နီးချင်း၏မယားကို ကာမကျူးလွန်သောကြောင့် အသတ်ခံရခြင်းဖြစ်၏။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။ 25ယောက်ျားတစ်ယောက်သည် စေ့စပ်ထားသည့်မိန်းကလေးကို လူသူကင်းသောအရပ်၌တွေ့၍ ထိုယောက်ျားသည် သူ့ကိုဖမ်းချုပ်ပြီး သူနှင့်အိပ်လျှင် ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားကိုသာ သတ်ရမည်။ 26မိန်းကလေးကိုမူ မည်သို့မျှမပြုရ။ ထိုမိန်းကလေး၌ သေဒဏ်ခံထိုက်သောအပြစ်မရှိ။ အကြောင်းမူကား ဤအမှုသည် တစ်စုံတစ်ယောက်က မိမိအိမ်နီးချင်းကို တိုက်ခိုက်ပြီး လူသတ်မှုကျူးလွန်သည့်အမှုနှင့်တူ၏။ 27အဘယ်ကြောင့်ဆိုသော် ထိုယောက်ျားသည် စေ့စပ်ထားသည့်မိန်းကလေးကို လူသူကင်းသောအရပ်၌ တွေ့သောအခါ မိန်းကလေးသည် အော်ဟစ်သော်လည်း သူ့ကိုကယ်မည့်သူမရှိသောကြောင့်ဖြစ်၏။ 28ယောက်ျားတစ်ယောက်သည် စေ့စပ်ထားသူမရှိသည့်အပျိုကညာမိန်းကလေးကိုတွေ့၍ သူ့ကိုဖမ်းချုပ်ပြီး သူနှင့်အိပ်သည်ကို တစ်စုံတစ်ယောက်တွေ့လျှင် 29ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားသည် ထိုမိန်းကလေးကို ကာမကျူးလွန်သောကြောင့် မိန်းကလေး၏ဖခင်အား ငွေရှယ်ကယ်ငါးဆယ်#22:29 “37.5 ကျပ်သား သို့မဟုတ် 575 ဂရမ်”။ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။ 30လူသည် မိမိဖခင်၏မယားကို မယူရ။ မိမိဖခင်၏အိပ်ရာကိုမရှုတ်ချရ#22:30 တိုက်ရိုက်ပြန်ဆိုလျှင် “မိမိဖခင်၏ဝတ်လုံကိုမဖွင့်ရ”။။
လက်ရှိရွေးချယ်ထားမှု
တရားဟောရာကျမ်း 22: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: