တရားဟောရာကျမ်း 31
31
မောရှေတာဝန်ကို ယောရှုဆက်ခံခြင်း
1တစ်ဖန် မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့အား 2“ယနေ့ ငါသည် အသက်တစ်ရာ့နှစ်ဆယ်ရှိပြီ။ မသွားမလာနိုင်တော့ပါ။ ထာဝရဘုရားကလည်း ‘သင်သည် ဤဂျော်ဒန်မြစ်ကိုမကူးရ’ဟု ငါ့အားမိန့်တော်မူပြီ။ 3သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှကူးသွားတော်မူမည်။ ထိုလူမျိုးတို့ကို သင့်ရှေ့မှ ဖျက်ဆီးတော်မူသဖြင့် သင်သည် သူတို့ကိုနှင်ထုတ်လိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယောရှုသည်လည်း သင်တို့ရှေ့မှကူးသွားမည်။ 4ထာဝရဘုရားသည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး၊ ဩဃမင်းကြီးနှင့် သူတို့၏ပြည်ကို ဖျက်ဆီးတော်မူသကဲ့သို့ ထိုလူမျိုးတို့ကို ပြုတော်မူမည်။ 5ထာဝရဘုရားသည် သူတို့ကို သင်တို့၌အပ်တော်မူမည်ဖြစ်၍ ငါမှာကြားသောပညတ်တော်ရှိသမျှအတိုင်း သူတို့ကိုပြုရမည်။ 6အားယူ၍ရဲရင့်ခြင်းရှိကြလော့။ မကြောက်ကြနှင့်။ သူတို့ကြောင့် မထိတ်လန့်ကြနှင့်။ အကြောင်းမူကား သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူကြွတော်မူမည်။ သင်တို့ကို ပစ်ထားတော်မူမည်မဟုတ်။ သင်တို့ကို စွန့်ပစ်တော်မူမည်မဟုတ်”#တရား 31:8၊ ဟေဗြဲ 13:5။ဟု ဆိုလေ၏။ 7ထို့နောက် မောရှေသည် ယောရှုကိုခေါ်၍ အစ္စရေးလူမျိုးအပေါင်းတို့၏ရှေ့၌ သူ့အား “အားယူ၍ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား ထိုပြည်ကို ဤလူမျိုးတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ သင်သည် သူတို့နှင့်အတူဝင်ရောက်၍ ထိုပြည်ကို သူတို့၏ အမွေဖြစ်စေရမည်။ 8ထာဝရဘုရား ကိုယ်တော်တိုင် သင့်ရှေ့မှ ကြွတော်မူမည်။ သင်နှင့်အတူရှိမည်။ သင့်ကို ပစ်ထားတော်မူမည်မဟုတ်။ သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ မကြောက်နှင့်။ စိတ်မပျက်နှင့်”#တရား 31:6၊ ဟေဗြဲ 13:5။ဟု ပြောကြား၏။ 9မောရှေသည် ဤပညတ်တရားတော်ကို ရေးသား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုသယ်ဆောင်သော လေဝိအမျိုးသားယဇ်ပုရောဟိတ်တို့နှင့် အစ္စရေးလူမျိုးသက်ကြီးဝါကြီးအပေါင်းတို့အား ပေးအပ်လေ၏။ 10ထို့နောက် မောရှေက သူတို့အား “အကြွေးလျှော်ပစ်ရန်သတ်မှတ်ထားသောနှစ်ဖြစ်သည့် ခုနစ်နှစ်ပြည့်သောနှစ်၊ ယာယီတဲစုပွဲတော်အချိန်ရောက်တိုင်း 11အစ္စရေးလူမျိုးအပေါင်းတို့သည် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြသောအခါ သင်သည် အစ္စရေးလူမျိုးအပေါင်းတို့ရှေ့၌ ဤပညတ်တရားကို သူတို့ကြားအောင် ဖတ်ကြားရမည်။ 12ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ သင်တို့၏မြို့၌ရှိသော တိုင်းတစ်ပါးသားတို့သည် ပညတ်တရားစကားရှိသမျှတို့ကို ကြားနာ၍သင်ယူမည့်အကြောင်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ကြောက်ရွံ့၍ ပညတ်တရားစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းမည့်အကြောင်း သူတို့ကို စုရုံးစေလော့။ 13ထိုသို့အားဖြင့် ဤပညတ်တရားကိုမသိသေးသော သင်တို့၏သားသမီးတို့ကိုလည်း ကြားနာစေရမည်။ သို့မှသာ ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့သိမ်းပိုက်မည့်ပြည်၌ သင်တို့နေထိုင်သမျှကာလပတ်လုံး သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့ရမည်ကို သင်ယူနိုင်ကြမည်”ဟု ဆိုလေ၏။ 14ထို့နောက် ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်သေရမည့်အချိန်နီးပြီ။ ယောရှုအား ငါတာဝန်ပေးအပ်မည်ဖြစ်၍ သူ့ကိုခေါ်ပြီး တွေ့ဆုံစည်းဝေးရာတဲတော်၌ ရပ်နေကြလော့”ဟု မိန့်တော်မူ၏။ ထို့ကြောင့် မောရှေနှင့်ယောရှုတို့သွား၍ တွေ့ဆုံစည်းဝေးရာတဲတော်၌ရပ်နေကြ၏။ 15ထိုအခါ ထာဝရဘုရားသည် တဲတော်တွင် မိုးတိမ်တိုင်အားဖြင့်ထင်ရှားတော်မူ၍ မိုးတိမ်တိုင်သည် တဲတော်အဝင်ဝအထက်၌ တည်နေလေ၏။ 16ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။ 17ထိုနေ့ရက်၌ ငါသည် သူတို့ကိုအမျက်ထွက်၍ စွန့်ပစ်မည်။ သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် ဝါးမျိုခြင်းခံရမည်။ ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခများစွာတို့နှင့် ကြုံတွေ့ရမည်။ သို့ဖြစ်၍ ထိုနေ့ရက်၌ သူတို့က ‘ငါတို့၏ဘုရားသခင်သည် ငါတို့နှင့်အတူမရှိသောကြောင့် ဤဘေးအန္တရာယ်များနှင့် ငါတို့ကြုံတွေ့ရသည်မဟုတ်လော’ဟု ဆိုကြလိမ့်မည်။ 18သူတို့သည် အခြားဘုရားများထံသို့လှည့်သွား၍ သူတို့ပြုသောမကောင်းမှုအားလုံးကြောင့် ထိုနေ့ရက်၌ စင်စစ်ငါမျက်နှာလွှဲမည်။ 19ယခု ဤသီချင်းကိုရေးထား၍ အစ္စရေးအမျိုးသားတို့ကိုသင်ကြားပေးလော့။ ဤသီချင်းသည် အစ္စရေးအမျိုးသားတို့ကို ဆန့်ကျင်သည့်သက်သေဖြစ်သောကြောင့် သူတို့ကို အလွတ်ရွတ်ဆိုစေလော့။ 20အကြောင်းမူကား နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့၏ဘိုးဘေးတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ သူတို့ကို ထိုပြည်သို့ ငါပို့ဆောင်သဖြင့် သူတို့သည် ဝလင်စွာစားရ၍ ကြွယ်ဝပြည့်စုံသောအခါ အခြားဘုရားများထံသို့လှည့်သွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုမထီလေးစားပြုကြလိမ့်မည်။ ငါနှင့်ဖွဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။ 21သူတို့သည် ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ရသောအခါ ဤသီချင်းသည် သူတို့ကို ဆန့်ကျင်သော သက်သေဖြစ်လိမ့်မည်။ သူတို့၏သားစဉ်မြေးဆက်တို့သည် ဤသီချင်းကိုမမေ့လျော့ဘဲ နှုတ်၌အစဉ်ရှိနေမည်။ သူတို့အား ပေးမည်ဟု ငါကျိန်ဆိုခဲ့သောပြည်သို့ သူတို့ကိုမပို့ဆောင်မီ ယနေ့ သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏”ဟု မိန့်တော်မူ၏။ 22မောရှေသည် ထိုနေ့၌ ဤသီချင်းကိုရေးထား၍ အစ္စရေးအမျိုးသားတို့အား သင်ကြားပေးလေ၏။ 23ထို့နောက် ထာဝရဘုရားက နုန်၏သား ယောရှုအား “အားယူ၍ရဲရင့်ခြင်းရှိလော့။ ထိုပြည်ကို အစ္စရေးအမျိုးသားတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ ထိုပြည်သို့ သင်သည် သူတို့ကိုပို့ဆောင်ရမည်။ ငါသည်လည်း သင်နှင့်အတူရှိမည်”ဟု မိန့်မှာတော်မူ၏။
လူအပေါင်းတို့အား မောရှေသတိပေးခြင်း
24မောရှေသည် ဤတရားစကားများကို စာအုပ်ထဲ၌ အကုန်အစင် ရေးသားပြီးစီးပြီးမှ 25မောရှေက ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုသယ်ဆောင်သောလေဝိအမျိုးတို့အား 26“ဤပညတ်တရားကျမ်းကိုယူ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ဘေး၌ ထားရမည်။ သင်တို့ကိုဆန့်ကျင်သောသက်သေအဖြစ် ရှိနေစေရမည်။ 27သင်တို့၏ပုန်ကန်တတ်သောသဘော၊ ခေါင်းမာ#31:27 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။တတ်သောသဘောကို ငါသိ၏။ ယနေ့ ငါသည် သင်တို့နှင့်အတူအသက်ရှင်နေစဉ်တွင်ပင် သင်တို့သည် ထာဝရဘုရားကိုပုန်ကန်ကြပြီ။ ငါသေပြီးလျှင် ထိုထက်မက ပုန်ကန်ကြလိမ့်မည်။ 28ဤစကားများကို သူတို့ကြားအောင် ငါပြောကြားနိုင်မည့်အကြောင်း၊ ကောင်းကင်နှင့်မြေကြီးကိုတိုင်တည်ပြီး သူတို့ကိုဆန့်ကျင်သည့်သက်သေကိုထူနိုင်မည့်အကြောင်း သင်တို့မျိုးနွယ်များ၏သက်ကြီးဝါကြီးများ၊ သင်တို့၏ကြီးကြပ်အုပ်ချုပ်သူများ အားလုံးကို ငါ့ထံ၌ စုရုံးစေလော့။ 29အကြောင်းမူကား ငါသေပြီးလျှင် သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာကြားထားသောလမ်းမှလွှဲသွားကြမည်ကိုလည်းကောင်း၊ နောင်ကာလ၌ သင်တို့သည် သင်တို့လက်ဖြင့်လုပ်သောအရာအားဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကိုပြုကြသဖြင့် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်မည်ကိုလည်းကောင်း ငါသိ၏”ဟု ပြောကြားလေ၏။ 30ထို့နောက် မောရှေသည် အစ္စရေးလူအစုအဝေးအပေါင်းတို့ကြားသိအောင် သီချင်းစာသားကို အစအဆုံးမြွက်ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
တရားဟောရာကျမ်း 31: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: