ဒေသနာကျမ်း 9
9
သေရမည့်ဘဝကိုပင် မက်မောနေခြင်း
1ငါသည် ဤအရာအလုံးစုံတို့ကို နှလုံးသွင်းဆင်ခြင်၍ ဤအရာအားလုံးကိုဆန်းစစ်၏။ ၎င်းမှာ ဖြောင့်မတ်သောသူများဖြစ်စေ၊ ပညာရှိသောသူများဖြစ်စေ၊ သူတို့၏လုပ်ဆောင်မှုများဖြစ်စေ ဘုရားသခင်၏လက်တော်၌ရှိသည်ဟူ၍ဖြစ်၏။ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ လူသည် ရှေ့ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မသိပေ။ 2ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူဖြစ်စေ၊ ကောင်းသောသူနှင့် မကောင်းသောသူ#9:2 အချို့မူရင်းကျမ်း၌ “မကောင်းသောသူ”မပါ။ဖြစ်စေ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူဖြစ်စေ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူဖြစ်စေ၊ သူတော်ကောင်းနှင့် အပြစ်ပြုသောသူဖြစ်စေ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူဖြစ်စေ အားလုံးသည် အားလုံးနည်းတူ တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရ၏။ 3အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။ 4အမှန်စင်စစ် အသက်ရှင်သောသူအားလုံးတို့တွင်ပါဝင်လျက်ရှိသောသူ၌ မျှော်လင့်ခြင်းရှိ၏။ အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် ပို၍ကောင်း၏။ 5အကြောင်းမူကား အသက်ရှင်သောသူတို့သည် မိမိတို့သေရမည်ကို သိကြ၏။ သေသောသူတို့မူကား မည်သည့်အရာကိုမျှမသိကြ။ သူတို့နှင့်ဆိုင်သောအောက်မေ့စရာများပင်လျှင် မေ့လျော့ခြင်းခံရသည်ဖြစ်၍ သူတို့အတွက် ဆုလာဘ်လည်း နောက်ထပ်မရှိတော့ပေ။ 6သူတို့၏ချစ်ခြင်းမေတ္တာ၊ သူတို့၏မုန်းတီးခြင်း၊ သူတို့၏မနာလိုဝန်တိုခြင်းတို့သည်လည်း ပျက်စီးပြီဖြစ်၏။ နေအောက်တွင်ပြုသမျှသောအမှု၌ သူတို့အတွက် နောက်တစ်ဖန်မည်သည့်ဝေစုမျှ ရှိတော့မည်မဟုတ်။ 7သွားလော့။ သင်၏အစားအစာကို ဝမ်းမြောက်စွာစားလော့။ သင်၏စပျစ်ဝိုင်ကိုလည်း ကြည်ရွှင်သောစိတ်နှလုံးဖြင့် သောက်လော့။ အကြောင်းမူကား ဘုရားသခင်သည် သင်ပြုလုပ်သောအမှုများကို နှစ်သက်တော်မူပြီ။ 8သင်၏အဝတ်များသည် အစဉ်အမြဲဖြူနေပါစေ။ သင်၏ခေါင်းပေါ်မှနံ့သာဆီကိုလည်း မခန်းခြောက်စေနှင့်။ 9နေအောက်တွင်ရှိသည့် သင်၏အချည်းနှီးသောနေ့ရက်အားလုံးဖြစ်သည့် နေအောက်တွင် သင့်အားပေးသနားတော်မူသော သင်၏အချည်းနှီးသောအသက်တာ၏နေ့ရက်အားလုံးတို့၌ သင်ချစ်သောမယားနှင့်အတူ ရွှင်လန်းစွာအသက်ရှင်လော့။ အကြောင်းမူကား ဤအရာသည် သင်၏အသက်တာ၌လည်းကောင်း၊ နေအောက်တွင် သင်ကြိုးပမ်းအားထုတ်သော သင်၏ကြိုးပမ်းအားထုတ်မှု၌လည်းကောင်း သင်ရရှိသောဝေစုဖြစ်၏။ 10သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
ဉာဏ်ပညာ၏အစွမ်းတန်ခိုး
11တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။ 12အမှန်စင်စစ် လူသည် မိမိ၏အချိန်ကာလကို မသိတတ်။ ဘေးအန္တရာယ်ရှိသောပိုက်ကွန်၌ ဖမ်းမိခြင်းခံရသောငါးများနှင့် ကျော့ကွင်း၌မိသောငှက်များကဲ့သို့ လူသားတို့သည် သူတို့အပေါ်သို့ ဆိုးရွားသောအချိန်ကာလ ရုတ်တရက်ကျရောက်သောအခါ ထိုအရာအားဖြင့် ကျော့မိတတ်၏။ 13တစ်ဖန် ဉာဏ်ပညာနှင့်ဆိုင်သော ဤဥပမာတစ်ခုကို နေအောက်တွင် ငါတွေ့မြင်၏။ ၎င်းသည် ငါ့အတွက်ကြီးမားသောအရာဖြစ်၏။ 14လူအနည်းငယ်သာရှိသောမြို့ငယ်တစ်မြို့ရှိ၏။ ကြီးမြတ်သောရှင်ဘုရင်တစ်ပါးသည် ထိုမြို့ကိုတိုက်ရန် ချီတက်လာ၍ ထိုမြို့ကိုဝိုင်းရံထားကာ မြို့ပတ်လည်၌ ကြီးမားသောကတုတ်ကို တည်ဆောက်လေ၏။ 15သို့သော် ထိုမြို့၌ ပညာရှိသည့်ဆင်းရဲသောသူတစ်ယောက်ရှိ၍ သူသည် မိမိ၏ဉာဏ်ပညာအားဖြင့် ထိုမြို့ကိုကယ်တင်၏။ သို့ရာတွင် ထိုဆင်းရဲသောသူကို မည်သူမျှအောက်မေ့ခြင်းမရှိကြ။ 16သို့ဖြစ်၍ ငါဆိုသည်ကား ဉာဏ်ပညာသည် အစွမ်းတန်ခိုးထက်ပို၍ကောင်း၏။ သို့သော် ဆင်းရဲသား၏ဉာဏ်ပညာသည် အထင်အမြင်သေးခြင်းခံရ၍ သူ၏စကားတို့ကို မည်သူမျှနားမထောင်ကြ။ 17မိုက်မဲသောသူတို့ထဲမှအုပ်စိုးသောသူ၏အော်ဟစ်သံထက် ပညာရှိတို့၏တည်ငြိမ်သောစကားများကို ပို၍နားထောင်တတ်ကြ၏။ 18ဉာဏ်ပညာသည် စစ်လက်နက်များထက် ပို၍ကောင်း၏။ သို့သော် အပြစ်ပြုသောသူတစ်ဦးသည် ကောင်းသောအမှုများစွာတို့ကို ဖျက်ဆီးတတ်၏။
လက်ရှိရွေးချယ်ထားမှု
ဒေသနာကျမ်း 9: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: