တရားဟောရာကျမ်း 29
29
ပဋိညာဉ်ထပ်ပြုခြင်း
1ဟောရပ်တောင်၌ အစ္စရေးအမျိုးသားတို့နှင့် ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်အပြင် မောဘပြည်၌ အစ္စရေးအမျိုးသားတို့နှင့်ပဋိညာဉ်ဖွဲ့ရန် မောရှေအား မိန့်မှာတော်မူခဲ့သည့် ပဋိညာဉ်ပါအချက်များကား ဤသို့ဖြစ်၏။ 2မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “ထာဝရဘုရားသည် အီဂျစ်ပြည်၌ ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့်တကွ သူ၏ပြည်တစ်ပြည်လုံးကို သင်တို့ရှေ့မှောက်တွင် မည်သို့ပြုတော်မူခဲ့သည်ကို သင်တို့တွေ့မြင်ခဲ့ပြီ။ 3ထိုသို့ ပြင်းထန်သောစုံစမ်းမှုများ၊ ထူးဆန်းသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့ပြီ။ 4သို့သော် ယနေ့ထိတိုင် ထာဝရဘုရားသည် သင်တို့အား နားလည်နိုင်သောစိတ်၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ပေးတော်မမူ။#ရော 11:8။ 5ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သည်ကို သင်တို့သိမြင်မည့်အကြောင်း သင်တို့ကို အနှစ်လေးဆယ်ပတ်လုံး တောကန္တာရထဲ၌ ပို့ဆောင်ခဲ့၏။ သင်တို့ကိုယ်ပေါ်မှ အဝတ်အစား မဟောင်းနွမ်း။ သင်တို့ခြေမှဖိနပ်သည်လည်း မစုတ်မပြတ်။ 6သင်တို့သည် မုန့်မစားခဲ့ရ၊ စပျစ်ဝိုင်နှင့်သေရည်သေရက်လည်း မသောက်ခဲ့ရကြ။ 7ဤအရပ်သို့ သင်တို့ရောက်လာသောအခါ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် ဗာရှန်ဘုရင်ဩဃမင်းကြီးတို့သည် ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ထွက်လာကြ၏။ သို့သော် ငါတို့သည် သူတို့ကိုလုပ်ကြံ၍ 8သူတို့၏ပြည်ကို သိမ်းယူပြီး ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့အား အမွေအဖြစ်ပေးခဲ့၏။ 9သင်တို့သည် ပြုလေရာရာ၌ အထမြောက်မည့်အကြောင်း ဤပဋိညာဉ်ပါအချက်တို့ကို လိုက်နာစောင့်ထိန်းရမည်။ 10ယနေ့ သင်တို့အားလုံးသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် သင်တို့မျိုးနွယ်များ၏အကြီးအမှူးများ၊ သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ အစ္စရေးအမျိုးသားအားလုံးမှစ၍ 11သင်တို့၏ကလေး၊ သင်တို့၏မယားနှင့် သင်တို့တပ်စခန်းထဲရှိ ထင်းခွေသူ၊ ရေခပ်သူတိုင်းတစ်ပါးသားများပါ ရပ်နေကြသည်မှာ 12ယနေ့ သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားကျိန်ဆို၍ပြုတော်မူသောပဋိညာဉ်ကိုခံယူရန် ဖြစ်၏။ 13သင်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆို၍ သင်တို့အား ကတိထားတော်မူခဲ့သည့်အတိုင်း သင်တို့သည် ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြောင်းအတည်ပြုရန်နှင့် ကိုယ်တော်သည်လည်း သင်တို့၏ဘုရားဖြစ်တော်မူရန်အတွက် ဖြစ်၏။ 14‘ငါသည် ဤပဋိညာဉ်၊ ဤကျိန်တွယ်ခြင်းကို သင်တို့နှင့်သာပြုသည်မဟုတ်။’ 15အကယ်စင်စစ် ယနေ့ ဤနေရာ၌ငါတို့နှင့်အတူရှိ၍ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ရပ်နေသောသူတို့နှင့်လည်းကောင်း၊ ယနေ့ ဤနေရာ၌ငါတို့နှင့်အတူမရှိသောသူတို့နှင့်လည်းကောင်း ပြုတော်မူ၏။
ပဋိညာဉ်ကို စွန့်ပယ်ခြင်း
16အီဂျစ်ပြည်တွင် ငါတို့မည်သို့နေထိုင်ခဲ့ရသည်ကိုလည်းကောင်း၊ လမ်းခရီးတွင် လူမျိုးခြားတို့အလယ်၌ မည်သို့ဖြတ်ကျော်လာခဲ့ရသည်ကိုလည်းကောင်း သင်တို့သိကြ၏။ 17သင်တို့သည် သူတို့၏ရွံရှာဖွယ်ရာများဖြစ်သည့် သစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ရွှေရုပ်တု၊ ငွေရုပ်တုတို့ကို တွေ့မြင်ခဲ့ကြ၏။ 18ယနေ့ ငါတို့ဘုရားသခင်ထာဝရဘုရားထံတော်မှ စိတ်နှလုံးလမ်းလွဲ၍ ထိုလူမျိုးတို့၏ဘုရားများကိုသွားရောက်ဝတ်ပြုသည့် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ မျိုးနွယ်စုဖြစ်စေ၊ မျိုးနွယ်ဖြစ်စေ သင်တို့တွင် မရှိစေရ။ သင်တို့တွင် အဆိပ်ရှိ၍ခါးသောအသီးကို သီးစေသောအမြစ်မရှိစေရ။ 19ဤကျိန်ဆိုသောစကားများကိုကြားသောအခါ ‘ငါသည် ငါ့စိတ်သဘောအတိုင်း လိုက်လျှောက်သော်လည်း ငါသည် ဘေးကင်းလျက်ရှိ၏’ဟု ဆိုလျက် စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ်ကောင်းချီးပေးတတ်သောသူသည် ရေဝသောမြေ ခြောက်သွေ့သွားသကဲ့သို့ ဖျက်ဆီးခြင်းခံရမည်။ 20ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။ 21ထာဝရဘုရားသည် သူ့ကို အစ္စရေးမျိုးနွယ်အပေါင်းတို့ထဲမှ သီးခြားခွဲထား၍ ဤပညတ်တရားကျမ်း၌ရေးသားထားသောပဋိညာဉ်ထဲမှကျိန်ခြင်းရှိသမျှတို့နှင့်အညီ သူ့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်။ 22သင်၏မျိုးဆက်များဖြစ်သော သင်၏နောင်လာနောက်သားများနှင့် ဝေးသောပြည်မှလာသည့်တစ်ပါးအမျိုးသားများသည် ဤပြည်အပေါ် ထာဝရဘုရားကျရောက်စေသော ဘေးဒုက္ခများ၊ အနာရောဂါများကို မြင်သောအခါ 23‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။ 24လူမျိုးအပေါင်းတို့ကလည်း ‘ထာဝရဘုရားသည် ဤပြည်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူရသနည်း။ အဘယ်ကြောင့် အမျက်တော်မီး ကြီးစွာတောက်လောင်တော်မူရသနည်း’ဟု မေးမြန်းကြလိမ့်မည်။ 25ထိုအခါ လူတို့က ‘သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာသောအခါ သူတို့နှင့်ဖွဲ့တော်မူခဲ့သည့် ပဋိညာဉ်ကို သူတို့စွန့်ပယ်သောကြောင့်လည်းကောင်း၊ 26သူတို့သည် သူတို့မသိ၊ သူတို့ကို မည်သည့်အရာကိုမျှမပေးနိုင်သော အခြားဘုရားများကို သွားရောက်ဝတ်ပြု၍ ပျပ်ဝပ်သောကြောင့်လည်းကောင်း 27ထာဝရဘုရားသည် ဤပြည်ကိုအမျက်ထွက်၍ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းအမင်္ဂလာရှိသမျှတို့ကို ဤပြည်အပေါ်သို့ကျရောက်စေခြင်း ဖြစ်၏။ 28ထာဝရဘုရားသည် သူတို့ကို အမျက်ဒေါသပြင်းထန်စွာဖြင့် သူတို့၏ပြည်ထဲမှ နုတ်၍ ယနေ့မြင်ရသည့်အတိုင်း သူတို့ကို အခြားသောပြည်သို့ လွှင့်ပစ်လိုက်၏’ဟု ဆိုကြလိမ့်မည်။ 29ဝှက်ထားသောအရာများသည် ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့်ဆိုင်၏။ ဖော်ပြထားသော ဤတရားစကားရှိသမျှကိုလိုက်နာခြင်းသည် ငါတို့မှစ၍ ငါတို့၏သားစဉ်မြေးဆက်များနှင့်ဆိုင်၏။
လက်ရှိရွေးချယ်ထားမှု
တရားဟောရာကျမ်း 29: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: